ခ်ယ္ဆီးအသင္းအဖြင့္ဂိုးသြင္းျပီးေနာက္အက္ပလီက်ဴတာရဲ႕ေအာင္ပြဲခံမႈ ဆိုရွယ္မီဒီယာမွာလူေျပာမ်ားေန
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေတာ္တင္ဟမ္ေဟာ့စပါးနဲ႔ပြဲမွာ ေနာက္ခံလူ အက္ပလီက်ဴတာရဲ႕ေအာင္ပြဲခံပံုက ခ်ယ္ဆီးပရိတ္သတ္ေတြကို ဖမ္းစားနိုင္ခဲ့ပါတယ္။အထူးသျဖင့္ ခ်ယ္ဆီးအသင္းဟာကာရာေဘာင္ဖလားဗိုလ္လုပြဲမွာ မန္စီးတီးကိုရံႈးခဲ့တာေျကာင့္ဖိအာမ်ားစြာရွိေနပါတယ္။
ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ စပါးကိုေသခ်ာေပါက္အနိုင္ကစားဖို႔လိုအပ္ေနခ်ိန္မွာလည္း ပထမပိုင္းက ဂိုးမရွိသေရရလဒ္သာထြက္ေပၚခဲ့ပါတယ္။ဒီလိုအခ်ိန္မွာ ခ်ယ္ဆီးအသင္းအတြက္ ပတ္ဒရိုအဖြင့္ဂိုးသြင္းလိုက္ခ်ိန္မွာေတာ့ အက္ပလီက်ဴတာအေနနဲ႔တကယ့္ စိတ္လႈပ္ရွားေပ်ာ္ရႊင္စြာေအာင္ပြဲခံခဲ့ပါတယ္။ဒီျဖစ္ရပ္ကိုပဲ ခ်ယ္ဆီးဖန္ေတြက ေခါင္းေဆာင္စစ္စစ္တစ္ေယာက္ရဲ႕ပံုစံဆိုျပီး ေခါင္းစဥ္တပ္ခဲ့တာပါ။
တြစ္တာမွာ ခ်ယ္ဆီးပရိတ္သတ္တစ္ေယာက္က''ဒါကိုျကည့္ရင္ သူဘာေျကာင့္ ခ်ယ္ဆီးအသင္းေခါင္းေဆာင္ျဖစ္ေနလဲထင္ရွားပါတယ္။အက္ပလီက်ဴတာကတယ္ရီလိုေခါင္းေဆာင္မ်ိဳးဟုတ္ခ်င္မွဟုတ္ပါလိမ့္မယ္။ဒါေပမယ့္သူရဲ႕အသင္းေပၚခ်စ္စိတ္ကျကီးမားလြန္းပါတယ္''လို႔ေရးခဲ့သလိုေနာက္တစ္ေယာက္က''ဘယ္လိုလူလဲဟ''ဆိုျပီးမွတ္ခ်က္ေပးခဲ့ပါတယ္။ပရိတ္သတ္တစ္ေယာက္ကေတာ့''သူေပ်ာ္ရႊင္ေနပံုက အသင္းကိုဘယ္ေလာက္ခ်စ္သလဲျပသရာေရာက္သလို သူဘာေျကာင့္အသင္းေခါင္းေဆာင္ျဖစ္ေနလဲေဖာ္ျပလိုက္သလိုပါပဲ''။ေနာက္တစ္ေယာက္ကေတာ့''သူ႔ရဲ႕ေအာင္ပြဲခံပံုက က်ေနာ္ကေပ်ာ္ရႊင္ေစတယ္''လို႔ေရးသားခဲ့ပါတယ္။
ခ်ယ္ဆီးအသင္းကေတာ့ ပတ္ဒရိုရဲ႕အဖြင့္ဂိုး,ထရစ္ပီယာရဲ႕own goalေတြနဲ႔ စတမ္းဖို႔ဘရစ္မွာ စပါးကို ၂ဂိုးျပတ္နိုင္ခဲ့ပါတယ္။ဒီပြဲမတိုင္ခင္ထဲက ကာရာေဘာင္ဖလားမွာဂိုးသမားကီပါရဲ႕ လူးစားလဲရန္ျငင္းဆိုမႈေျကာင့္ ခ်ယ္ဆီးကို မီဒီယာေတြအာရံုစိုက္မႈမ်ားေနတာပါ။နည္းျပဆာရီအေနနဲ႔ပရိတ္သတ္ေတြထင္ထားတဲ့အတိုင္းပဲ စပိန္ဒုတိယဂိုးသမားကီပါကို ခ်န္လွပ္ျပီးကာဘယ္လာရိုကို ပြဲထြက္အသံုးျပဳခဲ့ပါတယ္။
လက္ရွိခ်ယ္ဆီးအသင္းရဲ႕အမွတ္ေပးဖလားရပ္တည္မႈက အဆင့္ေလးေနရာကအာဆင္နယ္ေနာက္သံုးမွတ္,ငါးေနရာကမန္ယူေနာက္၂မွတ္အကြာနဲ႔ အဆင့္၆ေနရာမွာရပ္တည္ေနပါတယ္။ျခေသ့ၤျပာတို႔အေနနဲ႔ ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ျဖစ္တဲ့ ထိပ္ဆံုးေလးသင္းစာရင္းဝင္ဖ္ို႔လက္က်န္ပြဲေတြကို အစြမ္းကုန္တိုက္ပြဲဝင္ရေတာ့မွာပါ။
(Unicode)
