ချဲလ်ဆီးအသင်းအတွက်ဟတ်ထရစ်ရယူပေးခဲ့ပြီးပွဲထွက်ခွင့်တစ်နေရာကိုမျှော်လင့်နေတဲ့လော့ဖ်တက်ချိခ်
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ချဲလ်ဆီးအသင်းအတွက်ဟတ်ထရစ်ရယူပေးခဲ့ပြီးပွဲထွက်ခွင့်တစ်နေရာကိုမေ ျှာ်လင့်နေတဲ့လော့ဖ်တက်ချိခ်
မနေ့ညက ယူရိုပါလိပ်ပွဲအဖြစ် ဘေ့ဒ်အသင်းကို သက်သောင့်သက်သာအနိုင်ရခဲ့တဲ့ပွဲမှာ ချဲလ်ဆီးကွင်းလယ်လူလော့ဖ်တက်ချိခ်ဟာ ဟတ်ထရစ်သွင်းယူပေးခဲ့ပြီး အသင်းရဲ့ပုံမှန်ပွဲထွက်ခွင့်တစ်နေရာအတွက်အဆင်သင့်ဖြစ်နေကြောင်းသက်သေပြလိုက်ပြီပဲဖြစ်ပါတယ်။
ဘေ့ဒ်အသင်းကို ၃-၁ ဖြင့်အနိုင်ရပွဲမှာ ချဲလ်ဆီးအသင်းရဲ့၃ဂိုးစလုံးကို လော့ဖ်တက်ချိခ်တစ်ယောက်သွင်းယူပေးခဲ့ပြီးနောက်သူဟာ ပထမအသင်းရဲ့ပုံမှန်ပွဲထွက်လူစာရင်းအတွက် ကောင်းမွန်တဲ့အလေ့အကျင့်တွေကိုထိန်းသိမ်းနေတယ်လို့ပြောကြားလိုက်ပါတယ်။အသက်၂၂နှစ်အရွယ်ကစားသမားရဲ့အရည်အသွေးအပေါ်မျက်ကွယ်ပြုထားတဲ့ နည်းပြဆာရီအတွက်တော့ ဒါဟာပိုကောင်းတဲ့လက္ခဏဖြစ်ပြီး ပွဲကစားချိန်ပထမပိုင်း၈မိနစ်မှာတင် ၂ဂိုးသွင်းနိူင်ခဲ့ပါတယ်။ဒုတိယပိုင်းရောက်မှာ သူက ထပ်မံဂိုးသွင်းခဲ့ပြီး ကစားသမားဘဝပထမဆုံးဟတ်ထရစ်မှတ်တမ်းကို ရယူနိုင်ခဲ့ပါတယ်။ဒါ့အပြင်ချဲလ်ဆီးအသင်းဟာလည်း ၃ပွဲဆက်ယူရိုပါလိပ်စံချိန်ကို စိုက်ထူထားနိုင်ခဲ့ပြန်ပါတယ်။
ဒီနှစ်ပရီးမီးယားလိပ်ရာသီအစမှာအသင်းပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေကြောင့်အသင်းရဲ့လူစာရင်းမှာပါဝင်ခွင့်သိပ်မရခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူရဲ့ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကို မနေ့ညကပွဲမှာမြင်တွေ့ခွင့်ရခဲ့ပါတယ်။ “ ကျွန်တော့်ခေါင်းထဲကပထမဆုံးအတွေးက ကောင်းကောင်းကစားနိုင်တာကိုဆက်ထိန်းထားဖို့ပါ။ ကျွန်တော်ပွဲထွက်ခွင့်ရမယ့်အခွင့်အရေးကို ရနိုင်မယ့်ကိစ္စမျိုးမှာတော်နေအောင်ထိန်းထားချင်ပါတယ်။ကောင်းမွန်တဲ့ အလေ့အကျင့်တွေကိုဆက်ထိန်းထားဖို့လိုပါတယ်။ကောင်းကောင်းစားမယ်။ကောင်းကောင်းအိပ်မယ်။ကောင်းကောင်းလေ့ကျင့်မယ်။ကျွန်တော့်ရဲ့အခွင့်အရေးတွေရောက်လာလိမ့်မယ်လို့မေ ျှာ်လင့်ပါတယ်။မန်နေဂျာက ဒါကိုအနိုင်ယူဖို့ပြောပါတယ်။ပစ်မှတ်က အုပ်စုမှပထမရဖို့ပါ။တကယ့်ကိုကောင်းမွန်တဲ့ခံစားချက်ပါပဲဗျာ။ဒါဟာကျွန်တော့်ဘဝရဲ့ပထမဆုံးဟတ်ထရစ်ပါပဲ။ဘယ်ကစားသမားမဆို ဟတ်ထရစ်သွင်းရတာမိုက်တယ်လို့ခင်ဗျားကိုပြောကြမှာပဲ။နောက်ထပ်အများကြီးတွေရောက်လာဦးမယ်လို့မေ ျှာ်လင့်ပါတယ်။” လို့BT Sport ကို ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဘေ့ဒ်အသင်းကိုနိုင်လိုက်တာကြောင့် ရမှတ်၉ မှတ်ဖြင့် အုပ်စု L မှာထိပ်ဆုံးကလွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နေပါတယ်။ဆာရီရဲ့အသင်းသားတွေဟာလာမယ့်တနင်္ဂနွေနေ့မှာကန်မယ့် ဘန်လေအသင်းနဲ့ပရီးမီးယားလိပ်ပွဲမှာ ရလဒ်ကောင်းတွေရယူပြီး ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းဖို့မေ ျှာ်မှန်းနေပါတယ်။
Post a Comment