ရီးရဲလ္မက္ဒရစ္မွာကစားခ်င္တာကကၽြန္ေတာ့္ရဲ ့အိပ္မက္ပါ။--ဟာဇက္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခ်ဲလ္ဆီးစတား အင္ဒီဟာဇက္ကေတာ့ လာမယ့္ရာသီဘယ္အသင္းမွာ သူကစားမလဲသူေသခ်ာမသိေၾကာင္း နဲ ့သူ ့ရဲ ့အနာဂတ္အေၾကာင္းကိုဖြင့္ဟ၀န္ခံသြားခဲ့ပါတယ္။
အင္ဒီဟာဇက္က သူ ့ရဲ ့အိပ္မက္ျဖစ္တဲ့ ရီးရဲလ္အသင္းဆီပဲသြားကစားရမလား ဒါမွမဟုုတ္ ခ်ဲလ္ဆီးအသင္းနဲ ့ပဲ စာခ်ဳပ္သစ္ခ်ဳပ္ဆိုုရမလား သူမသိေၾကာင္း နဲ ့ဒါဟာ ခက္ခဲတဲ့ ဆံုုးျဖတ္ခ်က္တစ္ခုုပါလိုု ့ေျပာၾကားလိုုက္ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ရီးရဲလ္အသင္းကစိတ္၀င္စားေနတဲ့ ဟာဇက္ကိုု ဒီႏွစ္ေႏြရာသီမွာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖိုု ့ၾကိဳးပမ္းေနခဲ့တာျဖစ္ေသာ္လည္း ဘယ္လ္ဂ်ီယံစတားကေတာ့ စာခ်ဳပ္သစ္အတြက္အင္တင္တင္ျဖစ္ေနၿပီး လက္ရိွစာခ်ဳပ္မွာလည္း ၂ႏွစ္သက္တမ္းသာရိွပါေတာ့တယ္။
အသက္ ၂၇ႏွစ္အရြယ္ ဟာဇက္ဟာ ဒီရာသီခ်ဲလ္ဆီးအသင္းမွာ အေကာင္းဆံုုးပံုုစံျပသေနၿပီး နည္းျပဆာရီရဲ ့အသင္းကိုု ဂိုုးကြားျခားခ်က္အသာနဲ ့ဇယားထိပ္ရဲ ့ဒုုတိယေနရာကေနရပ္တည္ႏိုုင္ေအာင္ စြမ္းေဆာင္ေပးထားပါတယ္။
ဟာဇက္ဟာ လက္ရိွပရီးမီးယားလိပ္မွာ သြင္းဂိုး ၇ဂိုုးျဖင့္ ဂိုုးသြင္းဇယားထိပ္မွာ ဦးေဆာင္ေနၿပီး တနဂၤေႏြေန ့ကကစားခဲ့တဲ့ ေဆာက္တမ္တန္ နဲ ့ပြဲမွာ ၁ဂိုုးသြင္းယူေပးထားႏိုုင္ခဲ့ပါတယ္။
“ ဟုုတ္ကဲ့၊ ဒါေၾကာင့္ ကမာၻ ့ဖလားၿပီးတုုန္းကကၽြန္ေတာ္ေျပာခဲ့တာေပါ့။ ကၽြန္ေတာ့္အထင္ ေျပာင္းလဲဖိုု ့အခ်ိန္တန္ၿပီလိုု ့ထင္ခဲ့ပါတယ္။ ဘာလိုု ့လဲဆိုုေတာ့ ကမာၻ ့ဖလားမွာကၽြန္ေတာ္အေကာင္းဆံုုးကစားခဲ့လိုု ့ပါ။” လိုု ့ဟာဇက္က စိန္ ့ေမရီ ကြင္းမွာ သတင္းေထာက္ေတြကိုု ေျပာၾကားခဲ့ပါတယ္။
“ ကၽြန္ေတာ္က ပြဲထဲမွာတကယ္ရိွေနတဲ့သူပါ။ အခုုေလာဆယ္ေတာ့ ကၽြန္ေတာ္အေကာင္းဆံုုးကစားေနပါတယ္။ရီးရဲလ္မက္ဒရစ္ အသင္းဟာ ကမာၻ ေပၚမွာ အေကာင္းဆံုုးအသင္းပါ။ကၽြန္ေတာ္ဒီေန ့မွာေတာ့ မလိမ္ခ်င္ပါဘူး။”
