Header Ads




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။











ဘားနက်Vs ဝီဂန် ၄၉ %





(Unicode)

လုံးဝမဖြစ်နိုင်တဲ့volleyကန်ချက်နဲ့သွင်းယူပြခဲ့တဲ့ဒါဘီတိုက်စစ်မှူးဘားနက်ရဲ့ ဗီဒီယိုHighlight


ဒါဘီအသင်းတိုက်စစ်မှုး မာဆွန်ဘားနက်ဟာ ဝီဂန်အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာဘယ်သူမှမထင်မှတ်ထားလောက်တဲ့အနေအထားကနေ အံ့သြသင့်ဖွယ်ကောင်းလောက်တဲ့ဂိုးကိုသွင်းယူခဲ့ပါတယ်။အဆိုပါဂိုးဟာ အရမ်းကိုထူးခြားခဲ့ပါတယ်။ဘားနက်က သူရဲ့ခဏကိုယ်ကိုထိန်းပြီး ဖြစ်သလိုပွတ်ကန်ချက်ဟာ ဝီဂန်အသင်းဂိုးသမားကိုကျော်ကာ သူရဲ့ဘယ်ဖက်ထောင့်ကိုဦးတည်သွားပြီးဂိုးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

ဝီဂန် အသင်းဂိုးသမား ဂျင်မီဂျုံးက သူရဲ့အားသာချက်ဖြစ်တဲ့အမြင့်ဘောကန်ချက်တွေကိုကာကွယ်တက်တဲ့စကေးဟာ လျှက်တပြတ်ဝင်ရောက်လာတဲ့ဘောလုံးကိုထိန်းသိမ်းကာကွယ်နိုင်ခဲ့ခြင်းမရှိခဲ့ပဲ ဂိုးဝင်သွားခဲ့ပါတယ်။ဒီအဖြစ်အပျက်ကိုမြင်တွေ့ကြတဲ့ပရိသတ်ထောင်ပေါင်းများစွာက မှင်သက်သွားခဲ့ကြပါတယ်။ဒီလိုနောက်ကန်ချက်တွေကို များစွာတွေမြင်ဖူးခဲ့ကြပေမယ့်ယခုလိုကန်ချက်က ထိပ်သီးစာရင်းဝင်ပြီး ပွတ်စ်ကပ်ဆုပေးသင့်တယ်လို့တောင်ယုံကြည်မိပါတယ်။

ဒါဘီအသင်းနည်းပြလမ်းပတ်ကတော့သူရဲ့ကစားသမားဘားနက်ကိုပွဲပြီးပြီးခြင်း ချက်ချင်းဂုဏ်ပြုချီးမွန်းခဲ့ပါတယ်။သူရဲ့ဂိုး ဂါရတိဘေးလ်ချန်ပီယံလိဂ်ဖိုင်နယ်မှာသွင်းယူခဲ့တဲ့ဂိုးနှင့်နှိုင်းယှဉ်လို့ရပါတယ်။

"ဘားနက်ရဲ့တိုက်စစ်ဆင်မှုကကြောက်စရာကြီးပါဗျာ ပြီးတော့ ကျွန်တော်ပြောခဲ့တယ်လေ ဒီဂိုးက ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဂါရတ်ဘေးလ်သွင်းယူခဲ့တဲ့ဂိုးလိုခံစားရပါတယ်။ဘေးလ်ကလည်းအခုလိုခေါင်းအကျော်ဘောကန်သွင်းခဲ့တာလေ"

"ကျွန်တော် အထင်ဒီဂိုးက သာမန်အနေအထားကနေ စက္ကန့်ပိုင်းအတွင်းအနေအထားတစ်ခုပြောင်းလဲပြီး မဖြစ်နိုင်လောက်တဲ့ထောင့်ချိုးကနေသွင်းခဲ့တာကြောင့်အတော်လေးထူးခြားတဲ့ဂိုးပါ။ဘားနက်အတွက်ဒါဟာခံတွင်းသင့်စရာကြီးပါပဲ"

"တစ်ချို့လူတွေကကြက်ကန်းတိုးတယ်လို့ပြောကြလိမ့်မယ်။ဒါပေမယ့်သူအကောင်းဆုံးလုပ်ခဲ့တာပါ။ဒီမှာတော့သူရည်ရွယ်ချက်နဲ့သူကန်သွင်းခဲ့တာပါ။သူအချိန်အဆတွက်ချက်လိုက်ရင်ဒါဟာဂိုးအဖြစ်ပြောင်းလဲနိုင်တယ်လေဗျာ"

Sky sportရဲ့အွန်လိုင်းမဲပေးရွေးချယ်မှုကိုဖော်ပြလိုက်ပါတယ်။

ဘယ်သူရဲဂိုးကအကောင်းဆုံးလဲ?
ပရိသတ်ကြီးအမြင်ကိုလည်းပြန်လည်ဝေမျှကြပါ

ဘားနက်Vs ဝီဂန် ၄၉ %

 မီခီတာယန်း Vs ဆန်းဒါးလန်း 15 %

ဂီးရော့ Vs ခရစ္စတယ်ပဲလေ့စ် 36%

လူမှုကွန်ရက်မှာတော့ဒီမဲပေးရွေးချယိမှုကို ကြာရှည်စွာမထားခဲ့ပါဘူး။ဘားနက်ရဲ့ကန်ချက်က ဂီးရော့ ခရစ္စတယ်ပဲလေ့စ် အသင်းကိုသွင်းယူခဲ့တယ်ဂိုးနှင့် အိုးထရက်ဖို့ဒ်ရဲ့ ပြာဖုံးမီးခဲ အာဆင်နယ်အသင်းတိုက်စစ်ကစားသမား မီခီတာယန်း ဆန်းဒါးလန်း အသင်းကိုသွင်းယူခဲ့တဲ့ဂိုးတွေကိုကျော်ဖြတ်ကာပထမနေရာရရှိခဲ့ပါတယ်။

No comments

Powered by Blogger.