Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဟာဇက်ဟာတကယ့်ဂြိုလ်သားတစ်ကောင်ပါပဲ။--ဒီလိုက်ခ်(နယ်သာလန်နောက်ခံလူ)
မနေ့ညကကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ချစ်ကြည်ရေးပွဲမှာနယ်သာလန်လူငယ်နောက်ခံလူဟာ ခြေစွမ်းပြကစားခဲ့ပါတယ်။
နယ်သာလန်နောက်ခံလူဒီလိုက်ခ်က ဟာဇက်ဟာ ကမ္ဘာ့အပြင်ဘက်ကကစားသမား(ဂြိုလ်သား)တစ်ယောက်လို့ဆိုလိုက်ပါတယ်။မာတန်ရဲ့ဦးဆောင်ဂိုးကို ရော်နယ်ကိုးမန်းအသင်းရဲ့ဂူနယ်ဗယ်လ်ကာ ချေပဂိုးသွင်းယူစေကာ သရေရလဒ်ကိုရယူနိုင်စေခဲ့ပါတယ်။
အသက်၁၉ နှစ်အရွယ်နယ်သာလန်ရဲ့နောက်ခံလူ ဒီလိုက်ခ်ဟာ အင်ဒီဟာဇက်လိုပဲ ပထမပိုင်းထိပါဝင်ကစားခဲ့ရပါတယ်။“ ကျွန်တော် လူကာကူရဲ့အရွယ်အစား(ခန္တာကိုယ်) ကိုကောင်းကောင်းသိပါတယ်။ပြီးတော့ ဟာဇက်ဟာလည်း ဒီကမ္ဘာလောကရဲ့ပြင်ဘက်က(ဂြိုလ်သား) လူတစ်ယောက်ပါ။ကျွန်တော့်အတွက် တစ်ချို့သောထူးခြားတဲ့ ညတွေလိုပါပဲ။”
ဒီလိုက်ခ် ဟာ အေးဂျက်စ်အသင်းရဲ့လူငယ်အသင်းကနေထွန်းတောက်လာတဲ့ကစားသမားဖြစ်ပြီး ယူနိုက်တက်၊ဘာစီလိုနာအသင်းနဲ့မန်စီးတီးအသင်းတို့ဆီပြောင်းရွှေ့ဖို့ချိတ်ဆက်လျက်ရှိနေပါတယ်။ဒီဆယ်ကျော်သက်လူငယ်လေးဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ရင်ဆိုင်ကစားခဲ့ရလို့ပျော်ရွှင်ကျေနပ်ပါတယ်။“ ဒါဟာအရမ်းကိုအလန်းဇယားပဲ။ဒီလိုမျိူးကစားသမားတွေပါတဲ့ ပွဲတွေကို ကစားရတာအရမ်းမိုက်တယ်ဗျာ။လူကာကူလို တိုက်စစ်မှူးတွေ၊ဟာဇက်လို တောင်ပံတိုက်စစ်ကစားသမားမျိုးတွေနဲ့ကွင်းထဲမှာရင်ဆိုင်ကစားရတာဟာ တကယ့်အခွင့်အရေးကောင်းပါပဲဗျာ။”
ဒီလိုက်ခ်ဟာ နယ်သာလန်အသင်းအတွက်နိုင်ငံတကာပွဲပေါင်း ၁၁ပွဲထိပွဲထွက်ခွင့်ရထားတာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်းသူဟာ နယ်သာလန်အသင်းရဲ့သေချာပေါက်ပွဲထွက်လူစာရင်းမှာမပါဝင်သေးပါဘူး။“လူစားမလဲနိုင်ဘူးလို့ကျွန်တော်မပြောပါဘူး။ဒါပင်မယ့်လောဆယ် ကျွန်တော်ပွဲအတော်များကစားထားနေရပါတယ်။ဒီဂိုးက ကျွန်တော့်ရဲ့ဂိုးတွေထဲကတစ်ဂိုးပါပဲ။ဒါပင်မယ့်အစားမထိုးနိုင်အောင်ဖြစ်ရပါမယ်။ဘာလို့လဲဆိုတော့မင်းဟာအချိန်အတော်ကြာမြင့်စွာ ပုံမှန်ကစားရမှာမို့လို့ပါ။“
Post a Comment