Header Ads


ဒီဂီယာအတြက္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုုဖိုု ့ေနာက္ဆံုးထားရမယ့္အခ်ိန္ကိုုသတ္မွတ္လိုက္တဲ့ယူႏိုက္တက္




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

မန္ခ်က္စတာယူႏိုုက္တက္အသင္းဟာ အသင္းဂိုုးသမားေဒးဗစ္ဒီဂီယာအား ဒီႏွစ္ကုုန္မွာစာခ်ဳပ္သစ္ခ်ဳပ္ဆိုုဖိုု ့ေနာက္ဆံုုးအခ်ိန္အျဖစ္သတ္မွတ္ထားလိုုက္ျပီျဖစ္ပါတယ္။

စပိန္ဂိုးသမားရဲ ့လက္ရိွစာခ်ဳပ္သက္တမ္းအရ ၂၀၁၉  မွာကုုန္ဆံုုးမွာျဖစ္ၿပီးေတာ့ ယူနိုုက္တက္အသင္းဟာ သူတိုု ့ရဲ ့အဖိုုးတန္ဂိုုးသမားကိုု စာခ်ဳပ္သစ္ခ်ဳပ္ဆိုုဖိုု ့စဥ္းစားခ်ိန္ ၁၂ လေပးထားလိုုက္ၿပီပဲျဖစ္ပါတယ္။

ထြက္ေပၚလာတဲ့ စာခ်ဳပ္အသစ္သတင္းေတြအရ ဒီဂီယာ ယူႏိုုက္တက္မွာတစ္ပတ္လုုပ္ခ ေပါင္ ၃၇၅,၀၀၀ထိရရိွမယ္လိုု ့သတင္းေတြထြက္ေပၚခဲ့ဖူးပါတယ္။

ဒါပင္မယ့္လည္း စာခ်ဳပ္သစ္ဟာ ျဖစ္ေျမာက္လာျခင္းအလ်င္းမရိွေသးပဲ PSG ဘာစီလိုုနာ နဲ ့ရီးရဲလ္တိုု ့ကလည္း အလႊတ္ေျပာင္းေရႊ ့ေၾကးျဖင့္ကမာၻ ့အေကာင္းဆံုုးဂိုုးသမားဒီဂီယာကိုု ရရိွဖိုု ့မ်က္စိက်ေနပါတယ္။


The Sun သတင္းေထာက္မ်ားရဲ ့ေဖာ္ျပခ်က္အရ ယူႏိုုက္တက္အသင္းဟာဒီဂီယာ ရဲ ့စာခ်ဳပ္သစ္အတြက္အခ်ိန္ဆြဲေနမႈအေပၚ သည္းခံမႈကုုန္ဆံုုးေနေၾကာင္းဆိုုထားၿပီး ဒီဂီယာကိုု ဒီႏွစ္ကုုန္ထိ ေနာက္ဆံုုးခ်ိန္ေပးထားလိုုက္ၿပီပဲျဖစ္ပါတယ္။

အကယ္၍ ဒီဂီယာသာ လာမယ့္ဇန္န၀ါရီမွာ စာခ်ဳပ္သစ္ေပၚ လက္မွတ္ထိုုးဖိုု ့ျငင္းဆန္ေနဦးမယ္ဆိုုရင္ေတာ့ ဒီဂီယာရဲ ့လက္ရိွစာခ်ဳပ္မွာပါတဲ့ အခ်က္အတိုုင္းသက္တမ္းတိုုးဖိုု ့လုုပ္ေဆာင္ၾကမွာပဲျဖစ္ပါတယ္။

ယူႏိုုက္တက္နဲ ့ဒီဂီယာတိုု ့ရဲ ့စာခ်ဳပ္သက္တမ္းတိုုးဖိုု ့ေႏွာင့္ေနွးေနတဲ့ ျပႆနာက အျခားအသင္းေတြအတြက္ စိတ္၀င္စားလာေအာင္ မီးစိမ္းျပေနသလိုု ျဖစ္ေနၿပီး ယူႏိုုက္တက္ဘက္ကေတာ့ဒီဂီယာရဲ ့လက္ရိွစာခ်ဳပ္မွာပါတဲ့ အခ်က္နဲ ့ကိုင္ေပါက္ေနပါတယ္။

ဂ်ိဳ ့စ္ေမာ္ရင္ဟိုု ရဲ ့နည္းျပရာထူးကလည္း လႈပ္ခတ္လ်က္ရိွေနတာေၾကာင့္ ဒီဂီယာတစ္ေယာက္ သူ ့ရဲ ့အနာဂတ္ကိုု ျပန္လည္စဥ္းစားေနတာပဲျဖစ္ပါတယ္။