“ ကၽြန္ေတာ့္ ငယ္ဘ၀ထဲက ဒါဟာအိပ္မက္ပါ။ ကၽြန္ေတာ္ဒီအသင္းနဲ ့ပတ္သတ္ၿပီး အၿမဲစိတ္ကူးယဥ္ေနတာခဲ့တာပါ။ဒီအေၾကာင္းနဲ ့ပတ္သတ္ၿပီး ေန ့တိုုင္းမေၿပာခ်င္ပါဘူး။အခ်ိန္လည္းမရိွပါဘူး။ဒါပင္မယ့္ ကၽြန္ေတာ့္အနာဂတ္အေၾကာင္းကိုု မၾကာခင္ ေဆြးေႏြးေတာ့မွာပါ။ဒီလိုုပဲထင္ပါတယ္။ခင္ဗ်ားမွာ အိပ္မက္ရိွမယ္ဆိုုရင္ အဲ့လိုုတကယ္ျဖစ္လာေအာင္ လုုပ္ခ်င္မွာေပါ့။”
“ ဒီလိုုပါပဲ။ ကၽြန္ေတာ္အသင္းကေန ထြက္ခြာမယ္ဆို ကၽြန္ေတာ္ေပ်ာ္မွာပါ။အသင္းမွာဆက္ရိွေနမယ္ဆိုုရင္လည္း ကၽြန္ေတာ္ေပ်ာ္မွာပါ။ကၽြန္ေတာ္အသင္းကေနထြက္ခြာရင္ေပ်ာ္ၿပီး ဆက္ရိွေနရင္ စိတ္မေကာင္းျဖစ္ေနမယ္ဆိုုတာမ်ိဴးေတာ့မဟုုတ္ပါဘူး။”
ဟာဇက္ရဲ ့အရင္းႏွီးဆံုုးသူငယ္ခ်င္းျဖစ္တဲ့ ေကာ္တြိဳက္စ္တစ္ေယာက္ဟာ စိတ္ပ်က္စရာပြဲၾကိဳသတင္းစာရွင္းလင္းပြဲေတြ ဆက္တက္လုုပ္ေဆာင္ခဲ့ၿပီးေနာက္ ခ်ယ္လ္ဆီးပရိတ္သတ္ေတြရဲ ့အပယ္ခံတစ္ေယာက္ျဖစ္သြားခဲ့ပါတယ္။
ခ်ဲလ္ဆီးပရိတ္သတ္ေတြကေတာ့ ေကာ္တြိဳက္စ္ ဟာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုုဖို ့ျငင္းပယ္ခဲ့ၿပီး မက္ဒရစ္ကို ၃၅ သန္းျဖင့္ေျပာင္းေရႊ ့ဖိုု ့ဖိအားေပးေတာင္းဆိုုခဲ့တာေၾကာင့္ သူတိုု ့ရဲ ့ဂိုုးသမားကို ေလွာင္ေျပာင္ေ၀ဖန္ခဲ့ကာ ဟာဇက္တစ္ေယာက္အေနနဲ ့လည္း သူ ့ရဲ ့နာမည္ကိုု ေကာ္တြိဳက္စ္လိုု အသင္းမွာ က်ဆင္းသြားမွာကိုု သတိထားေနတယ္လို ့ဆိုသြားပါတယ္။
“ ကၽြန္ေတာ္ အဲ့လိုုမျဖစ္ခ်င္ပါဘူး။ကၽြန္ေတာ့္အတြက္ေကာင္းတာပဲလိုုခ်င္ပါတယ္။ဒါပင္မယ့္ ကလပ္အတြက္ေကာင္းတာပဲကၽြန္ေတာ္လိုုခ်င္ပါတယ္။ဘာလိုု ့လဲဆိုုေတာ့ ကလပ္ဟာ ကၽြန္ေတာ့္ကိုု အရာရာေပးထားပါတယ္။ကၽြန္ေတာ္ထပ္မေျပာခ်င္ပါဘူး။ဟုုတ္ကဲ့ ကၽြန္ေတာ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုုဖိုု ့လုုပ္ေနပါတယ္။အဆံုုးမွာေတာ့ စာခ်ဳပ္သစ္ကိုု မရပ္တန္ ့ခ်င္ပါဘူး။အဲ့ဒါေၾကာင့္ ကၽြန္ေတာ္မၾကာခင္ျမင္ေတြ ့ခြင့္ရေတာ့မွာပါ။”
“ ကၽြန္ေတာ့္ေခါင္းထဲမွာေတာ့ တစ္ခါတစ္ေလက်ရင္ မနက္အိပ္ယာနိုုးတဲ့အခ်ိန္က် ငါအသင္းကေန ထြက္သြားရင္ေကာင္းမလားစဥ္းစားမိတယ္။တစ္ခါတစ္ေလက် ဆက္ေနခ်င္တယ္။တကယ့္ကိုု ဆံုုးျဖတ္ရခက္ပါတယ္။ဒါဟာကၽြန္ေတာ့္ရဲ ့အနာဂတ္ပါ။အခုုကၽြန္ေတာ္ ၂၇ ႏွစ္။ ဇန္န၀ါရီ က် ၂၈ေရာက္ၿပီေလ။”
