Header Ads
ယူနိုက်တက်နဲ့ ပွဲမှာအနိုင်ရလဒ်ကိုမျှော်မှန်းထားတယ်လို့ ဆိုလိုက်တဲ့ရိုနယ်ဒို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(unicode)
ခရစ်တီယာနိုရိုနယ်ဒိုဟာ သူ့ရဲ့နည်းပြဟောင်းကြီးဆာအဲလက်စ်ဖာဂူဆန်အပေါ်ချီးကျူးဂုဏ်ပြုမှုတွေပြုလုပ်ခဲ့ပြီး ယူနိုက်တက်ကစားသမားဟောင်းဟာ ဂျုဗင်တပ်စ်နဲ့အိုထက်ရက်ဖို့ဒ်ဆီ စပယ်ရှယ်ပြန်လာနိုင်ဖို့အတွက် အကောင်းဆုံးပြင်ဆင်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ယနေ့အင်္ဂါနေ့ညမှာ ချန်ပီယံလိပ်အုပ်စုပွဲအဖြစ် ဂျုဗင်တပ်စ်အသင်းကိုဧည့်ခံကစားရမှာဖြစ်ကာ  အသက်၃၃နှစ်အရွယ်ကစားသမားဟောင်းကြီးဟာ အိုထရက်ဖို့ဒ်ဆီနောက်တစ်ကြိမ်ပြိုင်ဘက်အသွင်ဖြင့်ရောက်လာခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်က ပထမအကြိမ်အဖြစ်ရီးရဲလ်ကစားသမားအဖြစ် ရောက်လာခဲ့ဖူးပြီး ယူနိုက်တက်ကို ပြိုင်ပွဲကနေထွက်သွားရအောင်စွမ်းဆောင်ခဲ့ဖူးပါတယ်။ဖာဂူဆန်လက်အောက်မှာယူနိုက်တက်နဲ့အတူ ပရီးမီးယားလိပ်၃ကြိမ်၊ချန်ပီယံလိပ်ဖလားနဲ့ကလပ်ကမ္ဘာ့ဖလားတို့ကို ရယူခဲ့ပါတယ်။မေလမှာ ဦးနှောက်ခွဲစိတ်ခဲ့မှုကြောင့်ဘောလုံးလောကနဲ့ဝေးကွာနေခဲ့တဲ့ ဖာဂူဆန်ဟာ ပြီးခဲ့တဲ့ လမှာ အိုထရက်ဖို့ဒ်ဆီပြန်ရောက်လာနိုင်ခဲ့ပြီး ပရိတ်သတ်များအားလုံးကသူ့ကို ဝိုင်းဝန်းဂုဏ်ပြုကြိုဆိုခဲ့ကြပါသေးတယ်။
“ မန်ချက်စတာကိုပြန်လာရတာကျွန်တော့်အတွက်တော့စပယ်ရှယ်ပါပဲ။” လို့ဂျုဗင်တပ်စ်အသင်းအတွက် ၁၀ပွဲကစားပေးပြီး ၅ဂိုးသွင်းယူပေးထားတဲ့ရိုနယ်ဒိုကပြောကြားလိုက်ပါတယ်။ “ ဒီမှာတော့ ကျွန်တော့်အတွက် အောင်မြင်မှုတွေရယ် ဆာအဲလက်စ်ဖာဂူဆန်ပေးခဲ့တဲ့ နွေးထွေးအားပေးမှုတွေ စတဲ့ အမှတ်တရတွေအများကြီးရှိပါတယ်။သူဟာ ကျွန်တော့်ကို အရမ်းကူညီပေးတဲ့ သူတစ်ယောက်ပါပဲဗျာ။” 
ရိုနယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့အလွန်ရင်းနှီးတဲ့သံယောဇဉ်တွေရှိနေသော်လည်း ရိုနယ်ဒိုက ဒီပွဲဟာမလွယ်ကူဘူးလို့ပြောကြားလိုက်ပါတယ်။ဘာလို့လဲဆိုတော့ နည်းပြအယ်ရီဂရီရဲ့အသင်းမှာ လက်နက်ကောင်းတွေရှိနေတာကြောင့်လို့ဆိုလိုက်ပါတယ်။
“ ခက်ခဲလိမ့်မယ်လို့ကျွန်တော်သိပါတယ်။ဒါပင်မယ့် ကျွန်တော့်အထင်တော့ကျွန်တော်တို့မှာအခွင့်အရေးကောင်းတစ်ခုရှိနေပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကိုကျွန်တော်တို့လေးစားမှုရှိရပါမယ်။ဘာလို့လဲဆိုတော့ သူတို့မှာအသင်းကောင်းတစ်သင်းရှိနေပါတယ်။အတွေ့အကြုံရင့်နည်းပြတစ်ယောက်လည်းပိုင်ဆိုင်ထားပါတယ်။ဒါပင်မယ့် ဂျူဗင်နိုင်မယ်လို့ကျွန်တော်မေ ျှာ်မှန်းထားပါတယ်။ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။မန်ချက်စတာကအသင်းကောင်းပါ။အိမ်ကွင်းကစားအားကောင်းတယ်။ကျွန်တော်တို့အတွက်ခက်ခဲပါလိမ့်မယ်။ဒါပင်မယ့်ကျွန်တော်တို့မှာအစွမ်းထက်တဲ့လက်နက်ကောင်းတွေရှိနေပါတယ်။” လို့ပြောကြားခဲ့ပါတယ်။
ရိုနယ်ဒို ယခုနှစ်ရာသီချန်ပီယံလိပ်အုပ်စုအဖွင့်ပွဲမှာဗလန်စီယာအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ အနီကဒ်ပြစ်ဒဏ်ကြောင့် Young Boys အသင်းနဲ့ပွဲကိုလွဲချော်ခဲ့ပြီး ယခုပွဲမှပါဝင်လာနိုင်တာပဲဖြစ်ပါတယ်။“ အခုကျွန်တော်ပြန်လာနိုင်တဲ့အချိန်တောင်မှ ချန်ပီယံလိပ်စတာ ၂ပွဲပြီးသွားပါပြီ။ကျွန်တော်အထုတ်ခံရလို့မကစားခဲ့ရတဲ့ အတွက်ပြဿနာမရှိပါဘူး။ကျွန်တော်တို့က ကောင်းမွန်တဲ့ နေရာမှာရောက်နေပါပြီ။နိုင်ပွဲတစ်ပွဲက မနက်ဖန်များစွာအတွက် ကောင်းကောင်းခရီးဆက်နိုင်သွားမှာပါ။” 
No comments
Powered by Blogger.