Header Ads


“ေမာ္ရင္ဟိုုဟာ ပရီးမီယားလိပ္ဖလားကိုရယူနိုုင္ပါတယ္။” -အီဗရာဟီမိုုဗစ္





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။


 သရဲနီတုုိက္စစ္မွဴးေဟာင္းၾကီးက အိုုထရက္ဖိုု ့ဒ္မွာ ျဖစ္ေပၚေနတဲ့ ရလဒ္ပိုင္းမတည္ျငိမ္ေနမႈေတြဟာ မၾကာခင္တိုုးတက္ေကာင္းမြန္လာလိမ့္မယ္လိုု ့ယံုၾကည္ေနၿပီး အထုတ္ခံရဖိုု ့နီးစပ္ေနတဲ့ နည္းျပအေနနဲ ့လည္းမွန္ကန္တဲ့ေရြးခ်ယ္မႈရိွေနေသးတယ္လိုု ့ဆိုုလိုုက္ပါတယ္။


ဇလာတန္အီဗရာဟီမိုုဗစ္က ဂ်ိဳ ့စ္ေမာ္ရင္ဟိုုဟာ ယူႏိုုက္တက္အသင္းအတြက္ ပရီးမီးယားလိပ္ခ်န္ပီယံဆုုကိုု ဆြတ္ခူးေပးနိုုင္တယ္လိုု ့ယံုုၾကည္ေနပါတယ္။ဒါပင္မယ့္လည္း  ေပၚတူဂီနည္းျပအေနနဲ ပံုုမွန္ေအာက္ေရာက္ေနတဲ့ အသင္းရဲ ့စြမ္းေဆာင္ရည္နဲ အံၾသစရာေတြလုုပ္ျပလိုု ့ေတာ့မရဘူးလိုု ့သတိေပးလိုုက္ပါတယ္။

အိုုထရက္ဖို ့ဒ္ရဲ ့လက္ရိွပဲ့ကိုုင္ရွင္ ေမာ္ရင္ဟိုုကေတာ့ ဒီရာသီပံုုမွန္အေၾကာင္းအရာေတြေပၚသာအေျခခံထားတဲ့ ေမးခြန္းေတြသာ အၾကိမ္ေပါင္းမ်ားစြာေမးျမန္းခံထားရၿပီး သူ  ့ရဲ ့အနာဂတ္ဟာလည္း လႈပ္ခတ္လ်က္ရိွပါတယ္။ဆိုုလိုုတာက ကစားသမားေတြက သူအေပၚ ယံုုၾကည္မႈေပ်ာက္ဆံုုးေနတာေၾကာင့္ ေျခစြမ္းအမွန္ေတြေပးဖိုု ့မလိုုလားၾကတာပဲျဖစ္ပါတယ္။

ဒါပင္မယ့္ ၿပီးခဲ့တဲ့ ဇန္န၀ါရီလက ေမာ္ရင္ဟိုုကိုု စာခ်ဳပ္သစ္သက္တမ္းတိုုးခဲ့တာကိုု ျပန္ၾကည့္မယ္ဆိုုရင္ ေမာ္ရင္ဟိုုတစ္ေယာက္ သူ ့ရာထူးကေန ထြက္ခြာသြားရမယ့္ အရိပ္အေယာင္ကိုု မေတြ ့ရပါဘူး။

အီဗရာဟီမိုုဗစ္ယံုုၾကည္ထားတာက ေအာင္ျမင္မႈမ်ားကိုု သက္ေသျပထားၿပီးသားေမာ္ရင္ဟိုုဟာ သူေဘးမွာရိွေနတဲ့ ဒီလိုုအရာေတြေၾကာင့္ စိတ္ပ်က္ေနရၿပီး ယူႏိုုက္တက္အသင္းဟာလည္း ထိပ္တန္းဆုုမ်ားအတြက္ သူတိုု ့ေနရာမွန္ျပန္ေရာက္ဖိုု ့အတင္းတြန္းအားေပးျခင္းခံထားရတယ္ဆိုုတာပါပဲ။

