တစ္ဖက္၅ေယာက္ကန္ရတဲ့ပြဲမွာပါ၀င္ကစားခဲ့တဲ့ေမာ္ရင္ဟိုရဲ ့ေဘာလံုးစေကးလ္Highlight
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂ်ိဳ ့စ္ေမာ္ရင္ဟိုုဟာ ၿပီးခဲ့တဲ့နွစ္ေတာ္ေတာ္မ်ားမ်ားမွာ ေျမာက္ျမားလွတဲ့ရန္ပံုေငြေဘာလံုးပြဲေတြမွာပါ၀င္ကစားခဲ့ဖူးပါတယ္။သူဟာ ၂၀၁၇ ခုနွစ္တုန္းက Game4GGrenfell အတြက္ကစားေပးရင္း Soccer Aid အသင္းက အိုလီမားကိုျပစ္ဒဏ္ေဘာက်ဴးလြန္ခဲ့တာနဲ့ပတ္သတ္ၿပီးလူေျပာမ်ားသတိထားမိခဲ့ၾကပါတယ္။
ေဘာလံုးပြဲေတြရဲ ့ကြင္းေဘးမွာအခ်ိန္ကာလၾကာရွည္စြာေအာ္ဟစ္ညႊန္ၾကားေနတဲ့သူတစ္ေယာက္ကို အခုလိုကြင္းထဲကစားေနတာျမင္ရတာဟာအထူးအဆန္းတစ္မ်ိဳးေတာ့ျဖစ္ေစပါတယ္။ၿပီးခဲ့တဲ့နွစ္ကုန္ခါနီးမွမန္ခ်က္စတာယူနိုက္တက္အသင္းကေနအထုတ္ခံခဲ့ရတဲ့ေမာ္ရင္ဟိုဟာအခုလက္ရိွမွာေတာ့ ေဘာလံုးပြဲေ၀ဖန္ေရးအလုပ္ေတြျဖင့္မအားမလပ္ျဖစ္ေနတာျဖစ္ၿပီး သူ ့ေနရာမွာ အစားထိုး၀င္ေရာက္လာခဲ့တဲ့ အိုေလးဂန္နာဆိုးလ္ရွားအေပၚလည္း သူ ့ရဲ ့အျမင္ကိုေ၀မ ွ်ခဲ့ၿပီးပါၿပီ။
ဒါပင္မယ့္ သိပ္ကိုၾကည့္ေကာင္းတဲ့ပြဲေတြကိုသံုးသပ္ေနရတဲ့ဘ၀အားခဏေမ့ထားရင္း ေမာ္ရင္ဟိုဟာ တစ္ဖက္၅ေယာက္ကစားရဲ ့ပြဲမွာပါ၀င္ကစားခဲ့ၿပီးသူ ့ရဲ့အရည္အေသြးကို ျပသခဲ့ပါတယ္။
အသက္၅၆နွစ္အရြယ္နည္းျပၾကီးဟာ သူ ့ရဲ ့ကမာၻေက်ာ္ဘတ္စ္ကားကြက္ နည္းစနစ္ကိုစတင္တီထြင္ဖန္တီးခဲ့တာျဖစ္ၿပီး ဒီအပတ္ 4G ကြင္းမွာ ေပးပို ့မႈစတိုင္အေနအထားတစ္ခုကိုလည္းထပ္မံျပသခဲ့ပါတယ္။သူ ့ရဲ ့ဗီဒီယို Highlight ကိုၾကည့္ၿပီးမွ ပရိတ္သတ္ေတြကိုဆံုးျဖတ္ေစခ်င္ပါတယ္။ေမာ္ရင္ဟိုမွာ ထင္ရွားတဲ့နည္းစနစ္ၾကြယ္၀မႈရိွတာကိုေကာင္းေကာင္းျမင္ေတြ ့ခဲ့ရၿပီး လာမယ့္အနာဂတ္ကာလတစ္ခုမွာ Master ေဘာလံုးတစ္ခုခုကို ၀င္ကစားမလား ကၽြန္ေတာ္တို ့ေသခ်ာမေျပာရဲပါဘူး။
