ေမာ္ရင္ဟိုုေရာကြန္တီကိုုေရာရီးရဲလ္မွာမေတြ ့ခ်င္ဘူးလိုု ့ျငင္းလိုုက္တဲ့ေကာ္တြိဳက္စ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ရီးရဲလ္ဂိုုးသမားေကာ္တြိဳက္စ္ဟာအခုုခ်ိန္မွာေပ်ာ္ရႊင္ေနတဲ့လူသားတစ္ေယာက္မဟုုတ္တာေတာ့ေသခ်ာပါတယ္။ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းရဲ ့ထြက္ခြာသြားတဲ့နည္းျပေဟာင္းဇီဒန္းေနရာအစားထိုုးဖိုု ့ဒီနွစ္ေႏြရာသီအေစာပိုုင္းမွာ စပိန္နည္းျပလိုုပတ္တဂီကိုု ေခၚယူခဲ့ေသာ္လည္းသူဟာ အသင္းအတြက္စြမ္းေဆာင္ရည္ပိုုင္းဆိုုင္ရာမွာပ်က္ကြက္မႈေတြရိွလာခဲ့ပါတယ္။
စပိန္ကလပ္ဟာ လာလီဂါမွာရလဒ္ေတြက်ဆင္းေနၿပီး ရမွတ္၁၄မွတ္ျဖင့္ အဆင့္၇ေနရာမွာရပ္တည္ေနရသလို အဖြင့္ပြဲ၉ ပြဲမွာ ၃ပြဲအထိရံႈးနိမ့္ထားတာပဲျဖစ္ပါတယ္။နည္းျပအေျပာင္းအလဲသတင္းေတြဟာ အခုုရက္ပိုုင္းအတြင္းပြက္ေလာရိုုက္ေနတာေတာ့အေသအခ်ာပါပဲ။ဘာေနဗ်ဴအသင္းရဲ ့နည္းျပထိုုင္ခံုုအတြက္ အန္တိုုနီယိုုကြန္တီနဲ ့ဂ်ိဳ ့စ္ေမာ္ရင္ဟိုုတိုု ့ကိုုေခၚယူဖိုု ့ခ်ိတ္ဆက္ေနၾကပါတယ္။
အဆိုုပါနည္းျပ၂ေယာက္လံုုးလက္ေအာက္မွာ ကစားခဲ့ဖူးတဲ့ ခ်ဲလ္ဆီးဂိုုးသမားေဟာင္းေကာ္တြိဳက္စ္ဟာ ဒီနွစ္ေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းကေန ရီးရဲလ္မက္ဒရစ္အသင္းဆီေျပာင္းေရႊ ့ခဲ့တာပဲျဖစ္ပါတယ္။ကလပ္အသင္းဟာနည္းျပလိုုပတ္တဂီေနရာအစားထိုးဖိုု ့ကြန္တီ ဒါမွမဟုုတ္ ေမာ္ရင္ဟိုု တိုု ့နဲ့ခ်ိတ္ဆက္ေနတာကိုု ၾကားသိၿပီးေနာက္ ေကာ္တြိဳက္စ္တစ္ေယာက္အၾကီးအက်ယ္ေဒါသပုုန္ထေနတာပဲျဖစ္ပါတယ္။
“ ကၽြန္ေတာ္တိုု ့မယံုုၾကည္နိုင္ေတာ့ပါဘူး” လိုု ့ေကာ္တြိဳက္စ္ဟာ အ၀တ္လဲခန္းထဲမွာ အသင္းေဖာ္ေတြကိုုေျပာၾကားခဲ့တယ္လိုု ့EI Pais ကေန Football Espana က ေဖာ္ေကာင္လုုပ္ထားတာပဲျဖစ္ပါတယ္။ “ ကၽြန္ေတာ္ဟာ ဒီေနရာမွာ ကြန္တီနဲ့ေရာ ေမာ္ရင္ဟိုုနဲ ့ပါလက္တြဲလုုပ္ဖူးခဲ့တဲ့ ကစားသမားတစ္ေယာက္ပါ။ လန္ဒန္ကေန ထြက္လာတယ္ဆိုုတာကလည္း ဒီလိုုမ်ိဳးေတြထပ္ျဖစ္မလာခ်င္လိုု ့ပါ။ အခုုေတာ့ ကြန္တီလာေတာ့မယ္လိုု ့ေျပာေနၾကတယ္။ဒါမွမဟုုတ္ရင္ ေမာ္ရင္ဟိုုတဲ့”
အျခားေသာသတင္းေတြကေတာ့ ေကာ္တြိဳက္စ္ ဟာ ေရာ္ဘတ္တိုုမာတီနက္ဇ္ကိုု အလိုုရိွေနတယ္လိုု ့သိရပါတယ္။မာတီနက္ဇ္ဟာ ဘယ္လ္ဂ်ီယံနည္းျပတစ္ေယာက္ျဖစ္ၿပီး ေကာ္တြိဳက္စ္နဲ ့ခိုုင္မာတဲ့ဆက္ဆံေရးေတြရိွေနတာပဲျဖစ္ပါတယ္။သိုု ့ေသာ္လည္းပဲ လိုုပတ္တဂီဟာ ဒီရာသီရဲ ့အသင္းရဲ ့ပြဲၾကီးတစ္ပြဲျဖစ္တဲ့ ဘာစီလိုုနာအသင္းနဲ့ ပြဲမွာရလဒ္ေကာင္းဖိုု ့ေမ ွ်ာ္မွန္းျပင္ဆင္ေနပါတယ္။ အဆိုုပါ EI Clasico ပြဲဟာ လိုုပတ္တဂီရဲ ့နည္းျပရာထူးကိုု အဆံုုးအျဖတ္ေပးမယ့္ပြဲျဖစ္လိုု ့ေနပါတယ္။