သရဲနီတိုုက္စစ္မွဴးေဟာင္းက  The Mirror နဲ ့ေတြ ့ဆံုုစဥ္မွာအခုုလိုုေျပာၾကားလိုုက္ပါတယ္။

ပရီးမီးယားလိပ္ဖလားကိုု ရယူႏိုုင္တဲ့ အရည္အေသြးသူ ့မွာရိွတယ္လိုု ့ကၽြန္ေတာ္ျမင္ပါတယ္။

ကၽြန္ေတာ့္ အထင္သူဟာ ကလပ္အတြက္ေရာ ဒီအသင္းအတြက္ပါ မွန္ကန္တဲ့နည္းျပတစ္ေယာက္ပါ။

ဒါပင္မယ့္ နည္းျပဆိုုတာ သူ ့တစ္သင္းလံုုးေကာင္းသလိုု ေကာင္းေနရမွာပါ။ သူ ့အသင္းက လံုုေလာက္ေကာင္းမြန္တဲ့အရည္အေသြးမရိွပဲ အံၾသစရာေတြ လုုပ္ျပနိုုင္တာေတာ့ မျဖစ္နိုုင္ပါဘူး။

ၿပီးေတာ့ အသင္းဟာ ေကာင္းမြန္ေနတယ္လိုု ့ခံစားရပါတယ္။ဆက္လက္တုုိးတက္ေနပါတယ္။ပိုုေကာင္းလာေနပါတယ္။

ဒီႏွစ္ဟာ သူ ့ရဲ ့တတိယနွစ္ပါ။ကစားသမားေတြက ပိုုသိၾကပါတယ္။သူ ကစားေစခ်င္တဲ့ပံုုစံရယ္ သူဘာလိုု ခ်င္လဲဆိုုတာရယ္ သူတို ့ေတြပိုုသိၾကပါတယ္။ဒါေၾကာင့္ ကၽြန္ေတာ္ ယံုုၾကည္ပါတယ္။  Yes ပါပဲ။

ယူႏိုုက္တက္ဟာ လက္ရိွမွာ အဂၤလန္ျပည္တြင္းလိပ္မွာ အဆင့္ ေနရာရပ္တည္ေနၿပီး ပြဲကစားၿပီးခ်ိန္မွာ ပြဲသာအနိုုင္ရထားပါေသးတယ္။

 သူတိုု ့အသင္းဟာ ဇယားထိပ္ဦးေဆာင္သူေတြနဲ ့၇မွတ္အကြာမွာရပ္တည္ေနၿပီး ႏိုင္ငံတကာပြဲစဥ္မ်ားၿပီးဆံုုးပါက ခ်ဲလ္ဆီးအသင္းနဲ ့ကစားရမွာပဲျဖစ္ပါတယ္။


သိုု ့ေသာ္လည္း အီဗရာဟီမိုုဗစ္က ေမာ္ရင္ဟိုုမွာ အရည္အေသြးေကာင္းေတြ က်န္ရိွေနေသးေၾကာင္း ေျပာၾကားခဲ့ပါေသးတယ္။ဘယ္လိုု အရည္အေသြးေတြလည္းဆိုုရင္ သူ ့ရဲ ့နည္းျပဘ၀ ေပၚတူဂီ၊အဂၤလန္၊အီတလီ၊စပိန္တိုု ့မွာ ရရိွထားတဲ့ အေတြ ့အၾကံဳေတြရယ္၊ ေအာင္ျမင္မႈေတြကေန ရရိွလာတဲ့ အရည္အေသြးသစ္ေတြပဲလိုု ့ဆိုုလိုုက္ပါတယ္။

ဆြီဒင္အသင္း နဲ LA Galaxy တိုုက္စစ္မွဴး ကေျပာျပခဲ့တာကေတာ့

ေမာ္ရင္ဟိုုက ဘာလိုု ့စပယ္ရွယ္ျဖစ္ေနတာလဲသိလား? ပထမဆံုုးေျပာခ်င္တာက  သူဟာေအာင္နိုုင္သူတစ္ေယာက္ပါ။သူ ့မွာ ေအာင္ျမင္သူေတြရဲ ့စိတ္ဓာတ္ပိုုင္းဆိုုင္ရာေတြရိွေနတယ္။သူဟာအရာအားလံုုးကိုု ေအာင္ျမင္ေအာင္လုုပ္ေဆာင္နိုုင္ပါတယ္။

