Header Ads
စတာလင္လား?ဗန္ဒိုက္စ္လား? ဒီနွစ္ရဲ ့အေကာင္းဆံုးကစားသမားဆုကိုဘယ္သူရသြားမလဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
စတာလင်လား?ဗန်ဒိုက်စ်လား? ဒီနှစ်ရဲ့အကောင်းဆုံးကစားသမားဆုကိုဘယ်သူရသွားမလဲ?
ရာဟမ်စတာလင်ဟာ ဒီရာသီမန်စီးတီးအသင်းအတွက်အကောင်းဆုံးကစားနိုင်ခဲ့သော်လည်း ဒန်နီမာဖေးရဲ့ ဒီရာသီအကောင်းဆုံးဆုအတွက်တော့ လီဗာပူးလ်နောက်ခံလူဗန်ဒိုက်စ်ဟာပါဝင်နေတုန်းဖြစ်ပါတယ်။စီးတီးတောင်ပံကစားသမားဟာ ဝက်ဖို့ဒ်အသင်းနဲ့ပွဲမှာ ဟတ်ထရစ်သွင်းယူနိုင်ခဲ့ပြီး ပတ်ဂွာဒီယိုလာရဲ့အသင်းကို ပရီးမီးယားလိပ်မှာ ထိပ်ဆုံးကနေရပ်တည်နိုင်ဖို့အသင်းဟောင်းလီဗာပူးလ်ကို ရမှတ်၁မှတ်ဖြတ်ထားစေခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်က အင်္ဂလန်ရဲ့နည်းပြဂရိတ်ဆောက်ဂိတ်ဟာ စတာလင်ရဲ့ဒီရာသီအကာင်းဆုံးစွမ်းဆောင်ရည်တွေကိုချီးကျူးပြောကြားခဲ့ဖူးပြီး အသက်၂၄နှစ်အရွယ်ကစားသမားဟာ ပိုမိုကြံ့ခိုင်သန်မာတွေရှိလာနေခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် လီဗာပူးလ်တို့ရဲ့ကွင်းလယ်လူဟောင်း မာဖေးက ဗန်ဒိုက်စ်ဟာ ဒီရာသီအကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသထားတဲ့သူလို့ယုံကြည်နေကြောင်းဆိုခဲ့ပါတယ်။
” ကျွန်တော့်အတွက်တော့ ဗန်ဒိုက်စ်ပါပဲ။ဒါပင်မယ့် ပြီးခဲ့တဲ့စနေနေ့ကစတာလင်လုပ်ပြခဲ့တာတွေကလည်းသူထက်မြက်ကြောင်းပြသနေပါတယ်။သူဟာကြံ့ခိုင်ပါတယ်။ပြီးတော့ဆာလာပြီး အမြင့်ကိုပျံသန်းနေဆဲသူတစ်ယောက်ပါ။အကယ်၍ သူဒီပုံစံအတိုင်းရာသီကုန်အထိဆက်သွားမယ်ဆိုရင်သူဘယ်လောက်အထိဂိုးသွင်းနိုင်မှာလဲ?” 
ဆက်လက်ပြီး ” စတာလင်ဟာ ပွဲကြီးတွေအားလုံးမှာကစားနိုင်ပါတယ်။သူဟာ ပွဲကြီးတွေမှာ အရမ်းကိုကြီးမားတဲ့အခိုက်အတန့်တွေလုပ်ပြနိုင်တဲ့သူပါ။စီးတီးသာလိပ်ဖလားရသွားရင် စတာလင်ရဲ့ပါဝင်ပူးပေါင်းမှုနှုန်းက ပိုမိုကြီးသွားတာလား? ဘာလို့လဲဆိုတော့ သူတို့ကလက်ရှိချန်ပီယံမိုလား? ကျွန်တော်မသေချာပါဘူး။”
” စီးတီးဒါမှမဟုတ်လီဗာပူးလ်တို့သာ ရမှတ်၁မှတ်ကြောင့်လွဲချော်သွားမယ်ဆိုရင် စတာလင် ဒါမှမဟုတ် ဗန်ဒိုက်စ် ရဲ့ အကောင်းဆုံးရာသီကို မှေးမိန်သွားစေတော့မှာပဲဖြစ်ပါတယ်။” 
လီဗာပူးလ်အသင်းဟာဒီရာသီမှာ clean sheet ၁၇ ပွဲရယူထားပြီး အခြားသောကလပ်တွေထက်သာလွန်နေတာကိုတွေ့ရပါတယ်။ဗန်ဒိုက်စ်ဟာ အန်ဖီးလ်ကလပ်ဆီ ၂၀၁၈ ဇန်နဝါရီမှာ ရောက်လာပြီနောက်ပိုင်း အကောင်းဆုံးခံစစ်စွမ်းဆောင်ရည်ကိုပြသထားနိုင်ခဲ့ပါတယ်။နယ်သာလန်နောက်ခံလူဟာ ဒီရာသီမှာကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ယောက်အဖြစ်မှတ်ကျောက်တင်ခံနိုင်တဲ့စွမ်းဆောင်ရည်ကောင်းတွေကိုပြသထားနိုင်ခဲ့ပါတယ်။
မာဖေးကဆက်လက်ပြီး ” ကျွန်တော့်အတွေးထဲမှာ ဗန်ဒိုက်စ်ဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ယောက်ဖြစ်ပြီး အံဖွယ်သရဲရာသီကိုဖြတ်သန်းနိုင်ခဲ့ပါတယ်။ဖန်တီးဖို့ထက်ဖျက်ဆီးဖြိုလှဲဖို့ပိုလွယ်ကူနေသလိုပါပဲ။” 
No comments
Powered by Blogger.