ေမာ္ရင္ဟိုုနဲ ့ေနာက္တစ္ၾကိမ္လက္တြဲအလုုပ္လုုပ္ခ်င္တယ္လိုု ့ဖြင့္ဟ၀န္ခံခဲ့တဲ့ဟာဇက္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂ်ိဳ ့စ္ေမာ္ရင္ဟိုုနဲ ့ပတ္သတ္ၿပီး ခင္ဗ်ားတိုု ့ကၽြန္ေတာ္တိုု ့ေတြအမ်ိဳးမ်ိဳးအျမင္ေဆာင္းၾကဖူးပါတယ္။အထူးသျဖင့္ လူ ၁၀ေယာက္ မွာ သူ ့ကိုု မနွစ္သက္တဲ့လူ ၈ေယာက္ေလာက္ရိွမယ္ဆိုုတာေတာ့မျငင္းနိုုင္ပါဘူး။ဒါပင္မယ့္လည္း သူ နဲ ့အလုုပ္တူတူတြဲလုုပ္ဖူးခဲ့တဲ့ တစ္ခ်ိန္ကေမာ္ရင္ဟိုုအားကိုုးရတဲ့ အခ်စ္ေတာ္ ခ်ဲလ္ဆီးစတားအင္ဒီဟာဇက္ကေတာ့ တစ္ခ်ိန္မွာသူ ့ရဲ ့ဆရာေဟာင္းေမာ္ရင္ဟိုုနဲ ့အတူအလုုပ္အတူတူတြဲလုုပ္ခ်င္တယ္လို ့ဖြင့္ဟ၀န္ခံေျပာၾကားလိုုက္ပါတယ္။
ယူႏိုုက္တက္ကစားသမားေတြျဖစ္တဲ့ ေပါ့ဘာ၊ဆန္းခ်က္စ္၊မာရွယ္၊လုခ္ေရွာ၊အဲရစ္ဘိုင္လီ၊မာတာ၊စေမာလင္း၊မက္တိုုေနး၊ရပ္ဖိုု ့ဒ္တိုု ့နဲ ့ျပႆနာအခ်ိဳ ့ေမာ္ရင္ဟိုုမွာ ရိွေကာင္းရိွေနနိုုင္ပါတယ္။
ဘယ္အသင္းကိုုပဲေရာက္ေရာက္အဆံုုးသတ္ေရာက္ခါနီးေရာက္ရင္ အသင္းကစားသမားေတြနဲ ့ျပႆနာတက္ၿပီးထြက္ခြာရေလ့ရိွတဲ့ေမာ္ရင္ဟိုုအတြက္ေတာ့ ဒါဟာအစဥ္အလာတစ္ခုလိုုျဖစ္လို ့ေနပါတယ္။
၂၀၁၃ မွာရီးရဲလ္နည္းျပဘ၀ကေနအထုုတ္ပယ္ခံရၿပီးေနာက္ပိုုင္းခ်ဲလ္ဆီးအသင္းကိုု တစ္ဖန္ျပန္ကိုုင္တြယ္ခဲ့ၿပီး ၂၀၁၄-၁၅ ပရီးမီးယားလိပ္ခ်န္ပီယံျဖစ္ေအာင္စြတ္ခူးၿပီးေနာက္ပိုုင္း ၂၀၁၅ ေရာက္မွာေတာ့ခ်ဲလ္ဆီးအသင္းမွာ ျပႆနာေတြတစ္ေပြ ့တစ္ပိုုက္နဲ ့ထြက္ခြာသြားခဲ့ရပါတယ္။
ကလပ္ရဲ ့တစ္နွစ္တာအေကာင္းဆံုုးကစားသမားဆုုကိုရရိွထားတဲ့ ဘယ္လ္ဂ်ီယံစတားအင္ဒီဟာဇက္မွာေတာ့ ေမာ္ရင္ဟို လို ေပါင္းသင္းဆက္ဆံရခက္တဲ့နည္းျပမ်ိဳးနဲ ့အတူတူလက္တြဲလုုပ္ဖိုု ့အေၾကာင္းျပခ်က္တစ္ခုုရိွေကာင္းရိွေနနိုုင္ပါတယ္။သူတိုု ့၂ဦးဟာ ၂၀၁၅ မွာတုုန္းက ျပႆနာတစ္ခ်ိဳ ့ရိွခဲ့ပင္မယ့္ လက္ရိွယူႏိုုက္တက္ ေဘာ့စ္နဲ ့အတူေနာက္ထပ္လက္တြဲအလုုပ္လုုပ္ခ်င္ေသးတယ္လို ့ေျပာၾကားလိုုက္ပါတယ္။
