ဟာဇက္ကိုု စာခ်ဳပ္သစ္ခ်ဳပ္ဆိုုဖို ့စတင္ေျပာဆိုေဆြးေႏြးဖို ့ရိွေနတဲ့ ခ်ဲလ္ဆီး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခ်ဲလ္ဆီးအသင္းဟာသူတိုု ့အသင္းရဲ ့အေကာင္းဆံုုးကစားသမားကို ေခၚယူခ်င္ေနတဲ့ ရီးရဲလ္အသင္းရဲ ့ရန္ကကာကြယ္ေအာင္ ခရစ္စမတ္ကာလမတိုုင္ခင္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို ့စီစဥ္ထားတယ္လို ့သိရပါတယ္။
အျပာေရာင္တပ္သားတစ္ေယာက္ျဖစ္တဲ့ အင္ဒီဟာဇက္ဟာ ၿပီးခဲ့တဲ့ နိုုင္ငံတကာပြဲစဥ္မ်ားရက္အတြင္းလာလီဂါကလပ္ရီးရဲလ္မွာသြားကစားခ်င္တယ္လို ့ရိုုးရိုုးသားသားဖြင့္ဟ၀န္ခံခဲ့တာပဲျဖစ္ပါတယ္။ဘယ္လ္ဂ်ီယံစတားဟာ သူ ့ရဲ ့ရီးရဲလ္မက္ဒရစ္ကိုေျပာင္းခ်င္တဲ့ ခံစားခ်က္ကိုသိုု၀ွက္မထားခဲ့ပါဘူး။ဒါေၾကာင့္လည္း ခ်ဲလ္ဆီးအသင္းက ယခုုနွစ္ခရစ္စမတ္ကာလမတိုင္ခင္ စာခ်ဳပ္အသစ္အတြက္ေဆြးေႏြးဖိုု ့ျပင္ဆင္ထားပါတယ္။သူတို ့ယံုၾကည္ထားတာကေတာ့ ဟာဇက္ဟာ ေဆြးေႏြးဖိုု ့လမ္းဖြင့္ထားတယ္ဆိုုတာပဲျဖစ္ၿပီးပရီးမီးယားလိပ္ ၂ၾကိမ္ရဟာဇက္ဟာလည္း နည္းျပသစ္ဆာရီလက္ေအာက္မွာ ကစားရတာေပ်ာ္ရႊင္ေနပါတယ္။ဟာဇက္ဟာ ပရီးမီးယားလိပ္ ၈ပြဲ ၇ဂိုုးအထိသြင္းယူထားၿပီး ဂိုုးသြင္းဇယားရဲ ့ထိပ္ဆံုုးမွာဦးေဆာင္ေနသလို မနက္ဖန္မွာကစားမယ့္ ယူႏိုုက္တက္နဲ ့ပြဲအတြက္လည္းေျခစြမ္းျပကစာနိုုင္ဖိုု ့ျပင္ဆင္ထားပါတယ္။ဇန္န၀ါရီမွာအသက္ ၂၈ႏွစ္ထဲေရာက္ေတာ့မယ့္ ဟာဇက္ရဲ ့စာခ်ဳပ္သစ္ဟာ သူ ့ကစားသမားဘ၀ရဲ ့အၾကီးမားဆံုးေျခလွမ္းတစ္ခုျဖစ္လာမွာအမွန္ပါပဲ။
ဒီနွစ္ေႏြရာသီမွာ အဆုိပါပရီးမီးယားလိပ္ကစားသမားကို ေခၚယူဖို ့ကမ္းလွမ္းမႈတစ္စံုုတစ္ရာမလုုပ္ခဲ့သည့္တိုုင္ ရီးရဲလ္အသင္းဟာ ခ်ဲလ္ဆီးအသင္းကိုု အခုုခ်ိန္ထိ ဟာဇက္နဲ ့ပတ္သတ္ၿပီးခ်ိန္းေျခာက္ေနတုုန္းပါပဲ။ဟာဇက္ရဲ ့လက္ရိွစာခ်ဳပ္ဟာ တစ္ပတ္လုုပ္ခေပါင္ ၂၂၀,၀၀၀ရိွၿပီး ၂၀၂၀ မွာကုုန္ဆံုုးမွာပဲျဖစ္ပါတယ္။ဒါေၾကာင့္ခ်ဲလ္ဆီးအသင္းက တစ္ပတ္လုုပ္ခေပါင္၃သိန္းျဖင့္တိုုးျမင့္ကမ္းလွမ္းဖို ့ရိွေနတာပဲျဖစ္ပါတယ္။ခ်ဲလ္ဆီးအသင္းဥကၠဌ ဘရူ ့စ္ဘာ့ခ္ကေတာ့ သူတိုု ့ဟာအသင္းရဲ ့ကစားသမားအင္ဒီဟာဇက္ကို အသင္းမွာဆက္ရိွေနဖိုု ့ေရဆံုုးေျမဆံုးအထိ ၾကိဳးစားသြားမယ္လိုု ့ေျပာၾကားလိုက္ပါတယ္။