သူဟာ ကစားပြဲေတြအေၾကာင္းသိတယ္။သူဟာ ပြဲတစ္ပြဲကိုုေကာင္းေကာင္းဖတ္ႏိုုင္တယ္။သူဟာ ပြဲတစ္ပြဲကိုုသာမက သူ ့ကစားသမားေတြရဲ ့စိတ္ကိုုလည္း ေကာင္းေကာင္းကိုုင္တြယ္နိုုင္ပါတယ္။

ကၽြန္ေတာ္ မွတ္မိေသးတယ္။သူ အင္တာကိုု စေရာက္တဲ့နွစ္ကေပါ့။သူဟာ လူတိုုင္းကို ၂၀၀% အထိေပးဆပ္နိုုင္ေအာင္ လုုပ္ျပခဲ့တယ္။အသင္းအတြက္မဟုုတ္ဘူးေနာ္။ကလပ္အတြက္လည္းမဟုတ္ဘူး။သူ ့အတြက္ဗ်။



ၿပီးေတာ့ ကၽြန္ေတာ့္ကိုု လည္း သူ ့အတြက္ တကယ့္စပယ္ရွယ္ျဖစ္ေစခဲ့တယ္။ဘာလိုု ့လဲဆိုုေတာ့ သူ ဟာ ၾကီးက်ယ္တဲ့ေနရာကေန ထြက္ခြာလာၿပီဆိုုရင္ တကယ့္ကိုု ကြဲျပားေနတဲ့လူတစ္ေယာက္ပါပဲ။

သူဟာ ေရွးဆန္တဲ့နည္းျပတစ္ေယာက္မဟုုတ္ခဲ့ပါဘူး။ကၽြန္ေတာ္မွတ္မိေသးတယ္။ ကၽြန္ေတာ့္ နည္းျပ ကာပယ္လိုု။ သူဟာ ခက္ထန္တယ္။စည္းကမ္းၾကီးတယ္။ရိုုေသေလးစားတာကိုုၾကိဳက္တယ္။ေမာ္ရင္ဟိုုလည္း တစ္ခါတစ္ေလအဲ့လိုု မ်ိဳးျဖစ္သလိုု  တစ္ခ်ိန္ထဲမွာလည္း အျခားပံုုစံတစ္ခုုကိုု သူ ့ဆီကေန ျမင္ေတြ ့နိုုင္ပါတယ္။

သူ ့မွာ ကြဲျပားျခားနားတဲ့ ကိုုယ္ရည္ကိုုယ္ေသြးရိွပါတယ္။ဒီပံုုစံနဲ ့သူ ့ကိုုယ္သူ ပံုုေဖာ္ထားပါတယ္။


ေမာ္ရင္ဟိုု မာနၾကီးတာေၾကာင့္ ဒီရာသီအသင္းကအဓိက ကစားသမားေတြနဲ ့ဆက္ဆံေရးမေကာင္းျဖစ္ေနခဲ့တဲ့ သတင္းေတြကိုု အီဗရာဟီမိုုဗစ္က ျငင္းပယ္ခဲ့ပါတယ္။

သူဟာ ယံုုၾကည္မႈအျပည့္ရိွတဲ့သူပါ။မာနၾကီးတာမဟုုတ္ပါဘူး။ဘာလိုု ့လဲဆုုိေတာ့ လူေတြက ေျပာေျပာေနၾကတာမာနၾကီးတယ္ေပါ့။ ကၽြန္ေတာ့္ကိုု လည္းအဲ့လိုု ေျပာၾကတယ္။မာနၾကီးတယ္တဲ့။ဒါပင္မယ့္ကၽြန္ေတာ္အဲ့လိုုေတာ့ မေခၚတြင္ႏိုုင္ပါဘူး။ကၽြန္ေတာ္ကေတာ့ဒါကိုု ယံုုၾကည္မႈရိွတယ္လိုု ့ေခၚပါတယ္။

