Header Ads
Puma ကနေ Adidas အဖြစ် အကျီ င်္စပွန်ဆာပြောင်းလဲကြောင်းကြေညာလိုက်တဲ့အာဆင်နယ်
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
အာဆင်နယ်အသင်း ဟာလာမည်နှစ်မှ July 1ရက်နေ့မှာ အသင်းရဲ့ စပွန်ဆာအသစ်နှင့်စာချုပ်အသစ်ချုပ်ဆိုတော့မည်ဖြစ်ပါတယ်။အဆိုပါသဘောတူညီကြောင့်အာဆင်နယ်အသင်းဟာ တစ်ရာသီကို ပေါင်သန်း၆၀ခန့်ရရှိတော့မည်ဖြစ်ပါတယ်။
အာဆင်နယ်အသင်းက သူတို့ရဲ့အင်္ကျီအသင်းကို စပွန်ဆာအသစ် Adidiasနှင့်ထုတ်လုပ်မည်ဟုတရားဝင်ကြေညာလိုက်ပါတယ်။ထိုသဘောတူည်ီကတော့ လာမည့်ရာသီမှာစတင်အသက်ဝင်မည်ဖြစ်ပါတယ်။
အဆိုပါသဘောတူညီမှုက ၅နှစ်သက်တမ်းရှိပြီး သန်း၃၀၀တန်ဖိုးရှိပါတယ်။လာမည်၂၀၁၉ဂျူလိုင်လမှာ အဆိုပါစာချုပ်ကစတင်အသက်ဝင်မည်ဖြစ်ပါတယ်။
ယခုသဘောတူညီမှုအသစ်က Puma  တံဆိပ်နှင့်၂၀၁၄ခုနှစ်က စာချုပ် ချုပိဆိူခဲ့တဲ့တန်ဖိုးထပ်ပိုမိုများပြားပါတယ်။ယူနိုက်တက်အသင်းနှင့် adidias တို့ချုပ်ဆိုထားတဲ့စာချုပ်တန်ဖိုးပမာဏက ပေါင်၇၅သန်း အထိရှိပါတယ်။
အာဆင်နယ်အသင်းရဲ့နောက်ဆုံးဝတ်စုံကို အဆိုပါဂျာမန်အားကစားဝတ်စုံ လုပ်ငန်းadidias နှင့် ၁၉၉၃ ၉၄ခုနှစ်က စာချုပ်ချုပ်ဆိုဖူးပါတယ်။အာဆင်ဝင်းဂါမရောက်ခင်၂နှစ်အရင်ကဖြစ်ခဲ့ပြီး သူက အသင်းရဲ့ သက်တမ်းအကြာဆုံးနည်းပြတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။အာဆင်နယ်အသင်းကတော့ 
Puma တံဆိပ်နှင့်၅နှစ်လက်တွဲခဲ့ပါတယ်။အဲဒီမတိုင်ခင်က Nike အမှတ်တံဆိပ်နှင့်ဆယ်စုနှစ်ကြာလက်တွဲခဲ့ပါတယ်။
အသင်းနှင့် Adidiasတို့ကြားက သဘောတူညီမှုပြုလုပ်ပြီးနောက် Adidiasက အသင်းရဲ့ ပရိသတ်တွေနှင့် အသင်းကစားသမားဟောင်းတွေနှင့်ပါကောင်းမွန်တဲ့ဆက်ဆံရေးရရှိလာမည်လို့မျှော်လင့်နေပါတယ်။
အီရန်ရိုက်ကအသင်းနှင့်အတူ ဆယ်စုနှစ်များစွာဖြတ်သန်းပြီတဲ့နောက် ဂျာစီစပွန်ဆာ ၃ခုနှင့်ကြုံကြိုက်ခဲ့ရပြီး သူကလာမည်နွေရာသီမှာအသင်းရဲ့ဂျာစီအသစ်အတွက် ကြိုဆိုဖို့အတွက်စိတ်လှုပ်ရှားနေပါတယ်။သူက သူရဲ့လူမှုကွန်ရက် မှာတဆင့်"အားလုံးကိုအသိပေးချင်တာက Adidiasကလာမည်ရာသီမှာအသင်းရဲ့ဂျာစီအတွက်စပွန်ဆာပေးဖို့အတွက်သဘောတူညီမှုရရှိထားလိုက်ပါပြီ။Puma  အင်္ကျီနဲ့ မြင်တွေ့ပြီးတဲ့နောက်မှာမြင်တွေရမှာဖြစ်ပါတယ်"လို့ရေးသားထားပါတယ်။
No comments
Powered by Blogger.