ခ်ဲလ္ဆီးအသင္းဟာ ဟာဇက္ကိုု အသင္းရဲ ့ေစ်းကြက္အရေရာင္းပန္းလွမယ့္ စတားတစ္ေယာက္အျဖစ္သတ္မွတ္ထားၿပီး စာခ်ဳပ္သစ္သာခ်ဳပ္ဆိုုလိုုက္ႏိုုင္ပါက အသင္းရဲ ့ဂႏၱ၀င္ကစားသမားတစ္ေယာက္ျဖစ္လာေတာ့မွာပါ။ဟာဇက္ဟာ အသင္းရဲ ့ထိပ္တန္းဂိုုးသြင္း ၁၀ ေယာက္စာရင္းမွာပါ၀င္ၿပီးသားျဖစ္ၿပီး စတန္းဖိုု ့ဘရစ္ခ်္ရဲ ့ဂုုဏ္ျပဳျခင္းခံရတဲ့ သူတစ္ေယာက္လည္းျဖစ္ပါတယ္။
ဟာဇက္ဟာ အေနာက္လန္ဒန္အသင္းနဲ ့တစ္ပတ္လုုပ္ခ ေပါင္ ၃သိန္းတန္ ၅ႏွစ္စာခ်ဳပ္သစ္ကိုု ခ်ဳပ္ဆိုုဖို ့နီးစပ္ေနတယ္လိုု ့သိရေသာ္လည္း ခ်ဲလ္ဆီးအသင္းဟာ အဆိုုပါ သေဘာတူညီခ်က္ကိုု ရရိွဖိုု ့လုုပ္စရာတစ္ခုုပဲက်န္ေတာ့တာျဖစ္တာေၾကာင့္သူေသခ်ာၾကီးေတာ့မေျပာတတ္ဘူးလိုု ့ဆိုုလိုုက္ပါတယ္။
“ ကၽြန္ေတာ္မသိဘူး။ကၽြန္ေတာ္လက္ရိွမွာေပ်ာ္ေနပါတယ္။ကၽြန္ေတာ္ဘာမွမလိုုပါဘူး။ဆုုဖလားမလိုုခ်င္ဘူးလိုု ့ေျပာတာမဟုုတ္ဘူးေနာ္။ခင္ဗ်ားကစားရင္ ခင္ဗ်ားႏိုုင္ခ်င္မွာပဲ။ဒါပင္မယ့္ ကၽြန္ေတာ္က ကြင္းထဲမွာ ေပ်ာ္ခ်င္တာပါ။ဒီလိုုအခိုုက္အတန္ ့ကိုု ပဲလိုုခ်င္တာ။ကၽြန္ေတာ္ေပ်ာ္ပါတယ္။”
“ အခုုကၽြန္ေတာ္ေဆြးေႏြးနိုုင္ပါတယ္။ သူတိုု ့ကၽြန္ေတာ့္ဆီလာမယ္ဆိုုရင္လည္း ကၽြန္ေတာ္ေဆြးေႏြးသြားမွာပါ။ကလပ္အေၾကာင္းေရာ အသင္းပိုုင္ရွင္နဲ ့ပတ္သတ္ၿပီးေဆြးေႏြးေနတာေတြေရာ ကၽြန္ေတာ္ေျပာျပေနမွာမဟုုတ္ပါဘူး။”
ဟာဇက္ဟာ ၿပီးခဲ့တဲ ့ပြဲ၁၁ ပြဲရဲ ့ခ်ဲလ္ဆီးအသင္းဂိုုးသြင္းခဲ့တဲ့ ၁၂ ဂိုုးမွာ ပါ၀င္ပတ္သတ္ခဲ့ၿပီး ၉ ဂိုုးသြင္းယူခဲ့ကာ ၃ၾကိမ္အထိဖန္တီးမႈျပဳလုုပ္ခဲ့ပါတယ္။
ဟာဇက္ကိုု စာခ်ဳပ္သစ္အေၾကာင္းေတြ အနာဂတ္အေၾကာင္းေတြေမးျမန္းခဲ့တာအတြက္စိတ္ပ်က္ေနသလားအေပၚ
“ မဟုုတ္ရပါဘူး။ ခင္ဗ်ားတိုု ့သိတဲ့အတိုုင္း ဒါဟာ ဂ်ာနယ္လစ္ေလာကရဲ ့အစိတ္အပိုင္းတစ္ခုုပါ။ေဘာလံုုးအေၾကာင္းေျပာရင္ပိုုေကာင္းတာေပါ့။ဒါပင္မယ့္ အိုုေကပါတယ္။ျပႆနာမရွိပါဘူး။” လိုု ့ျပန္လည္ေျဖၾကားခဲ့ပါတယ္။