ေစာေစာကေဖာ္ျပခဲ့ၿပီးျဖစ္သလို ေမာ္ရင္ဟိုဟာ လြန္ခဲ့တဲ့ ၂နွစ္တုန္းက Game4Grenfell ရန္ပံုေငြပြဲမွာ၀င္ေရာက္ကစားခဲ့ပါတယ္။အဆိုပါရန္ပံုေငြပြဲဟာ ေမ ွ်ာ္စင္အေဆာက္အဦးၿပိဳက်မႈေၾကာင့္အသက္ရွင္က်န္ရစ္သူေတြအတြက္ ရန္ပံုေငြအင္အားေတာင့္တင္းဖို ့စိုက္ထုတ္ေပးရန္ဖြဲ ့စည္းခဲ့တာျဖစ္ၿပီး ေဒသအတြင္း ပရဟိတအကူအညီေပးအပ္ခဲ့တာပဲျဖစ္ပါတယ္။ဟာသတစ္ခုအျဖစ္ပြဲမတိုင္ခင္မွာေတာ့ ေမာ္ရင္ဟိုအသင္းရဲ ့မန္ေနဂ်ာျဖစ္သူ အလန္ရီွးယားက ေမာ္ရင္ဟိုဟာ ေနမာထက္ တန္ဖိုး ေပါင္၁ေပါင္ ပိုသာတယ္လို ့အရႊန္းေဖာက္စေနာက္ခဲ့ဖူးၿပီး သူဟာ ၆၃မိနစ္မွာ ေဒးဗစ္ဂ်ိမ္းစ္ေနရာ၀င္ကစားခဲ့ပါတယ္။
အလန္ရီွးယားရဲ ့အသင္းမွာပါ၀င္ကစားခဲ့တဲ့ေမာ္ရင္ဟို ဟာ ဂိုးသမားအျဖစ္အေကာင္းဆံုးကစားျပနိုင္ခဲ့ၿပီး ေဒးဗစ္ဒီဂီယာေတာင္ဂုဏ္ယူသင့္တဲ့ ျဖန္ ့ၾကန္ ့ေပးပို ့နိုင္မႈစေကးလ္ကို ထုတ္သံုးျပခဲ့တာေတြ ့ခဲ့ရပါတယ္။
(Unicode)
တစ်ဖက်၅ယောက်ကန်ရတဲ့ပွဲမှာပါဝင်ကစားခဲ့တဲ့မော်ရင်ဟိုရဲ့ဘောလုံးစကေးလ်Highlight
ဂျို့စ်မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နှစ်တော်တော်များများမှာ မြောက်မြားလှတဲ့ရန်ပုံငွေဘောလုံးပွဲတွေမှာပါဝင်ကစားခဲ့ဖူးပါတယ်။သူဟာ ၂၀၁၇ ခုနှစ်တုန်းက Game4GGrenfell အတွက်ကစားပေးရင်း Soccer Aid အသင်းက အိုလီမားကိုပြစ်ဒဏ်ဘောကျူးလွန်ခဲ့တာနဲ့ပတ်သတ်ပြီးလူပြောများသတိထားမိခဲ့ကြပါတယ်။
ဘောလုံးပွဲတွေရဲ့ကွင်းဘေးမှာအချိန်ကာလကြာရှည်စွာအော်ဟစ်ညွှန်ကြားနေတဲ့သူတစ်ယောက်ကို အခုလိုကွင်းထဲကစားနေတာမြင်ရတာဟာအထူးအဆန်းတစ်မျိုးတော့ဖြစ်စေပါတယ်။ပြီးခဲ့တဲ့နှစ်ကုန်ခါနီးမှမန်ချက်စတာယူနိုက်တက်အသင်းကနေအထုတ်ခံခဲ့ရတဲ့မော်ရင်ဟိုဟာအခုလက်ရှိမှာတော့ ဘောလုံးပွဲဝေဖန်ရေးအလုပ်တွေဖြင့်မအားမလပ်ဖြစ်နေတာဖြစ်ပြီး သူ့နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ အိုလေးဂန်နာဆိုးလ်ရှားအပေါ်လည်း သူ့ရဲ့အမြင်ကိုဝေမ ျှခဲ့ပြီးပါပြီ။