ဘာလိုု ့လဲဆိုုေတာ့ ခင္ဗ်ားသာ ယံုုၾကည္မႈရိွရင္ ခင္ဗ်ားဟာ စြမ္းအားအျပည့္ရိွတယ္လိုု ့ေတာ့မဆိုုလိုုဘူး။ဒါပင္မယ့္ ခင္ဗ်ားဟာ ဘာေကာင္လဲ ေသခ်ာေပါက္သိသြားပါတယ္။

ဒါဟာ စိတ္ၾကီး၀င္တာ မာနၾကီးတာမဟုုတ္ဘူးေနာ္။ မတူဘူး။မသိမနားလည္တာမ်ိဳးကိုု စိတ္ၾကီး၀င္တယ္၊မာနၾကီးတယ္လိုု ့ေခၚတယ္။ညဏ္ရိွတာကိုုေတာ့ ယံုုၾကည္မႈရိွတယ္လိုု ့ဆိုုႏိုုင္ပါတယ္။

(Unicode)



“မော်ရင်ဟိုဟာ ပရီးမီယားလိပ်ဖလားကိုရယူနိုင်ပါတယ်။”  -အီဗရာဟီမိုဗစ်


 သရဲနီတိုက်စစ်မှူးဟောင်းကြီးက အိုထရက်ဖို့ဒ်မှာ ဖြစ်ပေါ်နေတဲ့ ရလဒ်ပိုင်းမတည်ငြိမ်နေမှုတွေဟာ မကြာခင်တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ယုံကြည်နေပြီး အထုတ်ခံရဖို့နီးစပ်နေတဲ့ နည်းပြအနေနဲ့လည်းမှန်ကန်တဲ့ရွေးချယ်မှုရှိနေသေးတယ်လို့ဆိုလိုက်ပါတယ်။

ဇလာတန်အီဗရာဟီမိုဗစ်က ဂျို့စ်မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိပ်ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်တယ်လို့ယုံကြည်နေပါတယ်။ဒါပင်မယ့်လည်း  ပေါ်တူဂီနည်းပြအနေနဲ့ ပုံမှန်အောက်ရောက်နေတဲ့ အသင်းရဲ့စွမ်းဆောင်ရည်နဲ့“အံသြစရာတွေ” လုပ်ပြလို့တော့မရဘူးလို့သတိပေးလိုက်ပါတယ်။

အိုထရက်ဖို့ဒ်ရဲ့လက်ရှိပဲ့ကိုင်ရှင် မော်ရင်ဟိုကတော့ ဒီရာသီပုံမှန်အကြောင်းအရာတွေပေါ်သာအခြေခံထားတဲ့ မေးခွန်းတွေသာ အကြိမ်ပေါင်းများစွာမေးမြန်းခံထားရပြီး သူ့ရဲ့အနာဂတ်ဟာလည်း လှုပ်ခတ်လျက်ရှိပါတယ်။ဆိုလိုတာက ကစားသမားတွေက သူအပေါ် ယုံကြည်မှုပျောက်ဆုံးနေတာကြောင့် ခြေစွမ်းအမှန်တွေပေးဖို့မလိုလားကြတာပဲဖြစ်ပါတယ်။

ဒါပင်မယ့် ပြီးခဲ့တဲ့ ဇန်နဝါရီလက မော်ရင်ဟိုကို စာချုပ်သစ်သက်တမ်းတိုးခဲ့တာကို ပြန်ကြည့်မယ်ဆိုရင် မော်ရင်ဟိုတစ်ယောက် သူ့ရာထူးကနေ ထွက်ခွာသွားရမယ့် အရိပ်အယောင်ကို မတွေ့ရပါဘူး။

အီဗရာဟီမိုဗစ်ယုံကြည်ထားတာက အောင်မြင်မှုများကို သက်သေပြထားပြီးသားမော်ရင်ဟိုဟာ သူဘေးမှာရှိနေတဲ့ ဒီလိုအရာတွေကြောင့် စိတ်ပျက်နေရပြီး ယူနိုက်တက်အသင်းဟာလည်း ထိပ်တန်းဆုများအတွက် သူတို့နေရာမှန်ပြန်ရောက်ဖို့အတင်းတွန်းအားပေးခြင်းခံထားရတယ်ဆိုတာပါပဲ။

