Header Ads


ပရီးမီးယားလိပ္ကိုVAR ေရာက္လာပါကဒုကၡေရာက္ေတာ့မယ့္ယူနိုက္တက္ေနာက္ခံလူခရစ္စေမာလင္း


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စေမာလင္းဟာ ပယ္နယ္တီဧရိယာအတြင္းၿပိဳင္ဘက္ကစားသမားေတြကိုထိန္းခ်ဳပ္တဲ့ေနရာမွာ အဆိုးရြားဆံုးဥပေဒခ်ိဳးေဖာက္တဲ့ကစားသမားလို ့ကတ္စ္ကာရီနိုက ဆိုလိုပါတယ္။တိုနီကတ္စ္ကာရီနိုရဲ ့အဆိုအရ ေနာက္လာမယ့္ရာသီမွာ video အေထာက္အကူျပဳဒိုင္လို ့ေခၚတဲ့ VAR စနစ္ဟာ ပရီးမီးယားလိပ္မွာေရာက္လာပါက ခရစ္စေမာလင္းအေနနဲ့ဒုကၡေရာက္သြားနိုင္တယ္လို ့ဆိုထားတာပဲျဖစ္ပါတယ္။

VAR စနစ္ကို ျပည္တြင္းဖလားပြဲစဥ္ေတြနဲ ့ခ်န္ပီယံလိပ္ေတြမွာသာအသံုးျပဳေနၿပီး ပရီးမီးယားလိပ္မွာေတာ့ လာမယ့္ရာသီ ၂၀၁၉ /၂၀ ရာသီမွာသာစတင္မိတ္ဆက္အသံုးျပဳမွာပဲျဖစ္ပါတယ္။
မန္ခ်က္စတာယူနိုက္တက္ေနာက္ခံလူခရစ္စ္စေမာလင္းဟာၿပိဳင္ဘက္ကစားသမားေတြရဲ ့အက်ီၤ ကိုဆြဲထားတတ္တာေၾကာင့္ သူဟာအဆံုးရြားဆံုးဥပေဒခ်ိဳးေဖာက္သူတစ္ေယာက္လို The Times သတင္းစာေရးစာေရးဆရာ တစ္ေယာက္ျဖစ္သူ ခ်ဲလ္ဆီးတိုက္စစ္မွဴးေဟာင္း ကတ္စကာရီနိုက ေျပာၾကားခဲ့ပါတယ္။



ေနာက္ခံလူအနည္းငယ္ကေတာ့ ပရီးမီးယားလိပ္မွာ VAR ေရာက္လာရင္ဒုကၡေရာက္သြားနိုင္ပါတယ္။သူတို ့ထဲကတစ္ေယာက္ကေတာ့ မန္ခ်က္စတာယူနိုက္တက္ေနာက္ခံလူ ခရစ္စ္စေမာလင္းပါပဲ။” 

သူဟာအဆိုးရြားဆံုးဥပေဒခ်ိဳးေဖာက္သူေတြထဲကတစ္ေယာက္ပါပဲ။ပယ္နယ္တီဧရိယာအတြင္း ကစားသမားေတြကိုထိန္းခ်ဳပ္တဲ့ေနရာမွာ အက်ီ ၤကိုတအားဆြဲတတ္တဲ့သူပါ။ဒိုင္လူၾကီးသာ VAR အသံုးျပဳမယ္ဆိုရင္ေတာ့ သူေတာ့ သြားၿပီပဲ။ကၽြန္ေတာ္ေျပာခ်င္တာက သူတစ္ေယာက္ထဲမဟုတ္ပါဘူး။အာဆင္နယ္ေနာက္ခံလူ ဆိုကရက္တီးလည္းပါပါတယ္။ဒါပင္မယ့္ ၿပီးခဲ့တဲ့ပြဲေတြကို ကၽြန္ေတာ္ၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ စေမာလင္းတစ္ေယာက္ဟာ ဖရီးကစ္ဒါမွမဟုတ္ေထာင့္ကန္ေဘာ နားမွာဆို သူအဲလို မ်ိဳးအခ်ိန္တိုင္းလုပ္ေလ့ရိွပါတယ္။ဒါဟာမၾကာခဏပါပဲ.ဘာလို ့လဲဆိုေတာ့ သူဟာ တိုက္စစ္မွဴးရဲ့ ေနရာမွားကိုသြားသြားဖမ္းေနလို ့ပါ။စေမာလင္းကေနာက္ပိုင္းကစားပံုေကာင္းလာပါတယ္။ဒါပင္မယ့္ေနာက္ရာသီေရာက္ရင္ေတာ့ ဘယ္ယူနိုက္တက္မန္ေနဂ်ာပဲျဖစ္ေနပါေစ သူ ့ရဲ Marking ကို ျပင္ေပးဖို ့လုိပါလိမ့္မယ္။” 

စေမာလင္းဟာ ေျခေထာက္ဒဏ္ရာကေနသက္သာလာၿပီးေနာက္ယူနိုက္တက္ရဲ ့ေနာက္ဆံုး၄ပြဲမွာ ပါ၀င္ကစားခဲ့ပါတယ္။ယူနိုက္တက္ဟာ ခ်န္ပီယံလိပ္၁၆သင္းရံႈးထြက္အဆင့္မွာ PSG ကိုရံႈးနိမ့္ခဲ့ၿပီးေနာက္ေနာက္တန္းမွာ စေမာလင္းကိုျပန္လည္အသံုးျပဳခဲ့ၿပီး ေျခစြမ္းျပလာတာပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း ယူနိုက္တက္တို ့ဟာ PSG နဲ ့ဒုတိယအေက်ာ ့မွာ အဓိကကစားသမား ၁၀ဦးဟာလြဲေခ်ာ္သြားမွာျဖစ္ၿပီး အမ္ဘာေပးကို ဘယ္လိုထိန္းမလဲစိတ္၀င္စားစရာေကာင္းေနပါၿပီ။

