စကားေျပာဖိုု ့အသင္းေခါင္းေဆာင္လက္ပတ္ရိွစရာမလိုုပါဘူး။-ေပါ့ဘာ

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ျပင္သစ္အသင္းရဲ ့အသင္းေခါင္းေဆာင္လက္ပတ္ကိုု၀တ္ဆင္ဖိုု ့ဆိုုတာ ကြင္းလယ္လူအတြက္ ရည္မွန္းခ်က္မဟုုတ္ပါဘူး။သူကိုုယ္တိုုင္က ေခါင္းေဆာင္ဆိုုတာ အ၀တ္လဲခန္းထဲမွာစကားအၿမဲမေျပာေၾကာင္းဆိုုထားတဲ့သူပါ။
မန္ခ်က္စတာယူႏိုုက္တက္ကြင္းလယ္လူ ေပါလ္ေပါ့ဘာက ျပင္သစ္အသင္းရဲ ့အသင္းေခါင္းေဆာင္ျဖစ္ဖိုု ့မရည္ရြယ္ထားပါဘူး။ သူထင္တာက သူဟာအသင္းေခါင္းေဆာင္လက္ပတ္၀တ္၀တ္မ၀တ္၀တ္ ကလပ္နဲ ့နိုုင္ငံအသင္းေပၚလႊမ္းမိုုးမႈရိွၿပီးသားဆိုုတာပဲျဖစ္ပါတယ္။
ယူႏိုုက္တက္အသင္းကေန ျပင္သစ္အသင္းဆီ လာေရာက္ပူးေပါင္းေနတဲ့ ေပါ့ဘာဟာ အိုုက္စ္လန္အသင္းနဲ ့ဂ်ာမနီအသင္းတိုု ့နဲ ့ကန္ရမယ့္ပြဲလူစာရင္းမွာ ပါ၀င္လာဖြယ္ရိွၿပီး ၂၅ႏွစ္အရြယ္ကြင္းလယ္လူဟာ ႏိုုင္ငံအသင္းရဲ ့မာလိန္မွဴးတစ္ေယာက္ျဖစ္လာဖိုု ့စိတ္၀င္စားမႈမရိွေၾကာင္းဆိုုထားတာပဲျဖစ္ပါတယ္။
ေပါ့ဘာ က L’ Equipe ကိုု စာတိုုတစ္ပုုဒ္စာ ေျပာၾကားခဲ့ပါတယ္။ “ ကၽြန္ေတာ္ဘယ္တုုန္းကမွ ျပင္သစ္အသင္းမွာ ေခါင္းေဆာင္ျဖစ္ခ်င္လိုု ့မကစားခဲ့ဖူးပါဘူး။ဒီမွာရိွေနရတာဟာ ကၽြန္ေတာ့္အတြက္ ၾကီးမားတဲ့အရာတစ္ခုုပါပဲ။”
“ စကားေျပာဖိုု ့အသင္းေခါင္းေဆာင္ျဖစ္စရာမလိုုပါဘူး။ေခါင္းေဆာင္ဆိုုတာ လက္ပတ္၀တ္ထားတဲ့သူကိုု ဆိုုလိုုတာမဟုုတ္ပါဘူး။”

“ ေခါင္းေဆာင္တစ္ေယာက္အေနနဲ ့ကြင္းထဲမွာစကားေျပာႏိုုင္ပါတယ္။ဒါပင္မယ့္ ေခါင္းေဆာင္ဆိုုတာဟာ စကားေျပာစရာမလိုုတဲ့လူလိုု ့ျမင္ပါတယ္။”
“ ဥပမာအေနနဲ ့ပီယာလိုု (ေပါ့ဘာရဲ ့ဂ်ဴဗင္တပ္စ္အသင္းေဖာ္) ဟာ ေခါင္းေဆာင္တစ္ေယာက္ပါ။ဒါပင္မယ့္ သူဟာ အ၀တ္လဲခန္းထဲမွာဘယ္တုုန္းကမွစကားေျပာမွာမဟုုတ္ပါဘူး။ သူဟာကြင္းထဲမွာ အၿမဲရိွၿပီးသက္ေသျပတယ္။သူဟာ တကယ့္ ေခါင္းေဆာင္အစစ္မွန္တစ္ေယာက္ပါ။”
“ ဒီလက္ပတ္ေလးတစ္ခုုက ရည္မွန္းခ်က္မဟုုတ္ပါဘူး။”
ေပါ့ဘာဟာ ယူႏိုုက္တက္အသင္းကိုတိုုက္စစ္ပိုုမိုု ကစားဖို ့ေျပာၾကားတိုုက္တြန္းခဲ့တာေၾကာင့္ေ၀ဖန္ေလွာင္ေျပာင္မႈမ်ားနဲ ့ရင္ဆိုုင္ခဲ့ရၿပီး ျပင္သစ္နည္းျပ ဒစ္ခ်န္ ့က ေမာ္ရင္ဟိုုနဲ ့ေပါ့ဘာတိုု ့ၾကား ကိစၥဟာ သက္သက္ပံုုၾကီးခ်ဲ့ေနတာပါလိုု ့ဆိုုခဲ့ပါတယ္။

