Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ယူနိုက်တက်မှာလာကစားချင်နေတဲ့၂၅၄ဂိုးသွင်းဂိုးပိုင်ရှင်စူပါစတားတိုက်စစ်မှူး
ရီးရဲလ်အသင်းကနေထွက်ခွာချင်တယ်လို့ဝန်ခံပြောကြားခဲ့ပြီးနောက် ဒီရာသီဟာ ရီးရဲလ်အသင်းအတွက် သူ့ရဲ့နောက်ဆုံးရာသီဖြစ်သွားနိုင်ပါတယ်။
သူကတော့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကီရင်ဘန်ဇီးမားပါပဲ။
Caughtoffside ရဲ့အဆိုအရ အသက်၃၀အရွယ်ပြင်သစ်သားဟာ သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ကိုဖွင့်ဟပြောကြားခဲ့ပါတယ်။ဒါကတော့ သူဟာ မန်ချက်စတာယူနိုက်တက်မှာသွားကစားဖို့စိတ်အားထက်သန်နေတာပဲဖြစ်ပါတယ်။အိုထရက်ဖို့ဒ်မှာသွားကစားခြင်းအားဖြင့် နည်းပြဟောင်းမော်ရင်ဟိုနဲ့ပြန်လည်လက်တွဲနိုင်မှာပဲဖြစ်ပါတယ်။
SportEnglish ရဲ့ဖော်ပြချက်အရတော့ မက်ဒရစ်တိုက်စစ်မှူးဟာ PSG အသင်းမှာကစားဖို့စိတ်ကူးခဲ့ပါသေးတယ်။သို့သော်လည်း သူဟာ အသင်းရဲ့အဓိကတိုက်စစ်မှူး အီဒင်ဆန်ကာဗာနီနဲ့ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်တာကြောင့် လက်လေ ျှာ့ခဲ့တာပဲဖြစ်ပါတယ်။ဘန်ဇီးမားဟာ ၂၀၀၉  ခုနှစ်က လိုင်ယွန်အသင်းကနေ မက်ဒရစ်အသင်းဆီရောက်လာခဲ့တာဖြစ်ပြီး ၂၈၅ပွဲကစားခဲ့ကာ ၁၃၁ ဂိုးထိသွင်းယူပေးထားပါတယ်။ယခုနှစ်ရာသီအစမှာ သူဟာစွမ်းဆောင်ရည်တွေကျဆင်းလာနေပြီး မက်ဒရစ်နည်းပြ လိုပတ်တဂီဟာသူ့နေရာမှာအခြားတိုက်စစ်မှူးကို ရွေးချယ်ချင်နေပါတယ်။မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကတော့ သူ့ရဲ့ပြင်သစ်သားရဲ့မနှစ်ရာသီစွမ်းဆောင်ရည်ဟာမေးခွန်းထုတ်စရာဖြစ်နေခဲ့သော်လည်း ချီးကျူးပြောကြားခဲ့ပါတယ်။
“ ဘောလုံးအကြောင်းသိတဲ့လူတွေကတော့ ဘန်ဇီးမားဟာ ကစားသမားကောင်းမှန်းသိကြပါတယ်။သူ့ကိုကြိုက်တဲ့လူတစ်ချို့ရှိသလို မကြိုက်တဲ့လူလည်းရှိပါတယ်။အစ္စကို ကိုတစ်ချို့တွေကကြိုက်သလို တစ်ချို့ကလည်းမကြိုက်ပါဘူး။ဒါတွေဟာကျွန်တော်တို့မပြောင်းလဲနိုင်တဲ့အရာတွေပါပဲ။ကာရင်ကတော့ ဆက်လက်ချီတက်ရမှာပဲ။ဘာလို့လဲဆိုတော့ သူဒီမှာ ၉ နှစ်ကြာကစားပြီး သူစွမ်းဆောင်ပေးခဲ့တဲ့အရာတွေကို ကျွန်တော်တို့တွေကြည့်သင့်ပါတယ်။သူ့ကိုကစားသမားတစ်ယောက်အနေနဲ့ကျွန်တော်နှစ်သက်ပါတယ်။သူ့ရဲ့ကိန်းဂဏန်းတွေကဒါကို သက်သေပြနေတာပါပဲ။သူဟာမက်ဒရစ်ရဲ့နံပါတ်၉ ဖြစ်နိုင်ပါတယ်။ကျွန်တော်တို့သူ့ဆီကအများကြီးတောင်းဆိုနေပါတယ်။ဘာလို့လဲဆိုတော့ သူဟာအခုနောက်ပိုင်းဂိုးသိပ်မသွင်းနိုင်တော့လို့ပါ။ဒါပင်မယ့်သူဟာအသင်းအတွက် အံသြစရာကောင်းတဲ့အရာများစွာလုပ်ဆောင်ပေးနေပါတယ်။ဂိုးတွေပြန်လာပါလိမ့်မယ်။ဘောလုံးကိုကြိုက်တဲ့သူတွေက တော့ ဘန်ဇီးမားကို ကြိုက်ရပါမယ်။” လို့Managing Madrid ကနေ ဇီဒန်းကပြောကြားခဲ့ပါတယ်။
No comments
Powered by Blogger.