သရဲနီတိုက်စစ်မှူးဟောင်းက  The Mirror နဲ့တွေ့ဆုံစဉ်မှာအခုလိုပြောကြားလိုက်ပါတယ်။

“ ပရီးမီးယားလိပ်ဖလားကို ရယူနိုင်တဲ့ အရည်အသွေးသူ့မှာရှိတယ်လို့ကျွန်တော်မြင်ပါတယ်။”

“ ကျွန်တော့် အထင်သူဟာ ကလပ်အတွက်ရော ဒီအသင်းအတွက်ပါ မှန်ကန်တဲ့နည်းပြတစ်ယောက်ပါ။”

“ ဒါပင်မယ့် နည်းပြဆိုတာ သူ့တစ်သင်းလုံးကောင်းသလို ကောင်းနေရမှာပါ။ သူ့အသင်းက လုံလောက်ကောင်းမွန်တဲ့အရည်အသွေးမရှိပဲ အံသြစရာတွေ လုပ်ပြနိုင်တာတော့ မဖြစ်နိုင်ပါဘူး။”

“ ပြီးတော့ အသင်းဟာ ကောင်းမွန်နေတယ်လို့ခံစားရပါတယ်။ဆက်လက်တိုးတက်နေပါတယ်။ပိုကောင်းလာနေပါတယ်။”

“ ဒီနှစ်ဟာ သူ့ရဲ့တတိယနှစ်ပါ။ကစားသမားတွေက ပိုသိကြပါတယ်။သူ ကစားစေချင်တဲ့ပုံစံရယ် သူဘာလို ချင်လဲဆိုတာရယ် သူတို့တွေပိုသိကြပါတယ်။ဒါကြောင့် ကျွန်တော် ယုံကြည်ပါတယ်။  Yes ပါပဲ။”

ယူနိုက်တက်ဟာ လက်ရှိမှာ အင်္ဂလန်ပြည်တွင်းလိပ်မှာ အဆင့် ၈ နေရာရပ်တည်နေပြီး ၈ပွဲကစားပြီးချိန်မှာ ၄ပွဲသာအနိုင်ရထားပါသေးတယ်။

 သူတို့အသင်းဟာ ဇယားထိပ်ဦးဆောင်သူတွေနဲ့၇မှတ်အကွာမှာရပ်တည်နေပြီး နိုင်ငံတကာပွဲစဉ်များပြီးဆုံးပါက ချဲလ်ဆီးအသင်းနဲ့ကစားရမှာပဲဖြစ်ပါတယ်။

သို့သော်လည်း အီဗရာဟီမိုဗစ်က မော်ရင်ဟိုမှာ အရည်အသွေးကောင်းတွေ ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့ပါသေးတယ်။ဘယ်လို အရည်အသွေးတွေလည်းဆိုရင် သူ့ရဲ့နည်းပြဘ၀ ပေါ်တူဂီ၊အင်္ဂလန်၊အီတလီ၊စပိန်တို့မှာ ရရှိထားတဲ့ အတွေ့အကြုံတွေရယ်၊ အောင်မြင်မှုတွေကနေ ရရှိလာတဲ့ အရည်အသွေးသစ်တွေပဲလို့ဆိုလိုက်ပါတယ်။

ဆွီဒင်အသင်း နဲ့LA Galaxy တိုက်စစ်မှူး ကပြောပြခဲ့တာကတော့

“ မော်ရင်ဟိုက ဘာလို့စပယ်ရှယ်ဖြစ်နေတာလဲသိလား? ပထမဆုံးပြောချင်တာက  သူဟာအောင်နိုင်သူတစ်ယောက်ပါ။သူ့မှာ အောင်မြင်သူတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတွေရှိနေတယ်။သူဟာအရာအားလုံးကို အောင်မြင်အောင်လုပ်ဆောင်နိုင်ပါတယ်။”

