Header Ads


ရိုနယ္ဒိုရဲ ့နည္းျပအယ္လီဂရီအေပၚေဒါသထြက္ေပါက္ကြဲခဲ့တဲ့အခိုက္အတန္ ့



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ၿပီးခဲ့တဲ့တနဂၤေႏြေန ့က နာပိုလီအသင္းကို ဂ်ဴဗင္တပ္စ္တို ့နိုင္ခဲ့တဲ့ပြဲမွာ ခရစ္စတီယာနိုရိုနယ္ဒိုတစ္ေယာက္စိတ္ပ်က္လက္ပ်က္ျဖစ္ခဲ့တဲ့အခိုက္အတန္ ့ကိုေတြ ့ခဲ့ရပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ သူတို ့ရဲ ့၂၃ပြဲေျမာက္နိုင္ပြဲကိုရယူနို္င္ခဲ့ပါတယ္။ဒါပင္မယ့္လည္း အီတလီခ်န္ပီယံဘြဲ ့ကိုဆက္ထိန္းတဲ့ေနရာမွေတာ့အမ်ားၾကီးလုပ္ျပဖို ့က်န္ပါေသးတယ္။အိမ္ရွင္အသင္းျဖစ္တဲ့နာပိုလီအသင္းရဲ ့ဂိုးသမား မီရတ္ဟာ ရိုနယ္ဒိုကို ဆိုးဆိုးရြားရြားျဖတ္ထုတ္ခဲ့ၿပီးေနာက္ အနီကဒ္ျပခံခဲ့ရၿပီး ၁၀ေလ်ာ ့နဲ ့နာပိုလီတုိ ့ကစားေနခဲ့ရပါတယ္။ဧည့္သည္အသင္းဟာ ပီဂ်န္နစ္ရဲ ့လွပတဲ့ဖရီးကစ္သြင္းဂိုးနဲ ့အတူ အီမာခ်န္ရဲ ့သြင္းဂိုးနဲ ့ပထမပိုင္းကို - ျဖင့္ဦးေဆာင္ေနခဲ့တာပဲျဖစ္ပါတယ္။ဒုတိယပိုင္းအေရာက္မွာေတာ့ ပီဂ်န္နစ္တစ္ေယာက္အ၀ါကဒ္၂ၾကိမ္ျပခံခဲ့ရကာ အထုတ္ခံခဲ့ရပါတယ္။ဂ်ိဳ ့စ္ကယ္လီဂၽြန္ကေတာ့ နာပိုလီအတြက္ ေခ်ပဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ ဒုတိယေခ်ပဂိုးအတြက္ ဖိအားေပးတိုက္စစ္ဆင္ခဲ့ပါတယ္။



နာပိုလီအသင္းဟာ ေဘာလံုးပိုင္ဆိုင္မႈပိုင္းဆိုင္ရာမွာလႊမ္းမိုးထားၿပီး ရိုနယ္ဒိုတစ္ေယာက္ဟာေရွ ့တန္းကေန ခံစစ္ကူကစားေပးေနရပါတယ္။ဒါပင္မယ့္ရိုနယ္ဒိုဟာ ျပိဳင္ဘက္ေတြကို ဖိအားေပးကစားသလိုမ်ိဳး သူ ့ရဲ ့အသင္းေဖာ္ေတြက လိုက္တက္မကစားတာေၾကာင့္ ေဒါသထြက္ေနခဲ့ၿပီး နည္းျပအယ္လီဂရီကိုပါ ေဒါသထြက္သြားခဲ့တာပဲျဖစ္ပါတယ္။



လူမႈကြန္ယက္ေပၚေတြမွာေတာ့ အယ္လီဂရီရဲ ့နည္းစနစ္ပိုင္းကိုေ၀ဖန္ေနၾကပါတယ္။ရိုနယ္ဒိုဟာ သူ ့ေနာက္ပိုင္းနွစ္ေတြကို အသံုးမက်တဲ့နည္းျပလက္ေအာက္မွာအခ်ိန္ျဖဳန္းေနတာပဲ။ဂ်ဳဗင္တပ္စ္ဟာတိုက္စစ္မွာ ရိုနယ္ဒို၊ဒိုင္ဘားလားလုိ ကစားသမားေတြရိွေနတာေတာင္ ခံစစ္ကစားေနတာအံၾသစရာပါပဲ။လို ့ဆိုထားၾကပါတယ္။





မည္သို ့ပင္ဆိုေစကာမူ ဂ်ဴဗင္တပ္စ္အသင္းကေတာ ့လိပ္မွာ ရံႈးပြဲမရိွစံခ်ိန္ကိုစိုက္ထူထားနိုင္ဆဲျဖစ္ပါတယ္။သူတို ့အသင္းဟာ ၂၆ပြဲမွာ ၇၂မွတ္အထိရယူထားနိုင္ခဲ့ပါတယ္။ဒါဟာလိပ္သမိုင္းတစ္ေလ ွ်ာက္အေကာင္းဆံုးစံခ်ိန္ေကာင္းပဲျဖစ္ပါတယ္။ရိုနယ္ဒိုဟာလည္းသူ ့ရဲ ့ဂိုးသြင္းေကာင္းတဲ့မွတ္တမ္းစံခ်ိန္ကို ဆက္လက္ရယူထားဆဲျဖစ္ၿပီး ၁၉ ဂိုးသြင္းယူထားနိုင္ခဲ့ပါတယ္။လိပ္ဦးေဆာင္သူတို ့ဟာ လာမယ့္ေသာၾကာေန့ မွာေတာ့ အူဒီနီစ္အသင္းနဲ ့ရင္ဆိုင္ကစားရမွာပဲျဖစ္ပါတယ္။