“ ေမာ္ရင္ဟိုလက္ေအာက္ေနာက္ဆံုုးရာသီက ေပ်ာ္စရာမေကာင္းပါဘူး။ကၽြန္ေတာ္တိုု ့အနိုုင္မယူႏိုုင္ခဲ့ၾကပါဘူး။ပံုုမွန္ျဖစ္ေနသလိုု မ်ိဳး ျဖစ္သြားခဲ့ပါတယ္။ေပ်ာ္စရာေတြမပါပဲေလ့က်င့္ခန္းလုုပ္ခဲ့ရပါတယ္။ကၽြန္ေတာ္တို ့ေတြလမ္းခြဲမွ ပိုုေကာင္းတယ္လိုု ့ထင္ခဲ့ၾကပါတယ္။ဒါပင္မယ့္ ကၽြန္ေတာ့္အတြက္ေနာက္တစ္ၾကိမ္လက္တြဲအလုုပ္လုုပ္ခ်င္တဲ့နည္းျပတစ္ေယာက္ကို ေမးမယ္ဆိုရင္ေတာ့ ေမာ္ရင္ဟိုုပါပဲ။” လိုု ့HLN ကို ေျပာၾကားခဲ့ပါတယ္။
“ ကၽြန္ေတာ့္ရဲ ့ကစားသမားဘ၀ ေနာင္တရတဲ ့အရာေတြမရိွပါဘူး။ဒါပင္မယ့္ ခ်ဲလ္ဆီးမွာေတာ့ေမာ္ရင္ဟိုနဲ ့ဒီထက္ပိုုၿပီးလက္တြဲကာ အလုုပ္မလုုပ္ခ်င္ေတာ့ပါဘူး။ဆုုဖလားေတြအမ်ားၾကီးရယူႏိုုင္တဲ့အသင္းကၽြန္ေတာ္တိုု ့မွာရိွခဲ့ပါတယ္။အနုုတ္လကၡဏေဆာင္တဲ့ ပံုုစံနဲ ့ကၽြန္ေတာ္တိုု ့ေတြအဆံုုးသတ္ခဲ့ရပါတယ္။”
ဟာဇက္နဲ ့ေမာ္ရင္ဟိုု တိုု ့၂ေယာက္ တစ္ေန ့ေရာက္ရင္ ရီးရဲလ္မက္ဒရစ္အသင္းမွာ ျပန္လည္ပူးေပါင္းနိုုင္မယ္လိုု ့ထင္ပါသလား ?
အိုုထရက္ဖိုု ့ဒ္က ေမာ္ရင္ဟိုု ရဲ့အနာဂတ္ဟာ အေတာ္ေလးလႈပ္ခတ္လ်က္ရိွေနသလိုု ဇီဒန္းထားခဲ့တဲ့ ရီးရဲလ္နည္းျပရာထူးမွာ လိုုပက္တဂီတစ္ေယာက္လည္း အထုုတ္ပယ္ခံရဖိုု ့နီးစပ္ေနပါတယ္။
တစ္ခ်ိန္ထဲမွာပဲ အင္ဒီဟာဇက္တစ္ေယာက္က သူဟာ တစ္ေန ့ေန ့မွာ ရီးရဲလ္မက္ဒရစ္အသင္းမွာကစားခ်င္တယ္လို ့ဖြင့္ဟ၀န္ခံေျပာၾကားလိုုက္ပါေသးတယ္။
“ ကၽြန္ေတာ္က ပြဲထဲမွာတကယ္ရိွေနတဲ့သူပါ။ အခုုေလာဆယ္ေတာ့ ကၽြန္ေတာ္အေကာင္းဆံုုးကစားေနပါတယ္။ရီးရဲလ္မက္ဒရစ္ အသင္းဟာ ကမာၻ ေပၚမွာ အေကာင္းဆံုုးအသင္းပါ။ကၽြန္ေတာ္ဒီေန ့မွာေတာ့ မလိမ္ခ်င္ပါဘူး။”
“ ကၽြန္ေတာ့္ ငယ္ဘ၀ထဲက ဒါဟာအိပ္မက္ပါ။ ကၽြန္ေတာ္ဒီအသင္းနဲ ့ပတ္သတ္ၿပီး အၿမဲစိတ္ကူးယဥ္ေနတာခဲ့တာပါ။ဒီအေၾကာင္းနဲ ့ပတ္သတ္ၿပီး ေန ့တိုုင္းမေၿပာခ်င္ပါဘူး။အခ်ိန္လည္းမရိွပါဘူး။ဒါပင္မယ့္ ကၽြန္ေတာ့္အနာဂတ္အေၾကာင္းကိုု မၾကာခင္ ေဆြးေႏြးေတာ့မွာပါ။ဒီလိုုပဲထင္ပါတယ္။ခင္ဗ်ားမွာ အိပ္မက္ရိွမယ္ဆိုုရင္ အဲ့လိုုတကယ္ျဖစ္လာေအာင္ လုုပ္ခ်င္မွာေပါ့။”
ဟာဇက္နဲ ့ေမာ္ရင္ဟိုု တိုု ့ဆရာတပည့္၂ေယာက္တစ္ခ်ိန္မွာပူးေပါင္းနိုုင္ၾကမလား?