“ ကၽြန္ေတာ္တိုု ့က သူ ့ကိုုဆက္ရိွေစခ်င္ပါတယ္။သူ ့ကိုုအသင္းမွာဆက္ရိွေနေစဖို ့ကၽြန္ေတာ္တို ့လုုပ္ေဆာင္သြားမွာပါ။လန္ဒန္မွာရိွတဲ့ခ်ဲလ္ဆီးပရိတ္သတ္တိုင္းေရာ ကမာၻ အနွံအျပားပရိတ္သတ္ေတြကပါဟာဇက္ကိုု ခ်စ္ၾကပါတယ္။သူဟာတကယ့္ဂရိတ္ေဘာလံုုးသမားတစ္ေယာက္ျဖစ္တဲ့အျပင္ အံၾသစရာေကာင္းတဲ့လူငယ္ေလးလို ့ကၽြန္ေတာ္တို ့ထင္ပါတယ္။” လို ့ဒိုုဟာမွာက်င္းပၿပဳလုုပ္ခဲ့တဲ့ ေဘာလံုုးEventမ်ားရဲ့ Time Future မွာ စာခ်ဳပ္ကိစၥေတြနဲ ့ပတ္သတ္ၿပီးေျပာျပခဲ့ပါတယ္။ခ်ဲလ္ဆီးပရိတ္သတ္မ်ားကေတာ့ နည္းျပဆာရီဟာ ဟာဇက္ကိုု အသင္းရဲ ့အသင္းေခါင္းေဆာင္အျဖစ္အျမဲသတ္မွတ္ထားကိုုအလိုရိွေစာင့္ဆိုုင္းေနၾကပါတယ္။အက္စပတ္က်ဴတာဟာ အဆိုုပါအသင္းေခါင္းေဆာင္ရာထူးအတြက္စိတ္၀င္စားျခင္းခံထားရေသာ္လည္း ဟာဇက္အတြက္ ဒီအသင္းေခါင္းေဆာင္ရာထူးေလာက္နဲ ့အသင္းမွာဆက္ရိွေနဖိုု ့ဆိုုတာေတာ့ ျဖစ္နိုုင္မယ္မထင္ပါဘူး။
(Unicode)
ဟာဇက်ကို စာချုပ်သစ်ချုပ်ဆိုဖို့စတင်ပြောဆိုဆွေးနွေးဖို့ရှိနေတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာသူတို့အသင်းရဲ့အကောင်းဆုံးကစားသမားကို ခေါ်ယူချင်နေတဲ့ ရီးရဲလ်အသင်းရဲ့ရန်ကကာကွယ်အောင် ခရစ်စမတ်ကာလမတိုင်ခင် စာချုပ်သစ်ချုပ်ဆိုဖို့စီစဉ်ထားတယ်လို့သိရပါတယ်။
အပြာရောင်တပ်သားတစ်ယောက်ဖြစ်တဲ့ အင်ဒီဟာဇက်ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်များရက်အတွင်းလာလီဂါကလပ်ရီးရဲလ်မှာသွားကစားချင်တယ်လို့ရိုးရိုးသားသားဖွင့်ဟဝန်ခံခဲ့တာပဲဖြစ်ပါတယ်။ဘယ်လ်ဂျီယံစတားဟာ သူ့ရဲ့ရီးရဲလ်မက်ဒရစ်ကိုပြောင်းချင်တဲ့ ခံစားချက်ကိုသိုဝှက်မထားခဲ့ပါဘူး။ဒါကြောင့်လည်း ချဲလ်ဆီးအသင်းက ယခုနှစ်ခရစ်စမတ်ကာလမတိုင်ခင် စာချုပ်အသစ်အတွက်ဆွေးနွေးဖို့ပြင်ဆင်ထားပါတယ်။သူတို့ယုံကြည်ထားတာကတော့ ဟာဇက်ဟာ ဆွေးနွေးဖို့လမ်းဖွင့်ထားတယ်ဆိုတာပဲဖြစ်ပြီးပရီးမီးယားလိပ် ၂ကြိမ်ရဟာဇက်ဟာလည်း နည်းပြသစ်ဆာရီလက်အောက်မှာ ကစားရတာပျော်ရွှင်နေပါတယ်။ဟာဇက်ဟာ ပရီးမီးယားလိပ် ၈ပွဲ ၇ဂိုးအထိသွင်းယူထားပြီး ဂိုးသွင်းဇယားရဲ့ထိပ်ဆုံးမှာဦးဆောင်နေသလို မနက်ဖန်မှာကစားမယ့် ယူနိုက်တက်နဲ့ပွဲအတွက်လည်းခြေစွမ်းပြကစာနိုင်ဖို့ပြင်ဆင်ထားပါတယ်။ဇန်နဝါရီမှာအသက် ၂၈နှစ်ထဲရောက်တော့မယ့် ဟာဇက်ရဲ့စာချုပ်သစ်ဟာ သူ့ကစားသမားဘဝရဲ့အကြီးမားဆုံးခြေလှမ်းတစ်ခုဖြစ်လာမှာအမှန်ပါပဲ။
ဒီနှစ်နွေရာသီမှာ အဆိုပါပရီးမီးယားလိပ်ကစားသမားကို ခေါ်ယူဖို့ကမ်းလှမ်းမှုတစ်စုံတစ်ရာမလုပ်ခဲ့သည့်တိုင် ရီးရဲလ်အသင်းဟာ ချဲလ်ဆီးအသင်းကို အခုချိန်ထိ ဟာဇက်နဲ့ပတ်သတ်ပြီးချိန်းခြောက်နေတုန်းပါပဲ။ဟာဇက်ရဲ့လက်ရှိစာချုပ်ဟာ တစ်ပတ်လုပ်ခပေါင် ၂၂၀,၀၀၀ရှိပြီး ၂၀၂၀ မှာကုန်ဆုံးမှာပဲဖြစ်ပါတယ်။ဒါကြောင့်ချဲလ်ဆီးအသင်းက တစ်ပတ်လုပ်ခပေါင်၃သိန်းဖြင့်တိုးမြင့်ကမ်းလှမ်းဖို့ရှိနေတာပဲဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဥက္ကဌ ဘရူ့စ်ဘာ့ခ်ကတော့ သူတို့ဟာအသင်းရဲ့ကစားသမားအင်ဒီဟာဇက်ကို အသင်းမှာဆက်ရှိနေဖို့ရေဆုံးမြေဆုံးအထိ ကြိုးစားသွားမယ်လို့ပြောကြားလိုက်ပါတယ်။
“ ကျွန်တော်တို့က သူ့ကိုဆက်ရှိစေချင်ပါတယ်။သူ့ကိုအသင်းမှာဆက်ရှိနေစေဖို့ကျွန်တော်တို့လုပ်ဆောင်သွားမှာပါ။လန်ဒန်မှာရှိတဲ့ချဲလ်ဆီးပရိတ်သတ်တိုင်းရော ကမ္ဘာ အနှံအပြားပရိတ်သတ်တွေကပါဟာဇက်ကို ချစ်ကြပါတယ်။သူဟာတကယ့်ဂရိတ်ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့အပြင် အံသြစရာကောင်းတဲ့လူငယ်လေးလို့ကျွန်တော်တို့ထင်ပါတယ်။” လို့ဒိုဟာမှာကျင်းပပြုလုပ်ခဲ့တဲ့ ဘောလုံးEventများရဲ့ Time Future မှာ စာချုပ်ကိစ္စတွေနဲ့ပတ်သတ်ပြီးပြောပြခဲ့ပါတယ်။ချဲလ်ဆီးပရိတ်သတ်များကတော့ နည်းပြဆာရီဟာ ဟာဇက်ကို အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်အမြဲသတ်မှတ်ထားကိုအလိုရှိစောင့်ဆိုင်းနေကြပါတယ်။အက်စပတ်ကျူတာဟာ အဆိုပါအသင်းခေါင်းဆောင်ရာထူးအတွက်စိတ်ဝင်စားခြင်းခံထားရသော်လည်း ဟာဇက်အတွက် ဒီအသင်းခေါင်းဆောင်ရာထူးလောက်နဲ့အသင်းမှာဆက်ရှိနေဖို့ဆိုတာတော့ ဖြစ်နိုင်မယ်မထင်ပါဘူး။
Post a Comment