အသက္၂၇ နွစ္အရြယ္ ဂိုုးသမားဟာ ယူႏိုုက္တက္ဆီ ၂၀၁၁ ခုုနွစ္ကေျပာင္းလာၿပီးေနာက္ပိုုင္း ပြဲေပါင္း ၃၀၀ေက်ာ္ အေကာင္းဆံုုးကစားေပးထားတာပဲျဖစ္ပါတယ္။

(Unicode)



ဒီဂီယာအတွက် စာချုပ်သစ်ချုပ်ဆိုဖို့နောက်ဆုံးထားရမယ့်အချိန်ကိုသတ်မှတ်လိုက်တဲ့ယူနိုက်တက်


မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းဂိုးသမားဒေးဗစ်ဒီဂီယာအား ဒီနှစ်ကုန်မှာစာချုပ်သစ်ချုပ်ဆိုဖို့နောက်ဆုံးအချိန်အဖြစ်သတ်မှတ်ထားလိုက်ပြီဖြစ်ပါတယ်။

စပိန်ဂိုးသမားရဲ့လက်ရှိစာချုပ်သက်တမ်းအရ ၂၀၁၉  မှာကုန်ဆုံးမှာဖြစ်ပြီးတော့ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့အဖိုးတန်ဂိုးသမားကို စာချုပ်သစ်ချုပ်ဆိုဖို့စဉ်းစားချိန် ၁၂ လပေးထားလိုက်ပြီပဲဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ စာချုပ်အသစ်သတင်းတွေအရ ဒီဂီယာ ယူနိုက်တက်မှာတစ်ပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ထိရရှိမယ်လို့သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။

ဒါပင်မယ့်လည်း စာချုပ်သစ်ဟာ ဖြစ်မြောက်လာခြင်းအလျင်းမရှိသေးပဲ PSG ဘာစီလိုနာ နဲ့ရီးရဲလ်တို့ကလည်း အလွှတ်ပြောင်းရွှေ့ကြေးဖြင့်ကမ္ဘာ့အကောင်းဆုံးဂိုးသမားဒီဂီယာကို ရရှိဖို့မျက်စိကျနေပါတယ်။

The Sun သတင်းထောက်များရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာဒီဂီယာ ရဲ့စာချုပ်သစ်အတွက်အချိန်ဆွဲနေမှုအပေါ် သည်းခံမှုကုန်ဆုံးနေကြောင်းဆိုထားပြီး ဒီဂီယာကို ဒီနှစ်ကုန်ထိ နောက်ဆုံးချိန်ပေးထားလိုက်ပြီပဲဖြစ်ပါတယ်။

အကယ်၍ ဒီဂီယာသာ လာမယ့်ဇန်နဝါရီမှာ စာချုပ်သစ်ပေါ် လက်မှတ်ထိုးဖို့ငြင်းဆန်နေဦးမယ်ဆိုရင်တော့ ဒီဂီယာရဲ့လက်ရှိစာချုပ်မှာပါတဲ့ အချက်အတိုင်းသက်တမ်းတိုးဖို့လုပ်ဆောင်ကြမှာပဲဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ဒီဂီယာတို့ရဲ့စာချုပ်သက်တမ်းတိုးဖို့နှောင့်နှေးနေတဲ့ ပြဿနာက အခြားအသင်းတွေအတွက် စိတ်ဝင်စားလာအောင် မီးစိမ်းပြနေသလို ဖြစ်နေပြီး ယူနိုက်တက်ဘက်ကတော့ဒီဂီယာရဲ့လက်ရှိစာချုပ်မှာပါတဲ့ အချက်နဲ့ကိုင်ပေါက်နေပါတယ်။

ဂျို့စ်မော်ရင်ဟို ရဲ့နည်းပြရာထူးကလည်း လှုပ်ခတ်လျက်ရှိနေတာကြောင့် ဒီဂီယာတစ်ယောက် သူ့ရဲ့အနာဂတ်ကို ပြန်လည်စဉ်းစားနေတာပဲဖြစ်ပါတယ်။

အသက်၂၇ နှစ်အရွယ် ဂိုးသမားဟာ ယူနိုက်တက်ဆီ ၂၀၁၁ ခုနှစ်ကပြောင်းလာပြီးနောက်ပိုင်း ပွဲပေါင်း ၃၀၀ကျော် အကောင်းဆုံးကစားပေးထားတာပဲဖြစ်ပါတယ်။


No comments

Powered by Blogger.