“ သူဟာ ကစားပွဲတွေအကြောင်းသိတယ်။သူဟာ ပွဲတစ်ပွဲကိုကောင်းကောင်းဖတ်နိုင်တယ်။သူဟာ ပွဲတစ်ပွဲကိုသာမက သူ့ကစားသမားတွေရဲ့စိတ်ကိုလည်း ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။”

“ ကျွန်တော် မှတ်မိသေးတယ်။သူ အင်တာကို စရောက်တဲ့နှစ်ကပေါ့။သူဟာ လူတိုင်းကို ၂၀၀% အထိပေးဆပ်နိုင်အောင် လုပ်ပြခဲ့တယ်။အသင်းအတွက်မဟုတ်ဘူးနော်။ကလပ်အတွက်လည်းမဟုတ်ဘူး။သူ့အတွက်ဗျ။”

“ ပြီးတော့ ကျွန်တော့်ကို လည်း သူ့အတွက် တကယ့်စပယ်ရှယ်ဖြစ်စေခဲ့တယ်။ဘာလို့လဲဆိုတော့ သူ ဟာ ကြီးကျယ်တဲ့နေရာကနေ ထွက်ခွာလာပြီဆိုရင် တကယ့်ကို ကွဲပြားနေတဲ့လူတစ်ယောက်ပါပဲ။”

“ သူဟာ ရှေးဆန်တဲ့နည်းပြတစ်ယောက်မဟုတ်ခဲ့ပါဘူး။ကျွန်တော်မှတ်မိသေးတယ်။ ကျွန်တော့် နည်းပြ ကာပယ်လို။ သူဟာ ခက်ထန်တယ်။စည်းကမ်းကြီးတယ်။ရိုသေလေးစားတာကိုကြိုက်တယ်။မော်ရင်ဟိုလည်း တစ်ခါတစ်လေအဲ့လို မျိုးဖြစ်သလို  တစ်ချိန်ထဲမှာလည်း အခြားပုံစံတစ်ခုကို သူ့ဆီကနေ မြင်တွေ့နိုင်ပါတယ်။”

“ သူ့မှာ ကွဲပြားခြားနားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိပါတယ်။ဒီပုံစံနဲ့သူ့ကိုယ်သူ ပုံဖော်ထားပါတယ်။”

မော်ရင်ဟို မာနကြီးတာကြောင့် ဒီရာသီအသင်းကအဓိက ကစားသမားတွေနဲ့ဆက်ဆံရေးမကောင်းဖြစ်နေခဲ့တဲ့ သတင်းတွေကို အီဗရာဟီမိုဗစ်က ငြင်းပယ်ခဲ့ပါတယ်။

“ သူဟာ ယုံကြည်မှုအပြည့်ရှိတဲ့သူပါ။မာနကြီးတာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ လူတွေက ပြောပြောနေကြတာ “မာနကြီးတယ်” ပေါ့။ ကျွန်တော့်ကို လည်းအဲ့လို ပြောကြတယ်။မာနကြီးတယ်တဲ့။ဒါပင်မယ့်ကျွန်တော်အဲ့လိုတော့ မခေါ်တွင်နိုင်ပါဘူး။ကျွန်တော်ကတော့ဒါကို ယုံကြည်မှုရှိတယ်လို့ခေါ်ပါတယ်။”

“ ဘာလို့လဲဆိုတော့ ခင်ဗျားသာ ယုံကြည်မှုရှိရင် ခင်ဗျားဟာ စွမ်းအားအပြည့်ရှိတယ်လို့တော့မဆိုလိုဘူး။ဒါပင်မယ့် ခင်ဗျားဟာ ဘာကောင်လဲ သေချာပေါက်သိသွားပါတယ်။”

“ ဒါဟာ စိတ်ကြီးဝင်တာ မာနကြီးတာမဟုတ်ဘူးနော်။ မတူဘူး။မသိမနားလည်တာမျိုးကို စိတ်ကြီးဝင်တယ်၊မာနကြီးတယ်လို့ခေါ်တယ်။ညဏ်ရှိတာကိုတော့ ယုံကြည်မှုရှိတယ်လို့ဆိုနိုင်ပါတယ်။”


No comments

Powered by Blogger.