(Unicode)

ပရီးမီးယားလိပ်ကိုVAR ရောက်လာပါကဒုက္ခရောက်တော့မယ့်ယူနိုက်တက်နောက်ခံလူခရစ်စမောလင်း

စမောလင်းဟာ ပယ်နယ်တီဧရိယာအတွင်းပြိုင်ဘက်ကစားသမားတွေကိုထိန်းချုပ်တဲ့နေရာမှာ အဆိုးရွားဆုံးဥပဒေချိုးဖောက်တဲ့ကစားသမားလို့ကတ်စ်ကာရီနိုက ဆိုလိုပါတယ်။တိုနီကတ်စ်ကာရီနိုရဲ့အဆိုအရ နောက်လာမယ့်ရာသီမှာ video အထောက်အကူပြုဒိုင်လို့ခေါ်တဲ့ VAR စနစ်ဟာ ပရီးမီးယားလိပ်မှာရောက်လာပါက ခရစ်စမောလင်းအနေနဲ့ဒုက္ခရောက်သွားနိုင်တယ်လို့ဆိုထားတာပဲဖြစ်ပါတယ်။

VAR စနစ်ကို ပြည်တွင်းဖလားပွဲစဉ်တွေနဲ့ချန်ပီယံလိပ်တွေမှာသာအသုံးပြုနေပြီး ပရီးမီးယားလိပ်မှာတော့ လာမယ့်ရာသီ ၂၀၁၉ /၂၀ ရာသီမှာသာစတင်မိတ်ဆက်အသုံးပြုမှာပဲဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နောက်ခံလူခရစ်စ်စမောလင်းဟာပြိုင်ဘက်ကစားသမားတွေရဲ့အကျီၤ ကိုဆွဲထားတတ်တာကြောင့် သူဟာအဆုံးရွားဆုံးဥပဒေချိုးဖောက်သူတစ်ယောက်လို့The Times သတင်းစာရေးစာရေးဆရာ တစ်ယောက်ဖြစ်သူ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ကတ်စကာရီနိုက ပြောကြားခဲ့ပါတယ်။

” နောက်ခံလူအနည်းငယ်ကတော့ ပရီးမီးယားလိပ်မှာ VAR ရောက်လာရင်ဒုက္ခရောက်သွားနိုင်ပါတယ်။သူတို့ထဲကတစ်ယောက်ကတော့ မန်ချက်စတာယူနိုက်တက်နောက်ခံလူ ခရစ်စ်စမောလင်းပါပဲ။” 

” သူဟာအဆိုးရွားဆုံးဥပဒေချိုးဖောက်သူတွေထဲကတစ်ယောက်ပါပဲ။ပယ်နယ်တီဧရိယာအတွင်း ကစားသမားတွေကိုထိန်းချုပ်တဲ့နေရာမှာ အကျီ ၤကိုတအားဆွဲတတ်တဲ့သူပါ။ဒိုင်လူကြီးသာ VAR အသုံးပြုမယ်ဆိုရင်တော့ သူတော့ သွားပြီပဲ။ကျွန်တော်ပြောချင်တာက သူတစ်ယောက်ထဲမဟုတ်ပါဘူး။အာဆင်နယ်နောက်ခံလူ ဆိုကရက်တီးလည်းပါပါတယ်။ဒါပင်မယ့် ပြီးခဲ့တဲ့ပွဲတွေကို ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာတော့ စမောလင်းတစ်ယောက်ဟာ ဖရီးကစ်ဒါမှမဟုတ်ထောင့်ကန်ဘော နားမှာဆို သူအဲလို မျိုးအချိန်တိုင်းလုပ်လေ့ရှိပါတယ်။ဒါဟာမကြာခဏပါပဲ.ဘာလို့လဲဆိုတော့ သူဟာ တိုက်စစ်မှူးရဲ့ နေရာမှားကိုသွားသွားဖမ်းနေလို့ပါ။စမောလင်းကနောက်ပိုင်းကစားပုံကောင်းလာပါတယ်။ဒါပင်မယ့်နောက်ရာသီရောက်ရင်တော့ ဘယ်ယူနိုက်တက်မန်နေဂျာပဲဖြစ်နေပါစေ သူ့ရဲ့Marking ကို ပြင်ပေးဖို့လိုပါလိမ့်မယ်။” 

စမောလင်းဟာ ခြေထောက်ဒဏ်ရာကနေသက်သာလာပြီးနောက်ယူနိုက်တက်ရဲ့နောက်ဆုံး၄ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။ယူနိုက်တက်ဟာ ချန်ပီယံလိပ်၁၆သင်းရှုံးထွက်အဆင့်မှာ PSG ကိုရှုံးနိမ့်ခဲ့ပြီးနောက်နောက်တန်းမှာ စမောလင်းကိုပြန်လည်အသုံးပြုခဲ့ပြီး ခြေစွမ်းပြလာတာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း ယူနိုက်တက်တို့ဟာ PSG နဲ့ဒုတိယအကျော့မှာ အဓိကကစားသမား ၁၀ဦးဟာလွဲချော်သွားမှာဖြစ်ပြီး အမ်ဘာပေးကို ဘယ်လိုထိန်းမလဲစိတ်ဝင်စားစရာကောင်းနေပါပြီ။

No comments

Powered by Blogger.