တစ္ရာသီလံုုးေဘာလံုးကစားခြင့္ေပ်ာက္ဆံုုးေတာ့မယ့္အမ္တီတီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဘာစီလိုနာအသင္းရဲ႕ ကမာၻ ့ဖလားခ်န္ပီယံ ေနာက္ခံလူ ဆင္ျမဴရယ္ အမ္တီတီဟာ ဒူးေခါင္းဒဏ္ရာကို ျပန္လည္ကုသႏိုင္ခဲ့ျခင္းမ႐ွိခဲ့တာေၾကာင့္သူရဲ႕ဒဏ္ရာကိုခြဲစိပ္ရမည့္အေျခအေနကိုေရာက္႐ွိလာခဲ့ကာ ၂၀၁၉အထိအနားယူရမည့္အေျခအေန႐ွိေနပါတယ္လို႔ အသင္းရဲ ့သတင္းစာ႐ွင္းလင္းပြဲမွာေျပာၾကားခဲ့ပါတယ္။
အဆိုပါျပင္သစ္ဗဟိုုေနာက္ခံလူက အမ္တီတီ ဟာ စက္တင္ဘာလက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လီဂန္းအသင္းကို ၂ဂိုး ၁ဂိုးႏွင့္႐ွံုးနိမ့္ခဲ့တဲ့ ပြဲစဥ္ေနာက္ပိုင္း အသင္းအတြက္ကစားေပးႏိူင္ခဲ့ျခင္းမ႐ွိခဲ့ပါဘူး။ဘာစီလိုနာအသင္းကေတာ့ သူရဲ႕ဘယ္ဖက္ဒူးဒဏ္ရာမသက္သာေသးတာေၾကာင့္ပါဝင္မကစားႏိုင္တာပါလို႔ဆိုပါတယ္။
ဘာစီလိုနာအသင္းရဲ႕ေျပာၾကားခ်က္ကိုအေျခ ခံကာ အားကစားသတင္းစာမ်ားက ၾကာသပေတးေန႔မွာ အမ္တီတီရဲ႕ဒဏ္ရာကိုကုသဖို႔အတြက္ ခြဲစိပ္ျခင္းျပဳလုပ္မည္ မျပဳလုပ္မည္ကိုဆံုးျဖတ္ခ်က္ခ်မည္ျဖစ္ၿပီးအကယ္၍ ဒူးဒဏ္ရာကို ခြဲစိတ္မႈျပဳလုပ္ခဲ့မည္ဆိုလ်ွင္ ၂၀၁၉အထိေဘာလံုးကစားႏိုင္မည္မဟုတ္ဘဲ လအတန္အၾကာအနားယူရမည္ျဖစ္ပါတယ္။သူကို ကုသရမည့္ကုထံုးကေတာ့ ဒူးအရြက္ကို ျပန္လည္ေကာင္းမြန္လာေအာင္ကုသျခင္းႏွငိ့စိတ္ဓာတ္ခိုင္မာလာေအာင္ျပဳလုပ္ျခင္းတို႔ကုိေဆာင္ရြက္ရမည္ျဖစ္ပါတယ္။
စပိန္ေန႔စဥ္သတင္းစာ Mundo Deportivoရဲ႕ေဖာ္ျပခ်က္အရအမ္တီတီကယခုႏွစ္မွာကစားမည့္ အသင္းရဲ႕ပြဲႀကီးပြဲေကာင္းေတြကိုလြဲေခ်ာ္မည္ျဖစ္ပါတယ္။
ဘာစီလိုနာအသင္းဟာ လာလီဂါအသင္းဇယားမွာ ဒုတိယေနရာကရပ္တည္ေနပါတယ္။သို႔ေသာ္လည္းအသင္းရဲ႕အားနည္းလွတဲ့ခံစစ္ေၾကာင့္ ထိပ္သီးအသင္း၈သင္းထဲမွာအဆိုးဆံုးခံစစ္အျဖစ္မွတ္တမ္းဝင္ေနၿပီး ၈ပြဲမွာ ၉ဂိုးအထိေပးထားရပါတယ္။
ဗဲလ္ဗာဒီက ေနာက္ဆံုးကစားခဲ့တဲ့ျပည္တြင္းလိဂ္ ၄ပြဲမွာတစ္ပြဲမွ အႏိုင္ရလဒ္ရ႐ွိထားျခင္းမ႐ွိေသးပါဘူး။ဒါအျပင္ၿပိဳင္ပြဲအရပ္ ၁၁ပြဲကစားၿပီးေနာက္ေပးဂိုး၁၂ဂိုးအထိခြင့္ျပဳေပးထားရပါတယ္။
(Unicode)
