Header Ads


ဒီဂီယာကိုုအလြတ္ေျပာင္းေရႊ ့ေၾကးျဖင့္လက္လႊတ္ရဖိုု ့နီးစပ္ေနတဲ့ယူႏိုုက္တက္


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ေဒးဗစ္ဒီဂီယာရဲ စာခ်ဳပ္ဟာ လာမယ့္ေႏြရာသီမွာကုုန္ဆံုးေတာ့မွာပဲျဖစ္ပါတယ္။မန္ခ်က္စတာယူနိုုက္တက္အသင္းဟာသူတိုု ့အသင္းရဲ ့နံပါတ္၁ဂိုးသမားကိုု အလႊတ္ေျပာင္းေရႊ ့ေၾကးျဖင့္လက္လႊတ္ရနိုုင္တာေၾကာင့္ နည္းျပဂ်ိဳ ့စ္ေမာ္ရင္ဟိုအေနနဲ ့အဆိုုပါကိစၥနဲ ့ပတ္သတ္ၿပီး စိတ္ပ်က္ေနမွာအေသအခ်ာပါပဲ။

ယူႏိုက္တက္ဟာသူတိုု ့ရဲ ့ကစားသမားေတြကိုု သက္တမ္းတိုုးေနက်ပံုုစံအတိုုင္း ဒီဂီယာရဲ ့လက္ရိွစာခ်ဳပ္အရ ေနာက္ထပ္တစ္နွစ္သက္တမ္းတိုုးနိုုင္မယ့္အခြင့္အေရးရိွေနပါတယ္။ The times ရဲ ့ေဖာ္ျပခ်က္အရ ေျပာင္းေရႊ ့ေၾကးအလြတ္နဲ ့ဂုုန္းဆင္းတဲ့ေနရာမွာဆရာတစ္ဆူျဖစ္တဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ ဒီဂီယာနဲ့ ယူႏိုုက္တက္တိုု ့ရဲ့အေျခအေနကိုုေစာင့္ၾကည့္ေနၿပီး လံုုး၀မ်က္ေခ်ျပတ္လက္လႊတ္ခံမွာမဟုုတ္ပါဘူး။



ၿပီးခဲ့တဲ့ ၄ႏွစ္တာကာလအတြင္း ဒီဂီယာဟာယူနိုုက္တက္အသင္းရဲ ့တစ္ရာသီအေကာင္းဆံုုးကစားသမားဆုကို ၃ၾကိမ္အထိရရိွထားတဲ့သူျဖစ္ၿပီး ၂၀၁၅ တုုန္းက ေျပာင္းေရႊ ့ေၾကးအေျမာက္အျမားနဲ ့စပိန္ကလပ္ရီးရဲလ္ဆီသြားဖိုု ့အလြန္နီးစပ္ခဲ့ေသာ္လည္း စာရြက္စာတမ္းေနာက္က်ခဲ့တဲ့ျပႆနာေၾကာင့္ယူႏိုုက္တက္မွာ ဆက္ရိွေနခဲ့တာပဲျဖစ္ပါတယ္။ရီးရဲလ္ရဲ ့ဒီဂီယာအေပၚစိတ္၀င္စားမႈေတြဟာ အခုုခ်ိန္မွာတိတ္ဆိတ္သြားခဲ့ၿပီး နာဗက္စ္ နဲ ့ေကာ္တြိဳက္စ္ တိုု ့လိုကစားသမားေတြပိုုင္ဆိုုင္ထားၿပီးျဖစ္တာေၾကာင့္ ဒီဂီယာကိုုေခၚမယ့္အေရးကေနာက္ဆုုတ္သြားခဲ့ၿပီပဲျဖစ္ပါတယ္။


ဒါေၾကာင့္ ဒီဂီယာ ဟာ ဂ်ဴဗင္တပ္စ္အသင္းရဲ ့သတိထားစိတ္၀င္စားျခင္းကိုခံေနရၿပီး တူရင္ကလပ္ဆီေခၚဖိုု ့စိတ္အားထက္သန္ေနၾကပါတယ္။၂၀၀၉  ခုုနွစ္ကစတင္ၿပီး Old Lady အသင္းဟာ ဖာဘီယိုုကာနာဗာရိုု၊ပီယာလိုု၊ေပါ့ဘာ၊ေလာရန္တီး၊ကိုုမန္း၊ခါဒီရာ၊ဒန္နီအဲလ္ဗက္စ္၊အီမာခ်န္တိုု ့ကိုု ေျပာင္းေရႊ ့ေၾကးတစ္ျပားတစ္ခ်က္မွမေပးရပဲေခၚယူႏိုုင္ခဲ့ပါတယ္။ဒီဂီယာဟာ ၿပီးခဲ့တဲ့ အဂၤါေန ့ညက - ျဖင့္ ဂ်ဴဗင္တပ္စ္အသင္းကိုုရံႈးနိမ့္ခဲ့တဲ့ပြဲမွာလက္စြမ္းျပပါ၀င္ကစားခဲ့ၿပီး ရိုုနယ္ဒိုုရဲ ့ေသခ်ာလွပတဲ့သြင္းဂိုုးကိုု အမိအရ ပုုတ္ထုုတ္ျပနိုုင္ခဲ့ပါတယ္။