ေမာ္ရင္ဟိုုနဲ ့ျဖစ္ပ်က္ေနတဲ့ ျပႆနာကိုု နည္းျပဒစ္ခ်န္ ့တိုုင္ပင္ၾကည့္ရာ ဒစ္ခ်န္ ့က မီဒီယာေတြရဲ ့အလြန္အက်ဴးအာရံုုစိုုက္ေနတဲ့ေပါ့ဘာကိုု ကိုုင္တြယ္နိုုင္မယ့္နည္းလမ္းကိုအၾကံညဏ္ေပးခဲ့ပါတယ္လိုု ့ေပါ့ဘာက၀န္ခံေျပာၾကားခဲ့ပါတယ္။
“ သူ (ဒစ္ခ်န္ ့) က ကၽြန္ေတာ့္ကိုု အၾကံညဏ္ေကာင္းတစ္ခ်ိဳ ့ေပးခဲ့ပါတယ္။အဲ့ဒါကေတာ့ ဂ်ာနယ္လစ္၊ပရိတ္သတ္ေတြ ရယ္ တစ္ကမာၻ လံုုးနဲ ့အဆက္အသြယ္မဖ်က္လိုုက္ဖိုု ့ပါပဲ။”
“ ဘာလိုု ့လဲဆိုုေတာ့ ခင္ဗ်ားမွာဒီလိုုပံုုစံရိွေကာင္းရိွနိုုင္ပါတယ္။ အား!! သူစိတ္မေကာင္းျဖစ္ေနတဲ့အခ်ိန္ သူစကားမေျပာခ်င္ပါဘူး။”
“ နည္းျပခ်ဳပ္ကကၽြန္ေတာ့္ကိုု စကားေျပာတယ္။ သူကၽြန္ေတာ့္ကိုု ကူညီခဲ့တယ္။ အခုုေတာ့ ကၽြန္ေတာ့္ကို ကၽြန္ေတာ္ အနည္းငယ္ပြင့္လင္းလာၿပီလို ့ထင္ပါတယ္။ကၽြန္ေတာ့္အေၾကာင္း အနည္းငယ္ေဖာ္ျပႏိုုင္ပါတယ္။”
“ ကၽြန္ေတာ္ဂ်ာနယ္လစ္ေတြနဲ ့ပတ္သတ္ၿပီး စိတ္မပ်က္ပါဘူးဗ်ာ။ကၽြန္ေတာ္စကားမေျပာခ်င္တာပဲရိွပါတယ္။ကၽြန္ေတာ့္ကိုု ကၽြန္ေတာ္ ဒီလိုုစကားေတြေျပာရင္ အသံုုးမက်ဘူးလိုု ့ေျပာခဲ့ပါတယ္။”
(Unicode)
စကားပြောဖို့အသင်းခေါင်းဆောင်လက်ပတ်ရှိဖို့မလိုပါဘူး။-ပေါ့ဘာ
ပြင်သစ်အသင်းရဲ့အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ဖို့ဆိုတာ ကွင်းလယ်လူအတွက် ရည်မှန်းချက်မဟုတ်ပါဘူး။သူကိုယ်တိုင်က ခေါင်းဆောင်ဆိုတာ အဝတ်လဲခန်းထဲမှာစကားအမြဲမပြောကြောင်းဆိုထားတဲ့သူပါ။
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါလ်ပေါ့ဘာက ပြင်သစ်အသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်ဖို့မရည်ရွယ်ထားပါဘူး။ သူထင်တာက သူဟာအသင်းခေါင်းဆောင်လက်ပတ်ဝတ်ဝတ်မဝတ်ဝတ် ကလပ်နဲ့နိုင်ငံအသင်းပေါ်လွှမ်းမိုးမှုရှိပြီးသားဆိုတာပဲဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကနေ ပြင်သစ်အသင်းဆီ လာရောက်ပူးပေါင်းနေတဲ့ ပေါ့ဘာဟာ အိုက်စ်လန်အသင်းနဲ့ဂျာမနီအသင်းတို့နဲ့ကန်ရမယ့်ပွဲလူစာရင်းမှာ ပါဝင်လာဖွယ်ရှိပြီး ၂၅နှစ်အရွယ်ကွင်းလယ်လူဟာ နိုင်ငံအသင်းရဲ့မာလိန်မှူးတစ်ယောက်ဖြစ်လာဖို့စိတ်ဝင်စားမှုမရှိကြောင်းဆိုထားတာပဲဖြစ်ပါတယ်။