တစ်ရာသီလုံးဘောလုံးကစားခွင့်ပျောက်ဆုံးတော့မယ့်အမ်တီတီ
ဘာစီလိုနာအသင်းရဲ့ ကမ္ဘာ့ဖလားချန်ပီယံ နောက်ခံလူ ဆင်မြူရယ် အမ်တီတီဟာ ဒူးခေါင်းဒဏ်ရာကို ပြန်လည်ကုသနိုင်ခဲ့ခြင်းမရှိခဲ့တာကြောင့်သူရဲ့ဒဏ်ရာကိုခွဲစိပ်ရမည့်အခြေအနေကိုရောက်ရှိလာခဲ့ကာ ၂၀၁၉အထိအနားယူရမည့်အခြေအနေရှိနေပါတယ်လို့ အသင်းရဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။
အဆိုပါပြင်သစ်ဗဟိုနောက်ခံလူက အမ်တီတီ ဟာ စက်တင်ဘာလက ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဂန်းအသင်းကို ၂ဂိုး ၁ဂိုးနှင့်ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း အသင်းအတွက်ကစားပေးနိူင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ဘာစီလိုနာအသင်းကတော့ သူရဲ့ဘယ်ဖက်ဒူးဒဏ်ရာမသက်သာသေးတာကြောင့်ပါဝင်မကစားနိုင်တာပါလို့ဆိုပါတယ်။
ဘာစီလိုနာအသင်းရဲ့ပြောကြားချက်ကိုအခြေ ခံကာ အားကစားသတင်းစာများက ကြာသပတေးနေ့မှာ အမ်တီတီရဲ့ဒဏ်ရာကိုကုသဖို့အတွက် ခွဲစိပ်ခြင်းပြုလုပ်မည် မပြုလုပ်မည်ကိုဆုံးဖြတ်ချက်ချမည်ဖြစ်ပြီးအကယ်၍ ဒူးဒဏ်ရာကို ခွဲစိတ်မှုပြုလုပ်ခဲ့မည်ဆိုလျှင် ၂၀၁၉အထိဘောလုံးကစားနိုင်မည်မဟုတ်ဘဲ လအတန်အကြာအနားယူရမည်ဖြစ်ပါတယ်။သူကို ကုသရမည့်ကုထုံးကတော့ ဒူးအရွက်ကို ပြန်လည်ကောင်းမွန်လာအောင်ကုသခြင်းနှငိ့စိတ်ဓာတ်ခိုင်မာလာအောင်ပြုလုပ်ခြင်းတို့ကိုဆောင်ရွက်ရမည်ဖြစ်ပါတယ်။
စပိန်နေ့စဉ်သတင်းစာ Mundo Deportivoရဲ့ဖော်ပြချက်အရအမ်တီတီကယခုနှစ်မှာကစားမည့် အသင်းရဲ့ပွဲကြီးပွဲကောင်းတွေကိုလွဲချော်မည်ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ လာလီဂါအသင်းဇယားမှာ ဒုတိယနေရာကရပ်တည်နေပါတယ်။သို့သော်လည်းအသင်းရဲ့အားနည်းလှတဲ့ခံစစ်ကြောင့် ထိပ်သီးအသင်း၈သင်းထဲမှာအဆိုးဆုံးခံစစ်အဖြစ်မှတ်တမ်းဝင်နေပြီး ၈ပွဲမှာ ၉ဂိုးအထိပေးထားရပါတယ်။
ဗဲလ်ဗာဒီက နောက်ဆုံးကစားခဲ့တဲ့ပြည်တွင်းလိဂ် ၄ပွဲမှာတစ်ပွဲမှ အနိုင်ရလဒ်ရရှိထားခြင်းမရှိသေးပါဘူး။ဒါအပြင်ပြိုင်ပွဲအရပ် ၁၁ပွဲကစားပြီးနောက်ပေးဂိုး၁၂ဂိုးအထိခွင့်ပြုပေးထားရပါတယ်။
Post a Comment