(Unicode)


ဒီဂီယာကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရဖို့နီးစပ်နေတဲ့ယူနိုက်တက်

ဒေးဗစ်ဒီဂီယာရဲ စာချုပ်ဟာ လာမယ့်နွေရာသီမှာကုန်ဆုံးတော့မှာပဲဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာသူတို့အသင်းရဲ့နံပါတ်၁ဂိုးသမားကို အလွှတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရနိုင်တာကြောင့် နည်းပြဂျို့စ်မော်ရင်ဟိုအနေနဲ့အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး စိတ်ပျက်နေမှာအသေအချာပါပဲ။

ယူနိုက်တက်ဟာသူတို့ရဲ့ကစားသမားတွေကို သက်တမ်းတိုးနေကျပုံစံအတိုင်း ဒီဂီယာရဲ့လက်ရှိစာချုပ်အရ နောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အခွင့်အရေးရှိနေပါတယ်။ The times ရဲ့ဖော်ပြချက်အရ ပြောင်းရွှေ့ကြေးအလွတ်နဲ့ဂုန်းဆင်းတဲ့နေရာမှာဆရာတစ်ဆူဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဒီဂီယာနဲ့ ယူနိုက်တက်တို့ရဲ့အခြေအနေကိုစောင့်ကြည့်နေပြီး လုံးဝမျက်ချေပြတ်လက်လွှတ်ခံမှာမဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ၄နှစ်တာကာလအတွင်း ဒီဂီယာဟာယူနိုက်တက်အသင်းရဲ့တစ်ရာသီအကောင်းဆုံးကစားသမားဆုကို ၃ကြိမ်အထိရရှိထားတဲ့သူဖြစ်ပြီး ၂၀၁၅ တုန်းက ပြောင်းရွှေ့ကြေးအမြောက်အမြားနဲ့စပိန်ကလပ်ရီးရဲလ်ဆီသွားဖို့အလွန်နီးစပ်ခဲ့သော်လည်း စာရွက်စာတမ်းနောက်ကျခဲ့တဲ့ပြဿနာကြောင့်ယူနိုက်တက်မှာ ဆက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ရီးရဲလ်ရဲ့ဒီဂီယာအပေါ်စိတ်ဝင်စားမှုတွေဟာ အခုချိန်မှာတိတ်ဆိတ်သွားခဲ့ပြီး နာဗက်စ် နဲ့ကော်တွိုက်စ် တို့လိုကစားသမားတွေပိုင်ဆိုင်ထားပြီးဖြစ်တာကြောင့် ဒီဂီယာကိုခေါ်မယ့်အရေးကနောက်ဆုတ်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီဂီယာ ဟာ ဂျူဗင်တပ်စ်အသင်းရဲ့သတိထားစိတ်ဝင်စားခြင်းကိုခံနေရပြီး တူရင်ကလပ်ဆီခေါ်ဖို့စိတ်အားထက်သန်နေကြပါတယ်။၂၀၀၉  ခုနှစ်ကစတင်ပြီး Old Lady အသင်းဟာ ဖာဘီယိုကာနာဗာရို၊ပီယာလို၊ပေါ့ဘာ၊လောရန်တီး၊ကိုမန်း၊ခါဒီရာ၊ဒန်နီအဲလ်ဗက်စ်၊အီမာချန်တို့ကို ပြောင်းရွှေ့ကြေးတစ်ပြားတစ်ချက်မှမပေးရပဲခေါ်ယူနိုင်ခဲ့ပါတယ်။ဒီဂီယာဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ၁-၀ ဖြင့် ဂျူဗင်တပ်စ်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှာလက်စွမ်းပြပါဝင်ကစားခဲ့ပြီး ရိုနယ်ဒိုရဲ့သေချာလှပတဲ့သွင်းဂိုးကို အမိအရ ပုတ်ထုတ်ပြနိုင်ခဲ့ပါတယ်။



No comments

Powered by Blogger.