Header Ads


ရီးရဲလ္မက္ဒရစ္နည္းျပျဖစ္လာဖိုု ့ေရပန္းစားေနတဲ့ ခ်ဲလ္ဆီးနည္းျပေဟာင္းကြန္တီ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။


ဂ်ဴဗင္တပ္စ္အသင္း ႏွင့္ခ်ဲလ္ဆီးအသင္း နည္းျပေဟာင္းကြန္တီက ရီးရဲလ္အသင္းနည္းျပျဖစ္ရန္ ထိပ္ဆံုးမွေျပးေနၿပီး လက္႐ွိနည္းျပ လိုပက္တီဂို ရဲ႕ေနရာမွာ အစားထိုးမည္လို႔သတင္းမ်ားကေဖာ္ျပေနပါတယ္။

စပိန္သား လိုပက္တ္ီဂို ဟာ ေလးပြဲဆက္တိုက္ႏိုင္ပြဲမ႐ွိရလဒ္ႏွင့္ သံုးပြဲေျမာက္႐ွံုးပြဲ ရယ္ ဂိုးမသြင္းယူႏိုင္တဲ့ပြဲ ေလးပြဲအထိ႐ွိလာတာေၾကာင့္ ဖိအားအျပည့္ႏွင့္ရင္ဆိုင္ေနရၿပီး
သူရဲ႕ေနရာဟာ လႈပ္ခတ္ေနပါတယ္။

ခိုင္လံုေသာသတင္းမ်ားအရ ရီးရဲလ္အသင္းရဲ႕အစည္းအေဝးပြဲအၿပီး ကြန္တီကို လိုပက္တီဂိုရဲ႕ေနရာမွာ အစားထိုးရန္စဥ္းစားခဲ့တယ္လို႔ ေဖာ္ျပၾကပါတယ္။နည္းျပအျဖစ္လ်ာထားတဲ့စာရင္းမွာ ကြန္တီက ထိပ္ဆံုးကဦးေဆာင္ေနတယ္လို႔ သတင္းရ႐ွိပါတယ္။



ကြန္တီက သူနည္းျပမွတ္တမ္းထဲမွာ အစဥ္အလာေကာင္းေတြ႐ွိၿပီး ဂ်ဴဗင္တပ္စ္ အသင္းႏွင့္ စကူဒတ္တီဖလား ၃ႀကိမ္ ခ်ဲလ္ဆီးအသင္းႏွင့္ပရီးမီးယားလိဂ္တစ္ႀကိမ္ FAဖလားတစ္ႀကိမ္ရ႐ွိထားခဲ့ပါတယ္။

သူကအီတလီလက္ေရြးစင္အသင္းကို ကိုင္တြယ္စဥ္ကယူ႐ိုဖလား ၿပိဳင္ပြဲမွာ ကြာတာဖိုင္နယ္အထိေရာက္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ၿပီး ဂ်ာမနီအသင္းကို ပင္နယ္တီမွာ႐ွံုးနိမ့္ကာ ၿပိဳင္ပြဲက ထြက္ခြာခဲ့ရပါတယ္။


လက္႐ွိကြန္တီဟာ နည္းျပအျဖစ္ရပ္တည္လုပ္ကိုင္ရန္ေခၚယူမည့္အသင္းေတြမ်ားျပားေနၿပီး ဇိီဒန္းတို႔ထက္အမ်ားႀကီးအသာရ႐ွိေနပါတယ္။

(Unicode)

ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်လာဖို့ရေပန်းစားနေတဲ့ ချဲလ်ဆီးနည်းပြဟောင်းကွန်တီ

ဂျူဗင်တပ်စ်အသင်း နှင့်ချဲလ်ဆီးအသင်း နည်းပြဟောင်းကွန်တီက ရီးရဲလ်အသင်းနည်းပြဖြစ်ရန် ထိပ်ဆုံးမှပြေးနေပြီး လက်ရှိနည်းပြ လိုပက်တီဂို ရဲ့နေရာမှာ အစားထိုးမည်လို့သတင်းများကဖော်ပြနေပါတယ်။

စပိန်သား လိုပက်တ်ီဂို ဟာ လေးပွဲဆက်တိုက်နိုင်ပွဲမရှိရလဒ်နှင့် သုံးပွဲမြောက်ရှုံးပွဲ ရယ် ဂိုးမသွင်းယူနိုင်တဲ့ပွဲ လေးပွဲအထိရှိလာတာကြောင့် ဖိအားအပြည့်နှင့်ရင်ဆိုင်နေရပြီး
သူရဲ့နေရာဟာ လှုပ်ခတ်နေပါတယ်။

ခိုင်လုံသောသတင်းများအရ ရီးရဲလ်အသင်းရဲ့အစည်းအဝေးပွဲအပြီး ကွန်တီကို လိုပက်တီဂိုရဲ့နေရာမှာ အစားထိုးရန်စဉ်းစားခဲ့တယ်လို့ ဖော်ပြကြပါတယ်။နည်းပြအဖြစ်လျာထားတဲ့စာရင်းမှာ ကွန်တီက ထိပ်ဆုံးကဦးဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

ကွန်တီက သူနည်းပြမှတ်တမ်းထဲမှာ အစဉ်အလာကောင်းတွေရှိပြီး ဂျူဗင်တပ်စ် အသင်းနှင့် စကူဒတ်တီဖလား ၃ကြိမ် ချဲလ်ဆီးအသင်းနှင့်ပရီးမီးယားလိဂ်တစ်ကြိမ် FAဖလားတစ်ကြိမ်ရရှိထားခဲ့ပါတယ်။

သူကအီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်စဉ်ကယူရိုဖလား ပြိုင်ပွဲမှာ ကွာတာဖိုင်နယ်အထိရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပြီး ဂျာမနီအသင်းကို ပင်နယ်တီမှာရှုံးနိမ့်ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

လက်ရှိကွန်တီဟာ နည်းပြအဖြစ်ရပ်တည်လုပ်ကိုင်ရန်ခေါ်ယူမည့်အသင်းတွေများပြားနေပြီး ဇီဒန်းတို့ထက်အများကြီးအသာရရှိနေပါတယ်။

No comments

Powered by Blogger.