(Unicode)
ဂျို့စ်မော်ရင်ဟိုနဲ့ပတ်သတ်ပြီး ခင်ဗျားတို့ကျွန်တော်တို့တွေအမျိုးမျိုးအမြင်ဆောင်းကြဖူးပါတယ်။အထူးသဖြင့် လူ ၁၀ယောက် မှာ သူ့ကို မနှစ်သက်တဲ့လူ ၈ယောက်လောက်ရှိမယ်ဆိုတာတော့မငြင်းနိုင်ပါဘူး။ဒါပင်မယ့်လည်း သူ နဲ့အလုပ်တူတူတွဲလုပ်ဖူးခဲ့တဲ့ တစ်ချိန်ကမော်ရင်ဟိုအားကိုးရတဲ့ အချစ်တော် ချဲလ်ဆီးစတားအင်ဒီဟာဇက်ကတော့ တစ်ချိန်မှာသူ့ရဲ့ဆရာဟောင်းမော်ရင်ဟိုနဲ့အတူအလုပ်အတူတူတွဲလုပ်ချင်တယ်လို့ဖွင့်ဟဝန်ခံပြောကြားလိုက်ပါတယ်။
ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊ဆန်းချက်စ်၊မာရှယ်၊လုခ်ရှော၊အဲရစ်ဘိုင်လီ၊မာတာ၊စမောလင်း၊မက်တိုနေး၊ရပ်ဖို့ဒ်တို့နဲ့ပြဿနာအချို့မော်ရင်ဟိုမှာ ရှိကောင်းရှိနေနိုင်ပါတယ်။
ဘယ်အသင်းကိုပဲရောက်ရောက်အဆုံးသတ်ရောက်ခါနီးရောက်ရင် အသင်းကစားသမားတွေနဲ့ပြဿနာတက်ပြီးထွက်ခွာရလေ့ရှိတဲ့မော်ရင်ဟိုအတွက်တော့ ဒါဟာအစဉ်အလာတစ်ခုလိုဖြစ်လို့နေပါတယ်။
၂၀၁၃ မှာရီးရဲလ်နည်းပြဘဝကနေအထုတ်ပယ်ခံရပြီးနောက်ပိုင်းချဲလ်ဆီးအသင်းကို တစ်ဖန်ပြန်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄-၁၅ ပရီးမီးယားလိပ်ချန်ပီယံဖြစ်အောင်စွတ်ခူးပြီးနောက်ပိုင်း ၂၀၁၅ ရောက်မှာတော့ချဲလ်ဆီးအသင်းမှာ ပြဿနာတွေတစ်ပွေ့တစ်ပိုက်နဲ့ထွက်ခွာသွားခဲ့ရပါတယ်။
ကလပ်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရရှိထားတဲ့ ဘယ်လ်ဂျီယံစတားအင်ဒီဟာဇက်မှာတော့ မော်ရင်ဟို လို ပေါင်းသင်းဆက်ဆံရခက်တဲ့နည်းပြမျိုးနဲ့အတူတူလက်တွဲလုပ်ဖို့အကြောင်းပြချက်တစ်ခုရှိကောင်းရှိနေနိုင်ပါတယ်။သူတို့၂ဦးဟာ ၂၀၁၅ မှာတုန်းက ပြဿနာတစ်ချို့ရှိခဲ့ပင်မယ့် လက်ရှိယူနိုက်တက် ဘော့စ်နဲ့အတူနောက်ထပ်လက်တွဲအလုပ်လုပ်ချင်သေးတယ်လို့ပြောကြားလိုက်ပါတယ်။