(Unicode)
ရီးရဲလ်မက်ဒရစ်မှာကစားချင်တာကကျွန်တော့်ရဲ့အိပ်မက်ပါ။--ဟာဇက်
ချဲလ်ဆီးစတား အင်ဒီဟာဇက်ကတော့ လာမယ့်ရာသီဘယ်အသင်းမှာ သူကစားမလဲသူသေချာမသိကြောင်း နဲ့သူ့ရဲ့အနာဂတ်အကြောင်းကိုဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။
အင်ဒီဟာဇက်က သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ရီးရဲလ်အသင်းဆီပဲသွားကစားရမလား ဒါမှမဟုတ် ချဲလ်ဆီးအသင်းနဲ့ပဲ စာချုပ်သစ်ချုပ်ဆိုရမလား သူမသိကြောင်း နဲ့ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါလို့ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ရီးရဲလ်အသင်းကစိတ်ဝင်စားနေတဲ့ ဟာဇက်ကို ဒီနှစ်နွေရာသီမှာ စာချုပ်သစ်ချုပ်ဆိုဖို့ကြိုးပမ်းနေခဲ့တာဖြစ်သော်လည်း ဘယ်လ်ဂျီယံစတားကတော့ စာချုပ်သစ်အတွက်အင်တင်တင်ဖြစ်နေပြီး လက်ရှိစာချုပ်မှာလည်း ၂နှစ်သက်တမ်းသာရှိပါတော့တယ်။
အသက် ၂၇နှစ်အရွယ် ဟာဇက်ဟာ ဒီရာသီချဲလ်ဆီးအသင်းမှာ အကောင်းဆုံးပုံစံပြသနေပြီး နည်းပြဆာရီရဲ့အသင်းကို ဂိုးကွားခြားချက်အသာနဲ့ဇယားထိပ်ရဲ့ဒုတိယနေရာကနေရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။
ဟာဇက်ဟာ လက်ရှိပရီးမီးယားလိပ်မှာ သွင်းဂိုး ၇ဂိုးဖြင့် ဂိုးသွင်းဇယားထိပ်မှာ ဦးဆောင်နေပြီး တနင်္ဂနွေနေ့ကကစားခဲ့တဲ့ ဆောက်တမ်တန် နဲ့ပွဲမှာ ၁ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။
“ ဟုတ်ကဲ့၊ ဒါကြောင့် ကမ္ဘာ့ဖလားပြီးတုန်းကကျွန်တော်ပြောခဲ့တာပေါ့။ ကျွန်တော့်အထင် ပြောင်းလဲဖို့အချိန်တန်ပြီလို့ထင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့ဖလားမှာကျွန်တော်အကောင်းဆုံးကစားခဲ့လို့ပါ။” လို့ဟာဇက်က စိန့်မေရီ ကွင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“ ကျွန်တော်က ပွဲထဲမှာတကယ်ရှိနေတဲ့သူပါ။ အခုလောဆယ်တော့ ကျွန်တော်အကောင်းဆုံးကစားနေပါတယ်။ရီးရဲလ်မက်ဒရစ် အသင်းဟာ ကမ္ဘာ ပေါ်မှာ အကောင်းဆုံးအသင်းပါ။ကျွန်တော်ဒီနေ့မှာတော့ မလိမ်ချင်ပါဘူး။”
“ ကျွန်တော့် ငယ်ဘဝထဲက ဒါဟာအိပ်မက်ပါ။ ကျွန်တော်ဒီအသင်းနဲ့ပတ်သတ်ပြီး အမြဲစိတ်ကူးယဉ်နေတာခဲ့တာပါ။ဒီအကြောင်းနဲ့ပတ်သတ်ပြီး နေ့တိုင်းမပြောချင်ပါဘူး။အချိန်လည်းမရှိပါဘူး။ဒါပင်မယ့် ကျွန်တော့်အနာဂတ်အကြောင်းကို မကြာခင် ဆွေးနွေးတော့မှာပါ။ဒီလိုပဲထင်ပါတယ်။ခင်ဗျားမှာ အိပ်မက်ရှိမယ်ဆိုရင် အဲ့လိုတကယ်ဖြစ်လာအောင် လုပ်ချင်မှာပေါ့။”
“ ဒီလိုပါပဲ။ ကျွန်တော်အသင်းကနေ ထွက်ခွာမယ်ဆို ကျွန်တော်ပျော်မှာပါ။အသင်းမှာဆက်ရှိနေမယ်ဆိုရင်လည်း ကျွန်တော်ပျော်မှာပါ။ကျွန်တော်အသင်းကနေထွက်ခွာရင်ပျော်ပြီး ဆက်ရှိနေရင် စိတ်မကောင်းဖြစ်နေမယ်ဆိုတာမျိူးတော့မဟုတ်ပါဘူး။”
ဟာဇက်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ ကော်တွိုက်စ်တစ်ယောက်ဟာ စိတ်ပျက်စရာပွဲကြိုသတင်းစာရှင်းလင်းပွဲတွေ ဆက်တက်လုပ်ဆောင်ခဲ့ပြီးနောက် ချယ်လ်ဆီးပရိတ်သတ်တွေရဲ့အပယ်ခံတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။
ချဲလ်ဆီးပရိတ်သတ်တွေကတော့ ကော်တွိုက်စ် ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ငြင်းပယ်ခဲ့ပြီး မက်ဒရစ်ကို ၃၅ သန်းဖြင့်ပြောင်းရွှေ့ဖို့ဖိအားပေးတောင်းဆိုခဲ့တာကြောင့် သူတို့ရဲ့ဂိုးသမားကို လှောင်ပြောင်ဝေဖန်ခဲ့ကာ ဟာဇက်တစ်ယောက်အနေနဲ့လည်း သူ့ရဲ့နာမည်ကို ကော်တွိုက်စ်လို အသင်းမှာ ကျဆင်းသွားမှာကို သတိထားနေတယ်လို့ဆိုသွားပါတယ်။
“ ကျွန်တော် အဲ့လိုမဖြစ်ချင်ပါဘူး။ကျွန်တော့်အတွက်ကောင်းတာပဲလိုချင်ပါတယ်။ဒါပင်မယ့် ကလပ်အတွက်ကောင်းတာပဲကျွန်တော်လိုချင်ပါတယ်။ဘာလို့လဲဆိုတော့ ကလပ်ဟာ ကျွန်တော့်ကို အရာရာပေးထားပါတယ်။ကျွန်တော်ထပ်မပြောချင်ပါဘူး။ဟုတ်ကဲ့ ကျွန်တော်စာချုပ်သစ်ချုပ်ဆိုဖို့လုပ်နေပါတယ်။အဆုံးမှာတော့ စာချုပ်သစ်ကို မရပ်တန့်ချင်ပါဘူး။အဲ့ဒါကြောင့် ကျွန်တော်မကြာခင်မြင်တွေ့ခွင့်ရတော့မှာပါ။”
“ ကျွန်တော့်ခေါင်းထဲမှာတော့ တစ်ခါတစ်လေကျရင် မနက်အိပ်ယာနိုးတဲ့အချိန်ကျ ငါအသင်းကနေ ထွက်သွားရင်ကောင်းမလားစဉ်းစားမိတယ်။တစ်ခါတစ်လေကျ ဆက်နေချင်တယ်။တကယ့်ကို ဆုံးဖြတ်ရခက်ပါတယ်။ဒါဟာကျွန်တော့်ရဲ့အနာဂတ်ပါ။အခုကျွန်တော် ၂၇ နှစ်။ ဇန်နဝါရီ ကျ ၂၈ရောက်ပြီလေ။”
