Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဇီဒန်းလက်အောက်မှာကစားရတာကိုကျွန်တော်နှစ်သက်ပါတယ်။--မိုဒရစ်
ရီးရဲလ်မက်ဒရစ်အသင်း ရဲ့ကွင်းလယ်ဖန်တီးရှင် လူကာမိုဒရစ် က သူရဲ့ဆရာဟောင်းဇီဒန်းနှင့်ပတ်သက်ပြီး ပြင်သစ်ဘောလုံးမဂ္ဂဇင်းတစ်ခုနှင့်သီးသန့်တွေ့ဆုံစဉ်မှာ ရင်ဖွင့်ပြောကြားချက်များပြုလုပ်ကာ ချီးမွမ်းထော်မနာပြုလုပ်ခဲ့ပါတယ်။
အဆိုပါအင်တာဗျူးမှာမိုဒရစ်က သူရဲ့နည်းပြဟောင်း ဇီဒန်းရဲ့ထူးချွန်မှုတွေအကြောင်း အသင်းကိုချန်ပီယံလိဂ်သုံးထပ်ကွမ်းဖြစ်အောင်စွမ်းဆောင်ပေးခဲ့တဲ့အကြောင်း တွေကိုရွန်းရွန်းဝေပြောကြားခဲ့ပါတယ်။
"ကျွန်တော်သူလက်အောက်မှာကစားရတာစိတ်ချမ်းသာပျော်ရွင်ကျေနပ်ပါတယ်။ပြီးတော့ဘောလုံးဆိုတာ ခေါင်းသုံးကစားရတဲ့အားကစားတစ်ခုလည်းဖြစ်ပါတယ်"
The Ballon d'Or ဆုက မကြာခင်ပေးအပ်တော့မှာဖြစ်တာကြောင့် အဲဒီဆုစကာတင်စာရင်းမှာ သူရဲ့အသင်းဖော်ဟောင်း ဂျူဗင်တပ်စ် အသင်းတိုက်စစ်မှုး ရိုနယ်လ်ဒိုနှင့်အပြိုင်ပါဝင်လာပြီး သူရဲ့အသင်းဖော်ဟောင်းက ယခုနှစ်နွေရာသီမှာအသင်းကနေထွက်ခွာသွားခဲ့ပြီး စီးရီးအေလိဂ်မှာအခြေစိုက်ကစားနေပါတယ်။မိုဒရစ်က ရိုနယ်လ်ဒိုဟာ တကယ်ကောင်းတဲ့ကစားသမားတစ်ယောက်ပါ လို့ ဆိုပါတယ်။
မိုဒရစ်က ပြင်သစ်အသင်းလူငယ်တိုက်စစ်မှုး အမ်ဘက်ပီ နှင့်ပတ်သက်ပြီး ချီးကျူးစကားဆိုခဲ့ပြီး အမ်ဘက်ပီ ကတကယ်အရည်အချင်းအများအပြားရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီးအသင်းကိုကောာင်းကောင်းဦးဆောင်နိုင်မည့်သူလို့ဆိုပါတယ်။
"အမ်ဘက်ပီ နဲ့ပတ်သက်ပြိးပြောရမယ်ဆိုရင်သူကအကြွင်းမဲ့တိုးတက်လာမည့်ကစားသမာတစိယောက်ပါ ကောင်းမွန်တဲ့အလားလာရှိတဲ့သူတစ်ဦးဆိုလည်းမမှားပါဘူး "လို့ အသက်၃၃နှစ်အရွယ် မိုဒရစ်က ဆိုပါတယ်။
Post a Comment