ပေါ့ဘာ က L’ Equipe ကို စာတိုတစ်ပုဒ်စာ ပြောကြားခဲ့ပါတယ်။ “ ကျွန်တော်ဘယ်တုန်းကမှ ပြင်သစ်အသင်းမှာ ခေါင်းဆောင်ဖြစ်ချင်လို့မကစားခဲ့ဖူးပါဘူး။ဒီမှာရှိနေရတာဟာ ကျွန်တော့်အတွက် ကြီးမားတဲ့အရာတစ်ခုပါပဲ။”
“ စကားပြောဖို့အသင်းခေါင်းဆောင်ဖြစ်စရာမလိုပါဘူး။ခေါင်းဆောင်ဆိုတာ လက်ပတ်ဝတ်ထားတဲ့သူကို ဆိုလိုတာမဟုတ်ပါဘူး။”
“ ခေါင်းဆောင်တစ်ယောက်အနေနဲ့ကွင်းထဲမှာစကားပြောနိုင်ပါတယ်။ဒါပင်မယ့် ခေါင်းဆောင်ဆိုတာဟာ စကားပြောစရာမလိုတဲ့လူလို့မြင်ပါတယ်။”
“ ဥပမာအနေနဲ့ပီယာလို (ပေါ့ဘာရဲ့ဂျူဗင်တပ်စ်အသင်းဖော်) ဟာ ခေါင်းဆောင်တစ်ယောက်ပါ။ဒါပင်မယ့် သူဟာ အဝတ်လဲခန်းထဲမှာဘယ်တုန်းကမှစကားပြောမှာမဟုတ်ပါဘူး။ သူဟာကွင်းထဲမှာ အမြဲရှိပြီးသက်သေပြတယ်။သူဟာ တကယ့် ခေါင်းဆောင်အစစ်မှန်တစ်ယောက်ပါ။”
“ ဒီလက်ပတ်လေးတစ်ခုက ရည်မှန်းချက်မဟုတ်ပါဘူး။”
ပေါ့ဘာဟာ ယူနိုက်တက်အသင်းကိုတိုက်စစ်ပိုမို ကစားဖို့ပြောကြားတိုက်တွန်းခဲ့တာကြောင့်ဝေဖန်လှောင်ပြောင်မှုများနဲ့ရင်ဆိုင်ခဲ့ရပြီး ပြင်သစ်နည်းပြ ဒစ်ချန့်က မော်ရင်ဟိုနဲ့ပေါ့ဘာတို့ကြား ကိစ္စဟာ သက်သက်ပုံကြီးချဲ့နေတာပါလို့ဆိုခဲ့ပါတယ်။
မော်ရင်ဟိုနဲ့ဖြစ်ပျက်နေတဲ့ ပြဿနာကို နည်းပြဒစ်ချန့်တိုင်ပင်ကြည့်ရာ ဒစ်ချန့်က မီဒီယာတွေရဲ့အလွန်အကျူးအာရုံစိုက်နေတဲ့ပေါ့ဘာကို ကိုင်တွယ်နိုင်မယ့်နည်းလမ်းကိုအကြံညဏ်ပေးခဲ့ပါတယ်လို့ပေါ့ဘာကဝန်ခံပြောကြားခဲ့ပါတယ်။
“ သူ (ဒစ်ချန့်) က ကျွန်တော့်ကို အကြံညဏ်ကောင်းတစ်ချို့ပေးခဲ့ပါတယ်။အဲ့ဒါကတော့ ဂျာနယ်လစ်၊ပရိတ်သတ်တွေ ရယ် တစ်ကမ္ဘာ လုံးနဲ့အဆက်အသွယ်မဖျက်လိုက်ဖို့ပါပဲ။”
“ ဘာလို့လဲဆိုတော့ ခင်ဗျားမှာဒီလိုပုံစံရှိကောင်းရှိနိုင်ပါတယ်။ အား!! သူစိတ်မကောင်းဖြစ်နေတဲ့အချိန် သူစကားမပြောချင်ပါဘူး။”
“ နည်းပြချုပ်ကကျွန်တော့်ကို စကားပြောတယ်။ သူကျွန်တော့်ကို ကူညီခဲ့တယ်။ အခုတော့ ကျွန်တော့်ကို ကျွန်တော် အနည်းငယ်ပွင့်လင်းလာပြီလို့ထင်ပါတယ်။ကျွန်တော့်အကြောင်း အနည်းငယ်ဖော်ပြနိုင်ပါတယ်။”
“ ကျွန်တော်ဂျာနယ်လစ်တွေနဲ့ပတ်သတ်ပြီး စိတ်မပျက်ပါဘူးဗျာ။ကျွန်တော်စကားမပြောချင်တာပဲရှိပါတယ်။ကျွန်တော့်ကို ကျွန်တော် ဒီလိုစကားတွေပြောရင် အသုံးမကျဘူးလို့ပြောခဲ့ပါတယ်။”
Post a Comment