ချဲလ်ဆီးအသင်းဟာ ဟာဇက်ကို အသင်းရဲ့ဈေးကွက်အရရောင်းပန်းလှမယ့် စတားတစ်ယောက်အဖြစ်သတ်မှတ်ထားပြီး စာချုပ်သစ်သာချုပ်ဆိုလိုက်နိုင်ပါက အသင်းရဲ့ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်လာတော့မှာပါ။ဟာဇက်ဟာ အသင်းရဲ့ထိပ်တန်းဂိုးသွင်း ၁၀ ယောက်စာရင်းမှာပါဝင်ပြီးသားဖြစ်ပြီး စတန်းဖို့ဘရစ်ချ်ရဲ့ဂုဏ်ပြုခြင်းခံရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။
ဟာဇက်ဟာ အနောက်လန်ဒန်အသင်းနဲ့တစ်ပတ်လုပ်ခ ပေါင် ၃သိန်းတန် ၅နှစ်စာချုပ်သစ်ကို ချုပ်ဆိုဖို့နီးစပ်နေတယ်လို့သိရသော်လည်း ချဲလ်ဆီးအသင်းဟာ အဆိုပါ သဘောတူညီချက်ကို ရရှိဖို့လုပ်စရာတစ်ခုပဲကျန်တော့တာဖြစ်တာကြောင့်သူသေချာကြီးတော့မပြောတတ်ဘူးလို့ဆိုလိုက်ပါတယ်။
“ ကျွန်တော်မသိဘူး။ကျွန်တော်လက်ရှိမှာပျော်နေပါတယ်။ကျွန်တော်ဘာမှမလိုပါဘူး။ဆုဖလားမလိုချင်ဘူးလို့ပြောတာမဟုတ်ဘူးနော်။ခင်ဗျားကစားရင် ခင်ဗျားနိုင်ချင်မှာပဲ။ဒါပင်မယ့် ကျွန်တော်က ကွင်းထဲမှာ ပျော်ချင်တာပါ။ဒီလိုအခိုက်အတန့်ကို ပဲလိုချင်တာ။ကျွန်တော်ပျော်ပါတယ်။”
“ အခုကျွန်တော်ဆွေးနွေးနိုင်ပါတယ်။ သူတို့ကျွန်တော့်ဆီလာမယ်ဆိုရင်လည်း ကျွန်တော်ဆွေးနွေးသွားမှာပါ။ကလပ်အကြောင်းရော အသင်းပိုင်ရှင်နဲ့ပတ်သတ်ပြီးဆွေးနွေးနေတာတွေရော ကျွန်တော်ပြောပြနေမှာမဟုတ်ပါဘူး။”
ဟာဇက်ဟာ ပြီးခဲ့တဲ့ပွဲ၁၁ ပွဲရဲ့ချဲလ်ဆီးအသင်းဂိုးသွင်းခဲ့တဲ့ ၁၂ ဂိုးမှာ ပါဝင်ပတ်သတ်ခဲ့ပြီး ၉ ဂိုးသွင်းယူခဲ့ကာ ၃ကြိမ်အထိဖန်တီးမှုပြုလုပ်ခဲ့ပါတယ်။
ဟာဇက်ကို စာချုပ်သစ်အကြောင်းတွေ အနာဂတ်အကြောင်းတွေမေးမြန်းခဲ့တာအတွက်စိတ်ပျက်နေသလားအပေါ်
“ မဟုတ်ရပါဘူး။ ခင်ဗျားတို့သိတဲ့အတိုင်း ဒါဟာ ဂျာနယ်လစ်လောကရဲ့အစိတ်အပိုင်းတစ်ခုပါ။ဘောလုံးအကြောင်းပြောရင်ပိုကောင်းတာပေါ့။ဒါပင်မယ့် အိုကေပါတယ်။ပြဿနာမရှိပါဘူး။” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။
Post a Comment