ချယ်ဆီးအသင်းအဖွင့်ဂိုးသွင်းပြီးနောက်အက်ပလီကျူတာရဲ့အောင်ပွဲခံမှု ဆိုရှယ်မီဒီယာမှာလူပြောများနေ
တော်တင်ဟမ်ဟော့စပါးနဲ့ပွဲမှာ နောက်ခံလူ အက်ပလီကျူတာရဲ့အောင်ပွဲခံပုံက ချယ်ဆီးပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။အထူးသဖြင့် ချယ်ဆီးအသင်းဟာကာရာဘောင်ဖလားဗိုလ်လုပွဲမှာ မန်စီးတီးကိုရှုံးခဲ့တာကြောင့်ဖိအာများစွာရှိနေပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စပါးကိုသေချာပေါက်အနိုင်ကစားဖို့လိုအပ်နေချိန်မှာလည်း ပထမပိုင်းက ဂိုးမရှိသရေရလဒ်သာထွက်ပေါ်ခဲ့ပါတယ်။ဒီလိုအချိန်မှာ ချယ်ဆီးအသင်းအတွက် ပတ်ဒရိုအဖွင့်ဂိုးသွင်းလိုက်ချိန်မှာတော့ အက်ပလီကျူတာအနေနဲ့တကယ့် စိတ်လှုပ်ရှားပျော်ရွှင်စွာအောင်ပွဲခံခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုပဲ ချယ်ဆီးဖန်တွေက ခေါင်းဆောင်စစ်စစ်တစ်ယောက်ရဲ့ပုံစံဆိုပြီး ခေါင်းစဉ်တပ်ခဲ့တာပါ။
တွစ်တာမှာ ချယ်ဆီးပရိတ်သတ်တစ်ယောက်က''ဒါကိုကြည့်ရင် သူဘာကြောင့် ချယ်ဆီးအသင်းခေါင်းဆောင်ဖြစ်နေလဲထင်ရှားပါတယ်။အက်ပလီကျူတာကတယ်ရီလိုခေါင်းဆောင်မျိုးဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ဒါပေမယ့်သူရဲ့အသင်းပေါ်ချစ်စိတ်ကကြီးမားလွန်းပါတယ်''လို့ရေးခဲ့သလိုနောက်တစ်ယောက်က''ဘယ်လိုလူလဲဟ''ဆိုပြီးမှတ်ချက်ပေးခဲ့ပါတယ်။ပရိတ်သတ်တစ်ယောက်ကတော့''သူပျော်ရွှင်နေပုံက အသင်းကိုဘယ်လောက်ချစ်သလဲပြသရာရောက်သလို သူဘာကြောင့်အသင်းခေါင်းဆောင်ဖြစ်နေလဲဖော်ပြလိုက်သလိုပါပဲ''။နောက်တစ်ယောက်ကတော့''သူ့ရဲ့အောင်ပွဲခံပုံက ကျနော်ကပျော်ရွှင်စေတယ်''လို့ရေးသားခဲ့ပါတယ်။
ချယ်ဆီးအသင်းကတော့ ပတ်ဒရိုရဲ့အဖွင့်ဂိုး,ထရစ်ပီယာရဲ့own goalတွေနဲ့ စတမ်းဖို့ဘရစ်မှာ စပါးကို ၂ဂိုးပြတ်နိုင်ခဲ့ပါတယ်။ဒီပွဲမတိုင်ခင်ထဲက ကာရာဘောင်ဖလားမှာဂိုးသမားကီပါရဲ့ လူးစားလဲရန်ငြင်းဆိုမှုကြောင့် ချယ်ဆီးကို မီဒီယာတွေအာရုံစိုက်မှုများနေတာပါ။နည်းပြဆာရီအနေနဲ့ပရိတ်သတ်တွေထင်ထားတဲ့အတိုင်းပဲ စပိန်ဒုတိယဂိုးသမားကီပါကို ချန်လှပ်ပြီးကာဘယ်လာရိုကို ပွဲထွက်အသုံးပြုခဲ့ပါတယ်။
လက်ရှိချယ်ဆီးအသင်းရဲ့အမှတ်ပေးဖလားရပ်တည်မှုက အဆင့်လေးနေရာကအာဆင်နယ်နောက်သုံးမှတ်,ငါးနေရာကမန်ယူနောက်၂မှတ်အကွာနဲ့ အဆင့်၆နေရာမှာရပ်တည်နေပါတယ်။ခြသေ့ၤပြာတို့အနေနဲ့ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့လက်ကျန်ပွဲတွေကို အစွမ်းကုန်တိုက်ပွဲဝင်ရတော့မှာပါ။
Post a Comment