“ မော်ရင်ဟိုလက်အောက်နောက်ဆုံးရာသီက ပျော်စရာမကောင်းပါဘူး။ကျွန်တော်တို့အနိုင်မယူနိုင်ခဲ့ကြပါဘူး။ပုံမှန်ဖြစ်နေသလို မျိုး ဖြစ်သွားခဲ့ပါတယ်။ပျော်စရာတွေမပါပဲလေ့ကျင့်ခန်းလုပ်ခဲ့ရပါတယ်။ကျွန်တော်တို့တွေလမ်းခွဲမှ ပိုကောင်းတယ်လို့ထင်ခဲ့ကြပါတယ်။ဒါပင်မယ့် ကျွန်တော့်အတွက်နောက်တစ်ကြိမ်လက်တွဲအလုပ်လုပ်ချင်တဲ့နည်းပြတစ်ယောက်ကို မေးမယ်ဆိုရင်တော့ မော်ရင်ဟိုပါပဲ။” လို့HLN ကို ပြောကြားခဲ့ပါတယ်။
“ ကျွန်တော့်ရဲ့ကစားသမားဘ၀ နောင်တရတဲ့အရာတွေမရှိပါဘူး။ဒါပင်မယ့် ချဲလ်ဆီးမှာတော့မော်ရင်ဟိုနဲ့ဒီထက်ပိုပြီးလက်တွဲကာ အလုပ်မလုပ်ချင်တော့ပါဘူး။ဆုဖလားတွေအများကြီးရယူနိုင်တဲ့အသင်းကျွန်တော်တို့မှာရှိခဲ့ပါတယ်။အနုတ်လက္ခဏဆောင်တဲ့ ပုံစံနဲ့ကျွန်တော်တို့တွေအဆုံးသတ်ခဲ့ရပါတယ်။”
ဟာဇက်နဲ့မော်ရင်ဟို တို့၂ယောက် တစ်နေ့ရောက်ရင် ရီးရဲလ်မက်ဒရစ်အသင်းမှာ ပြန်လည်ပူးပေါင်းနိုင်မယ်လို့ထင်ပါသလား ?
အိုထရက်ဖို့ဒ်က မော်ရင်ဟို ရဲ့အနာဂတ်ဟာ အတော်လေးလှုပ်ခတ်လျက်ရှိနေသလို ဇီဒန်းထားခဲ့တဲ့ ရီးရဲလ်နည်းပြရာထူးမှာ လိုပက်တဂီတစ်ယောက်လည်း အထုတ်ပယ်ခံရဖို့နီးစပ်နေပါတယ်။
တစ်ချိန်ထဲမှာပဲ အင်ဒီဟာဇက်တစ်ယောက်က သူဟာ တစ်နေ့နေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းမှာကစားချင်တယ်လို့ဖွင့်ဟဝန်ခံပြောကြားလိုက်ပါသေးတယ်။
“ ကျွန်တော်က ပွဲထဲမှာတကယ်ရှိနေတဲ့သူပါ။ အခုလောဆယ်တော့ ကျွန်တော်အကောင်းဆုံးကစားနေပါတယ်။ရီးရဲလ်မက်ဒရစ် အသင်းဟာ ကမ္ဘာ ပေါ်မှာ အကောင်းဆုံးအသင်းပါ။ကျွန်တော်ဒီနေ့မှာတော့ မလိမ်ချင်ပါဘူး။”
“ ကျွန်တော့် ငယ်ဘဝထဲက ဒါဟာအိပ်မက်ပါ။ ကျွန်တော်ဒီအသင်းနဲ့ပတ်သတ်ပြီး အမြဲစိတ်ကူးယဉ်နေတာခဲ့တာပါ။ဒီအကြောင်းနဲ့ပတ်သတ်ပြီး နေ့တိုင်းမပြောချင်ပါဘူး။အချိန်လည်းမရှိပါဘူး။ဒါပင်မယ့် ကျွန်တော့်အနာဂတ်အကြောင်းကို မကြာခင် ဆွေးနွေးတော့မှာပါ။ဒီလိုပဲထင်ပါတယ်။ခင်ဗျားမှာ အိပ်မက်ရှိမယ်ဆိုရင် အဲ့လိုတကယ်ဖြစ်လာအောင် လုပ်ချင်မှာပေါ့။”
ဟာဇက်နဲ့မော်ရင်ဟို တို့ဆရာတပည့်၂ယောက်တစ်ချိန်မှာပူးပေါင်းနိုင်ကြမလား?
Post a Comment