(Unicode)

ရိုနယ်ဒိုရဲ့နည်းပြအယ်လီဂရီအပေါ်ဒေါသထွက်ပေါက်ကွဲခဲ့တဲ့အခိုက်အတန့်


ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နာပိုလီအသင်းကို ဂျူဗင်တပ်စ်တို့နိုင်ခဲ့တဲ့ပွဲမှာ ခရစ်စတီယာနိုရိုနယ်ဒိုတစ်ယောက်စိတ်ပျက်လက်ပျက်ဖြစ်ခဲ့တဲ့အခိုက်အတန့်ကိုတွေ့ခဲ့ရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ သူတို့ရဲ့၂၃ပွဲမြောက်နိုင်ပွဲကိုရယူနိုင်ခဲ့ပါတယ်။ဒါပင်မယ့်လည်း အီတလီချန်ပီယံဘွဲ့ကိုဆက်ထိန်းတဲ့နေရာမှတော့အများကြီးလုပ်ပြဖို့ကျန်ပါသေးတယ်။အိမ်ရှင်အသင်းဖြစ်တဲ့နာပိုလီအသင်းရဲ့ဂိုးသမား မီရတ်ဟာ ရိုနယ်ဒိုကို ဆိုးဆိုးရွားရွားဖြတ်ထုတ်ခဲ့ပြီးနောက် အနီကဒ်ပြခံခဲ့ရပြီး ၁၀လျော့နဲ့နာပိုလီတို့ကစားနေခဲ့ရပါတယ်။ဧည့်သည်အသင်းဟာ ပီဂျန်နစ်ရဲ့လှပတဲ့ဖရီးကစ်သွင်းဂိုးနဲ့အတူ အီမာချန်ရဲ့သွင်းဂိုးနဲ့ပထမပိုင်းကို ၂-၀ ဖြင့်ဦးဆောင်နေခဲ့တာပဲဖြစ်ပါတယ်။ဒုတိယပိုင်းအရောက်မှာတော့ ပီဂျန်နစ်တစ်ယောက်အဝါကဒ်၂ကြိမ်ပြခံခဲ့ရကာ အထုတ်ခံခဲ့ရပါတယ်။ဂျို့စ်ကယ်လီဂျွန်ကတော့ နာပိုလီအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီးနောက် ဒုတိယချေပဂိုးအတွက် ဖိအားပေးတိုက်စစ်ဆင်ခဲ့ပါတယ်။

နာပိုလီအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုပိုင်းဆိုင်ရာမှာလွှမ်းမိုးထားပြီး ရိုနယ်ဒိုတစ်ယောက်ဟာရှေ့တန်းကနေ ခံစစ်ကူကစားပေးနေရပါတယ်။ဒါပင်မယ့်ရိုနယ်ဒိုဟာ ပြိုင်ဘက်တွေကို ဖိအားပေးကစားသလိုမျိုး သူ့ရဲ့အသင်းဖော်တွေက လိုက်တက်မကစားတာကြောင့် ဒေါသထွက်နေခဲ့ပြီး နည်းပြအယ်လီဂရီကိုပါ ဒေါသထွက်သွားခဲ့တာပဲဖြစ်ပါတယ်။

လူမှုကွန်ယက်ပေါ်တွေမှာတော့ အယ်လီဂရီရဲ့နည်းစနစ်ပိုင်းကိုဝေဖန်နေကြပါတယ်။” ရိုနယ်ဒိုဟာ သူ့နောက်ပိုင်းနှစ်တွေကို အသုံးမကျတဲ့နည်းပြလက်အောက်မှာအချိန်ဖြုန်းနေတာပဲ။ဂျုဗင်တပ်စ်ဟာတိုက်စစ်မှာ ရိုနယ်ဒို၊ဒိုင်ဘားလားလို ကစားသမားတွေရှိနေတာတောင် ခံစစ်ကစားနေတာအံသြစရာပါပဲ။” လို့ဆိုထားကြပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဂျူဗင်တပ်စ်အသင်းကတော့လိပ်မှာ ရှုံးပွဲမရှိစံချိန်ကိုစိုက်ထူထားနိုင်ဆဲဖြစ်ပါတယ်။သူတို့အသင်းဟာ ၂၆ပွဲမှာ ၇၂မှတ်အထိရယူထားနိုင်ခဲ့ပါတယ်။ဒါဟာလိပ်သမိုင်းတစ်လေ ျှာက်အကောင်းဆုံးစံချိန်ကောင်းပဲဖြစ်ပါတယ်။ရိုနယ်ဒိုဟာလည်းသူ့ရဲ့ဂိုးသွင်းကောင်းတဲ့မှတ်တမ်းစံချိန်ကို ဆက်လက်ရယူထားဆဲဖြစ်ပြီး ၁၉ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။လိပ်ဦးဆောင်သူတို့ဟာ လာမယ့်သောကြာနေ့ မှာတော့ အူဒီနီစ်အသင်းနဲ့ရင်ဆိုင်ကစားရမှာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.