ဗုုဒၶဟူးေန ့အေဟာ့အျဖစ္ဆံုုးေနာက္ဆံုုးရေဘာလံုုးသတင္းတိုုမ်ားစုုစည္းမႈ
ဒီရာသီPSG အသင္းအတြက္ ၇ပြဲအတြင္း ၁၀ ဂိုုးသြင္းထားကာ ေျခစြမ္းျပကစားေနတဲ့ ၁၉ ႏွစ္အရြယ္တိုုက္စစ္ကစားသမား အမ္ဘာေပးကိုု အသင္းေဖာ္ ဒရက္ဇယ္လာ က အံဖြယ္ေကာင္ေလးတစ္ေယာက္လိုု ့ခ်ီးက်ဴးေျပာၾကားလိုုက္ပါတယ္။

အမ္ဘာေပးဟာ ရိုုနယ္ဒိုု တစ္ေယာက္ မန္ယူႏိုုက္တက္မွာ လ ွ်မ္းလ ွ်မ္းေတာက္ ကစားၿပီး ေျခစြမ္းျပေနတဲ့ အခ်ိန္တုုန္းကလိုုမ်ိဳး PSG မွာ ေျခစြမ္းျပေနပါတယ္လိုု ့သူ ့ရဲ ့ျပင္သစ္အသင္းေဖာ္ ဂရစ္ဇမန္း ကခ်ီးက်ဴးေျပာၾကားလိုုက္ပါတယ္။

ယူႏိုုက္တက္ကြင္းလယ္လူ ဖရဒ္က မန္ယူနိုု္က္တက္အသင္းလိုု ၾကီးက်ယ္ခမ္းနားတဲ့အသင္းမွာ ယခုုလိုဖိအားမ်ားဟာ သာမန္အေျခအေနပါပဲလိုု ့ေျပာၾကားလိုုက္ပါတယ္။

မန္စီးတီးအသင္းနဲ ့ဘရာဇီးဂိုးသမား အီဒါဆင္က သူ ့ရဲ ့ဘရာဇီးအသင္းေဖာ္ဂိုးသမား အယ္လီဆန္ဟာ သူ ့ထက္ေခါင္းတစ္လံုုးသာေၾကာင္း(လက္စြမ္း)၊ သိုု ့ေသာ္လည္း ဘရာဇီးအသင္းမွာ ပြဲထြက္ခြင့္ရဖိုု ့ၾကိဳးစားယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း ဆိုုလိုက္ပါတယ္။

ဘာစီလိုုနာစတားမက္ဆီဟာ သူ ့ရဲ ့က်န္ရိွေနတဲ ့ကစားသမားဘ၀ကိုု အေကာင္းဆံုုးျမွင့္တင္ႏိုုင္ဖို ့အသင့္စားအစားအစာမ်ားနဲ ့အေအးမ်ားစားသံုုးေလ့ရိွတဲ့အက်င့္ကိုု ေျပာင္းလဲၿပီး ပိုုမိုုထိေရာက္အက်ိဳးရိွတဲ့ အစားအစာကိုု ေျပာင္းလဲစားသံုုးေနၿပီလိုု ့သိရပါတယ္။

ယူႏိုုက္တက္အသင္းနဲ ့ျပင္သစ္ကြင္းလယ္လူေပါလ္ေပါ့ဘာက ေဘာ္လြန္ဒီေအာ္ဆုုကိုု ျပင္သစ္သားေတြထဲက တစ္ေယာက္ရေစခ်င္ေၾကာင္း၊ ဒါပင္မယ့္ အဆိုုပါ ျပင္သစ္သားေတြထဲမွာေတာ့သူ မပါ၀င္နိုုင္ဖိုု ့ထိုုက္တန္ျခင္းမရိွေသးပါဘူးလိုု ့ဆိုုလိုုက္ပါတယ္။
(Unicode)
ဒီရာသီPSG အသင်းအတွက် ၇ပွဲအတွင်း ၁၀ ဂိုးသွင်းထားကာ ခြေစွမ်းပြကစားနေတဲ့ ၁၉ နှစ်အရွယ်တိုက်စစ်ကစားသမား အမ်ဘာပေးကို အသင်းဖော် ဒရက်ဇယ်လာ က အံဖွယ်ကောင်လေးတစ်ယောက်လို့ချီးကျူးပြောကြားလိုက်ပါတယ်။
အမ်ဘာပေးဟာ ရိုနယ်ဒို တစ်ယောက် မန်ယူနိုက်တက်မှာ လ ျှမ်းလ ျှမ်းတောက် ကစားပြီး ခြေစွမ်းပြနေတဲ့ အချိန်တုန်းကလိုမျိုး PSG မှာ ခြေစွမ်းပြနေပါတယ်လို့သူ့ရဲ့ပြင်သစ်အသင်းဖော် ဂရစ်ဇမန်း ကချီးကျူးပြောကြားလိုက်ပါတယ်။
ယူနိုက်တက်ကွင်းလယ်လူ ဖရဒ်က မန်ယူနိုက်တက်အသင်းလို ကြီးကျယ်ခမ်းနားတဲ့အသင်းမှာ ယခုလိုဖိအားများဟာ သာမန်အခြေအနေပါပဲလို့ပြောကြားလိုက်ပါတယ်။
မန်စီးတီးအသင်းနဲ့ဘရာဇီးဂိုးသမား အီဒါဆင်က သူ့ရဲ့ဘရာဇီးအသင်းဖော်ဂိုးသမား အယ်လီဆန်ဟာ သူ့ထက်ခေါင်းတစ်လုံးသာကြောင်း(လက်စွမ်း)၊ သို့သော်လည်း ဘရာဇီးအသင်းမှာ ပွဲထွက်ခွင့်ရဖို့ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဆိုလိုက်ပါတယ်။
ဘာစီလိုနာစတားမက်ဆီဟာ သူ့ရဲ့ကျန်ရှိနေတဲ့ကစားသမားဘဝကို အကောင်းဆုံးမြှင့်တင်နိုင်ဖို့အသင့်စားအစားအစာများနဲ့အအေးများစားသုံးလေ့ရှိတဲ့အကျင့်ကို ပြောင်းလဲပြီး ပိုမိုထိရောက်အကျိုးရှိတဲ့ အစားအစာကို ပြောင်းလဲစားသုံးနေပြီလို့သိရပါတယ်။
ယူနိုက်တက်အသင်းနဲ့ပြင်သစ်ကွင်းလယ်လူပေါလ်ပေါ့ဘာက ဘော်လွန်ဒီအော်ဆုကို ပြင်သစ်သားတွေထဲက တစ်ယောက်ရစေချင်ကြောင်း၊ ဒါပင်မယ့် အဆိုပါ ပြင်သစ်သားတွေထဲမှာတော့သူ မပါဝင်နိုင်ဖို့ထိုက်တန်ခြင်းမရှိသေးပါဘူးလို့ဆိုလိုက်ပါတယ်။
Post a Comment