Header Ads


ေလ့က်င့္ကြင္းကိုုုျပန္ေရာက္လာၾကၿပီျဖစ္တဲ့မန္ခ်က္စတာယူႏိုက္တက္စတားမ်ား

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ယူႏိုက္တက္အသင္းရဲ႕ၾကယ္ပြင့္ကစားသမားေတြက တနလၤာေန့မနက္အေစာပိုင္းမွာအသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္ကိုလာေရာက္ပူးေပါင္းခဲ့ၿပီး နည္းျပေမာ္ရင္ဟိုက လာမည့္ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းႏွင့္ယွဥ္ၿပိဳင္ကစားရမည့္ျဖစ္တာေၾကာင့္အသင္းကိုအထူးတလည္ျပင္ဆင္ေနပါတယ္။

ယူႏိုက္တက္ အသင္းရဲ႕ကစားသမားအခ်ိဳ႕က ႏိုင္ငံတကာ ပြဲစဥ္ေတြမွာပါဝင္ခဲ့ျခင္းမ႐ွိတာေၾကာင့္နည္းျပေမာ္ရင္ဟိုႏွင့္အတူAON ေလ့က်င့္ေရးကြင္းကို ေစာလ်င္စြာလာေရာက္ပူးေပါင္းခဲ့ၾကပါတယ္။

အသင္းရဲ႕ၾကယ္ပြင့္ေတြျဖစ္ၾကတဲ့ လုခ္ေ႐ွာ လင္ဂတ္ ဖီးလ္ဂ်ံဳး တို႔က သူတို႔ရဲ႕ကိုယ္ပိုင္ကားမ်ားျဖင့္ ကာရင္တန္ေလ့က်င့္ေရးနယ္ေျမကို လာေရာက္ခဲ့ၾကပါတယ္။



ယူႏိုက္တက္အသင္းက လက္႐ွိေနာက္ဆံုး၅ပြဲမွာ ပြဲသာအႏိုင္ရ႐ွိထားၿပီး ပြဲသေရ ပြဲ႐ွံုးရလဒ္ကိုရ႐ွိထားပါတယ္။အဆိုပါ ရလဒ္ဟာ နည္းျပေမာ္ရင္ဟိုအတြက္အဆိုးဆံုးအေျခအေနတစ္ခုျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းနွင္႔ယွဥ္ျပိဳင္ကစားမည့္ ပရီးမီးယားလိဂ္ပြဲစဥ္ကိုသာ အႏိုင္မရ႐ွိခဲ့မယ္ဆိုရင္ေတာ့ နည္းျပေမာ္ရင္ဟိုအသင္းကေနထြက္ခြာဖို႔ ၈၀ရာခိုင္ႏႈန္း ေသခ်ာသေလာက္႐ွိေနမွာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းက ေနာက္တန္းအားနည္းေနၿပီး လာမည့္အေျပာင္းအေရြေစ်းကြက္မွာ အနိမ့္ဆံုးကစားသမား၄ဦးေလာက္ေသခ်ာေပါက္ေခၚယူဖို႔႐ွိေနတယ္လို႔သိရပါတယ္။ဒါ့အျပင္အသင္းရဲ႕ကစားသမားအခ်ိဳ႕ကလည္း စာခ်ဳပ္သက္တမ္း ကုန္ဆံုးေတာ့မွာျဖစ္တာေၾကာင့္ လာမည့္ဇန္နဝါရီလ အေျပာင္းအေရြ႔ရာသီ မတိုင္ခင္အျမန္ဆံုးစာခ်ဳပ္သက္တမ္းတိုးဖို႔လိုအပ္ေနပါတယ္။




ယူႏိုက္တက္အသင္းအေနႏွင့္ခ်ဲလ္ဆီးအသင္းႏွင့္ပြဲစဥ္မွာဘယ္လုိေျခစြမ္းမ်ိဳးျဖင့္ သရဲနီစိတ္ဓာတ္ျပန္လည္ျပသလာမလားဆိုတာေစာင့္ၾကည့္ဖို႔လိုအပ္ေနတာအမွန္ပါပဲ။

(Unicode)

လေ့ကျင့်ကွင်းကိုပြန်ရောက်လာကြပြီဖြစ်တဲ့မန်ချက်စတာယူနိုက်တက်စတားများ

ယူနိုက်တက်အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေက တနင်္လာနေ့မနက်အစောပိုင်းမှာအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကိုလာရောက်ပူးပေါင်းခဲ့ပြီး နည်းပြမော်ရင်ဟိုက လာမည့်
ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးအသင်းနှင့်ယှဉ်ပြိုင်ကစားရမည့်ဖြစ်တာကြောင့်အသင်းကိုအထူးတလည်ပြင်ဆင်နေပါတယ်။

ယူနိုက်တက် အသင်းရဲ့ကစားသမားအချို့က နိုင်ငံတကာ ပွဲစဉ်တွေမှာပါဝင်ခဲ့ခြင်းမရှိတာကြောင့်နည်းပြမော်ရင်ဟိုနှင့်အတူAON လေ့ကျင့်ရေးကွင်းကို စောလျင်စွာလာရောက်ပူးပေါင်းခဲ့ကြပါတယ်။

အသင်းရဲ့ကြယ်ပွင့်တွေဖြစ်ကြတဲ့ လုခ်ရှော လင်ဂတ် ဖီးလ်ဂျုံး တို့က သူတို့ရဲ့ကိုယ်ပိုင်ကားများဖြင့် ကာရင်တန်လေ့ကျင့်ရေးနယ်မြေကို လာရောက်ခဲ့ကြပါတယ်။

ယူနိုက်တက်အသင်းက လက်ရှိနောက်ဆုံး၅ပွဲမှာ ၁ပွဲသာအနိုင်ရရှိထားပြီး ၃ပွဲသရေ ၁ပွဲရှုံးရလဒ်ကိုရရှိထားပါတယ်။အဆိုပါ ရလဒ်ဟာ နည်းပြမော်ရင်ဟိုအတွက်အဆိုးဆုံးအခြေအနေတစ်ခုဖြစ်ပြီး ချဲလ်ဆီးအသင်းနှင့်ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုသာ အနိုင်မရရှိခဲ့မယ်ဆိုရင်တော့ နည်းပြမော်ရင်ဟိုအသင်းကနေထွက်ခွာဖို့ ၈၀ရာခိုင်နှုန်း သေချာသလောက်ရှိနေမှာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းက နောက်တန်းအားနည်းနေပြီး လာမည့်အပြောင်းအရွေဈေးကွက်မှာ အနိမ့်ဆုံးကစားသမား၄ဦးလောက်သေချာပေါက်ခေါ်ယူဖို့ရှိနေတယ်လို့သိရပါတယ်။ဒါ့အပြင်အသင်းရဲ့ကစားသမားအချို့ကလည်း စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် လာမည့်ဇန်နဝါရီလ အပြောင်းအရွေ့ရာသီ မတိုင်ခင်အမြန်ဆုံးစာချုပ်သက်တမ်းတိုးဖို့လိုအပ်နေပါတယ်။

ယူနိုက်တက်အသင်းအနေနှင့်ချဲလ်ဆီးအသင်းနှင့်ပွဲစဉ်မှာဘယ်လိုခြေစွမ်းမျိုးဖြင့် သရဲနီစိတ်ဓာတ်ပြန်လည်ပြသလာမလားဆိုတာစောင့်ကြည့်ဖို့လိုအပ်နေတာအမှန်ပါပဲ။

No comments

Powered by Blogger.