ဒါပင်မယ့် သိပ်ကိုကြည့်ကောင်းတဲ့ပွဲတွေကိုသုံးသပ်နေရတဲ့ဘဝအားခဏမေ့ထားရင်း မော်ရင်ဟိုဟာ တစ်ဖက်၅ယောက်ကစားရဲ့ပွဲမှာပါဝင်ကစားခဲ့ပြီးသူ့ရဲ့အရည်အသွေးကို ပြသခဲ့ပါတယ်။
အသက်၅၆နှစ်အရွယ်နည်းပြကြီးဟာ သူ့ရဲ့ကမ္ဘာကျော်ဘတ်စ်ကားကွက် နည်းစနစ်ကိုစတင်တီထွင်ဖန်တီးခဲ့တာဖြစ်ပြီး ဒီအပတ် 4G ကွင်းမှာ ပေးပို့မှုစတိုင်အနေအထားတစ်ခုကိုလည်းထပ်မံပြသခဲ့ပါတယ်။သူ့ရဲ့ဗီဒီယို Highlight ကိုကြည့်ပြီးမှ ပရိတ်သတ်တွေကိုဆုံးဖြတ်စေချင်ပါတယ်။မော်ရင်ဟိုမှာ ထင်ရှားတဲ့နည်းစနစ်ကြွယ်ဝမှုရှိတာကိုကောင်းကောင်းမြင်တွေ့ခဲ့ရပြီး လာမယ့်အနာဂတ်ကာလတစ်ခုမှာ Master ဘောလုံးတစ်ခုခုကို ဝင်ကစားမလား ကျွန်တော်တို့သေချာမပြောရဲပါဘူး။
စောစောကဖော်ပြခဲ့ပြီးဖြစ်သလို မော်ရင်ဟိုဟာ လွန်ခဲ့တဲ့ ၂နှစ်တုန်းက Game4Grenfell ရန်ပုံငွေပွဲမှာဝင်ရောက်ကစားခဲ့ပါတယ်။အဆိုပါရန်ပုံငွေပွဲဟာ မေ ျှာ်စင်အဆောက်အဦးပြိုကျမှုကြောင့်အသက်ရှင်ကျန်ရစ်သူတွေအတွက် ရန်ပုံငွေအင်အားတောင့်တင်းဖို့စိုက်ထုတ်ပေးရန်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒေသအတွင်း ပရဟိတအကူအညီပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ဟာသတစ်ခုအဖြစ်ပွဲမတိုင်ခင်မှာတော့ မော်ရင်ဟိုအသင်းရဲ့မန်နေဂျာဖြစ်သူ အလန်ရှီးယားက မော်ရင်ဟိုဟာ နေမာထက် တန်ဖိုး ပေါင်၁ပေါင် ပိုသာတယ်လို့အရွှန်းဖောက်စနောက်ခဲ့ဖူးပြီး သူဟာ ၆၃မိနစ်မှာ ဒေးဗစ်ဂျိမ်းစ်နေရာဝင်ကစားခဲ့ပါတယ်။
အလန်ရှီးယားရဲ့အသင်းမှာပါဝင်ကစားခဲ့တဲ့မော်ရင်ဟို ဟာ ဂိုးသမားအဖြစ်အကောင်းဆုံးကစားပြနိုင်ခဲ့ပြီး ဒေးဗစ်ဒီဂီယာတောင်ဂုဏ်ယူသင့်တဲ့ ဖြန့်ကြန့်ပေးပို့နိုင်မှုစကေးလ်ကို ထုတ်သုံးပြခဲ့တာတွေ့ခဲ့ရပါတယ်။
Post a Comment