(Unicode)
မော်ရင်ဟိုရောကွန်တီကိုရောရီးရဲလ်မှာမတွေ့ချင်ဘူးလို့ငြင်းလိုက်တဲ့ကော်တွိုက်စ်
ရီးရဲလ်ဂိုးသမားကော်တွိုက်စ်ဟာအခုချိန်မှာပျော်ရွှင်နေတဲ့လူသားတစ်ယောက်မဟုတ်တာတော့သေချာပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ထွက်ခွာသွားတဲ့နည်းပြဟောင်းဇီဒန်းနေရာအစားထိုးဖို့ဒီနှစ်နွေရာသီအစောပိုင်းမှာ စပိန်နည်းပြလိုပတ်တဂီကို ခေါ်ယူခဲ့သော်လည်းသူဟာ အသင်းအတွက်စွမ်းဆောင်ရည်ပိုင်းဆိုင်ရာမှာပျက်ကွက်မှုတွေရှိလာခဲ့ပါတယ်။
စပိန်ကလပ်ဟာ လာလီဂါမှာရလဒ်တွေကျဆင်းနေပြီး ရမှတ်၁၄မှတ်ဖြင့် အဆင့်၇နေရာမှာရပ်တည်နေရသလို အဖွင့်ပွဲ၉ ပွဲမှာ ၃ပွဲအထိရှုံးနိမ့်ထားတာပဲဖြစ်ပါတယ်။နည်းပြအပြောင်းအလဲသတင်းတွေဟာ အခုရက်ပိုင်းအတွင်းပွက်လောရိုက်နေတာတော့အသေအချာပါပဲ။ဘာနေဗျူအသင်းရဲ့နည်းပြထိုင်ခုံအတွက် အန်တိုနီယိုကွန်တီနဲ့ဂျို့စ်မော်ရင်ဟိုတို့ကိုခေါ်ယူဖို့ချိတ်ဆက်နေကြပါတယ်။
အဆိုပါနည်းပြ၂ယောက်လုံးလက်အောက်မှာ ကစားခဲ့ဖူးတဲ့ ချဲလ်ဆီးဂိုးသမားဟောင်းကော်တွိုက်စ်ဟာ ဒီနှစ်နွေရာသီမှာ ချဲလ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ကလပ်အသင်းဟာနည်းပြလိုပတ်တဂီနေရာအစားထိုးဖို့ကွန်တီ ဒါမှမဟုတ် မော်ရင်ဟို တို့နဲ့ချိတ်ဆက်နေတာကို ကြားသိပြီးနောက် ကော်တွိုက်စ်တစ်ယောက်အကြီးအကျယ်ဒေါသပုန်ထနေတာပဲဖြစ်ပါတယ်။
“ ကျွန်တော်တို့မယုံကြည်နိုင်တော့ပါဘူး” လို့ကော်တွိုက်စ်ဟာ အဝတ်လဲခန်းထဲမှာ အသင်းဖော်တွေကိုပြောကြားခဲ့တယ်လို့EI Pais ကနေ Football Espana က ဖော်ကောင်လုပ်ထားတာပဲဖြစ်ပါတယ်။ “ ကျွန်တော်ဟာ ဒီနေရာမှာ ကွန်တီနဲ့ရော မော်ရင်ဟိုနဲ့ပါလက်တွဲလုပ်ဖူးခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ လန်ဒန်ကနေ ထွက်လာတယ်ဆိုတာကလည်း ဒီလိုမျိုးတွေထပ်ဖြစ်မလာချင်လို့ပါ။ အခုတော့ ကွန်တီလာတော့မယ်လို့ပြောနေကြတယ်။ဒါမှမဟုတ်ရင် မော်ရင်ဟိုတဲ့”
အခြားသောသတင်းတွေကတော့ ကော်တွိုက်စ် ဟာ ရော်ဘတ်တိုမာတီနက်ဇ်ကို အလိုရှိနေတယ်လို့သိရပါတယ်။မာတီနက်ဇ်ဟာ ဘယ်လ်ဂျီယံနည်းပြတစ်ယောက်ဖြစ်ပြီး ကော်တွိုက်စ်နဲ့ခိုင်မာတဲ့ဆက်ဆံရေးတွေရှိနေတာပဲဖြစ်ပါတယ်။သို့သော်လည်းပဲ လိုပတ်တဂီဟာ ဒီရာသီရဲ့အသင်းရဲ့ပွဲကြီးတစ်ပွဲဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ပွဲမှာရလဒ်ကောင်းဖို့မေ ျှာ်မှန်းပြင်ဆင်နေပါတယ်။ အဆိုပါ EI Clasico ပွဲဟာ လိုပတ်တဂီရဲ့နည်းပြရာထူးကို အဆုံးအဖြတ်ပေးမယ့်ပွဲဖြစ်လို့နေပါတယ်။
Post a Comment