ရိုနယ်ဒို နဲ့ မက်ဆီတို့ ပါဝင်လာတဲ့ ၂၀၁၈ ရွှေဖိနပ်ဆုရှင်စကာတင်စာရင်း
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ရိုနယ်လ်ဒို မက်ဆီတို့ဦးဆောင်ပြီး နူအာ ဆွာရက်ဇ် လီဝန်ဒေါ့စကီး တို့ပါဝင်လာခဲ့တဲ့ ၂၀၁၈ခုနှစ်ရဲ့ ရွှေခြေထောက်ဆုရှင် စကာတင်၁၀ဦးစာရင်းထွက်ပေါ်လာခဲ့ပါတယ်။
အဆိုပါ ရွှေခြေထောက်ဆု ဟာ နိုင်ငံတကာ ဘောလုံးဆုပေးပွဲဖြစ်ပြီး မည့်သည့်ဘောလုံးသမားမဆို သူရဲ့ကိုယ်ပိုင် ကလပ်နှင့် ကိုယ်ပိုင်အသင်းအတွက်ကြိုးစားအားထုတ်ပြီးဆုဖလားများ ဆွတ်ခူးရရှိမှုအပေါ်မူတည်၍ ချီးမြှင့်သော်ဆုဖြစ်ပါတယ်။အဆိုပါကစားသမားများအနေနှင့်အသက်၂၈နှစ်အထက်ဖြစ်ရပြီး အဆိုပါဆုကို ဆုရကစားသမားအနေနှင့်ဘဝမှာတစ်ကြိမ်သာ ဆွတ်ခူးခွင့်ရရှိမည်ဖြစ်ပါတယ်။
ရွှေခြေထောက်ဆုရဲ့စကာတင်၁၀ယောက်ကို နိုင်ငံတကာ ဘောလုံးကျွမ်းကျင် သတင်းထောက်များရဲ့အမှတ်ပေးအကဲခတ်မှတ်ကျောက်တင်မည်ဖြစ်ပြီး ပရိသတ်များအနေနှင့်အင်တာနက်မှတဆင့်မဲပေးအဆိုပြုနိုင်မှာဖြစ်ပြီး အဆိုပါဆုစာရင်းမှာပါဝင်ခွင့်ရမည့်ကစားသမားများအနေဖြင့်အနိမ့်ဆုံးအသက်၂၈နှစ်ရှိရမည်ဖြစ်ကာ လက်ရှိအချိန်ထိဘောလုံးကစားနေသည့်ကစားသမားဖြစ်ရမည်ဖြစ်ပါတယ်။ဒါအပြင် အဆိုပါ
ဆုကို ကစားသမားသက်တမ်းတစ်လျောက်တကြိမ်သာရရှိမှာဖြစ်ပြီးအဆိုပါဆုရဲ့အောက်မှာ ကစားသမားနာမည်များရေးထွင်းထားမည်ဖြစ်ကာ မိုနာကိုမြို့မှာပေးအပ်ချီးမြှင့်မည်လို့သိရပါတယ်။
Post a Comment