ျပင္သစ္လက္ေရြးစင္ကစားသမားဘ၀ကေနအနားယူလိုုက္ၿပီျဖစ္တဲ့ကိုုစီယယ္နီ

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အာဆင္နယ္အသင္း ေနာက္ခံလူ ကိုစီယန္နီကျပင္သစ္လက္ေရြးစင္ကစားသမားဘဝမွ အနားယူေၾကာင္းေၾကညာလိုက္ပါတယ္။သူကျပင္သစ္အသင္းအေပၚေပးဆပ္ႏိုုင္ဖို႔မ႐ွိေတာ့ဘူးလို႔ဆိုကာ လက္ေရြးစင္ကစားသမားဘဝမွ အနားယူလိုက္ပါတယ္။
သူဟာ အသက္၃၃ႏွစ္အရြယ္မွာနည္းျပဒစ္ခ်န္မ္ႏွင့္ျပင္သစ္အသင္းအေပၚဒဏ္ရာျပသာနာေၾကာင့္မကစားေပးႏိုင္ေတာ့ကာ အနားယူခဲ့ျခင္းျဖစ္ပါတယ္။အဆိုပါဒဏ္ရာေၾကာင့္မကစားေပးႏိုင္ခဲ့ျခင္းအေပၚေဝဖန္မႈေတြျပင္းထန္စြာ႐ိုက္ခံခဲ့ရပါတယ္။
ကိုစီယန္နီက သူအနားယူခဲ့ရျခင္းႏွင့္ပတ္သက္ၿပီး ဆံုးျဖတ္ခဲ့တဲ့အေပၚ ျပင္သစ္ ႐ုပ္သံလိုင္း Canal + ႏွင့္ေတြ႔ဆံုစဥ္မွာဖြင့္ဟေျပာၾကားခဲ့ပါတယ္။
ကုိစီယန္နီဟာ သူရဲ႕ဒဏ္ရာအစက အက္သလက္တီကို အသင္းႏွင့္ယွဥ္ၿပိဳင္ကစားခဲ့တဲ့ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာရ႐ွိခဲ့ပါတယ္။သူက"ကြၽန္ေတာ္ေမြးေန႔မွာ သူကြၽန္ေတာ္ကိုေခၚခဲ့တယ္စက္တင္ဘာလ ေလာက္ကေပါ့။"
"လူေတာ္မ်ားမ်ားက ကြၽန္ေတာ္ကိုစိတ္ပ်က္ေနခဲ့ပါၾကပါတယ္။နည္းျပတစ္ေယာက္တည္းမဟုတ္ပါဘူး။အဲဒါက ကြၽန္ေတာ္ ေနာက္ေစ့ကိုလာလာ႐ိုက္ခတ္ေနသလို႔ခံစားရတယ္ဗ်ာ"
ကိုစီယန္နီက သူကမာၻ ့ဖလားၿပိဳင္ပြဲမွာ ရ႐ွိခဲ့တဲ့ဒဏ္ရာထက္ စိတ္ပိုင္းဆိုင္ရာထိခိုက္မႈဒဏ္ရာကပိုမ်ားတယ္လို႔ဆိုပါတယ္။
သူက"ျပင္သစ္အသင္းကမာၻ ့ဖလားရ႐ွိေအာက္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ ကြၽန္ေတာ္ဒဏ္ရာရ႐ွိခဲ့တာထက္ စိတ္ပိုင္းဆိုင္ရာ ဒဏ္ရာပိုျပင္းထန္တယ္ဗ်"လို႔ဆိုပါတယ္။
"ကြၽန္ေတာ္ထင္တယ္ ကြၽန္ေတာ္ျပင္သစ္အသင္းအတြက္အရာရာေပးဆပ္ႏိုင္ခဲ့တယ္လို႔ခံစားရတယ္။ကြၽန္ေတာ္အသက္၃၃ ကြၽန္ေတာ္ယူ႐ို၂လံုး ကမာၻ ့ဖလားတစ္ႀကိမ္ရယူႏိုင္ခဲ့ၿပီးၿပီ။ျပင္သင္အသင္းကလက္႐ွိအခ်ိန္အေကာင္းဆံုးမ်ိဳးဆက္ႏွင့္အေကာင္းဆံုးအသင္းျဖစ္ေနပါတယ္။ ကြၽန္ေတာ္ ဒဏ္ရာက ကြၽန္ေတာ္ ဆံုးျဖတ္ခ်က္ကိုေျပာင္းလဲႏိုင္မွာမဟုတ္ဘူး။ျပင္သစ္အတြက္ကစားေပးခဲ့တာၿပီးဆံုးသြားခဲ့ပါၿပီ"
"မင္းဆီမွာေကာင္းမြန္တဲ့ပံုစံ႐ွိမယ္ဆိုရင္ မင္းသူငယ္ခ်င္းမ်ားမ်ား႐ွိမွာပါ။မင္းဒဏ္ရာရသြားခဲ့ရင္ အဲဒါကိုျပန္လည္ကုသဖို႔အတြက္အခ်ိန္ကာလတစ္ခုလို္မယ္ေလ။မင္းအဲဒီကိစၥေတြအကုန္ေမ့သြားလိမ့္မယ္" လိုု ့ေျပာၾကားခဲ့ပါတယ္။
(Unicode)
ပြင်သစ်လက်ရွေးစင်ကစားသမားဘဝကနေအနားယူလိုက်ပြီဖြစ်တဲ့ကိုစီယယ်နီ
အာဆင်နယ်အသင်း နောက်ခံလူ ကိုစီယန်နီကပြင်သစ်လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်းကြေညာလိုက်ပါတယ်။သူကပြင်သစ်အသင်းအပေါ်ပေးဆပ်နိုင်ဖို့မရှိတော့ဘူးလို့ဆိုကာ လက်ရွေးစင်ကစားသမားဘဝမှ အနားယူလိုက်ပါတယ်။
သူဟာ အသက်၃၃နှစ်အရွယ်မှာနည်းပြဒစ်ချန်မ်နှင့်ပြင်သစ်အသင်းအပေါ်ဒဏ်ရာပြသာနာကြောင့်မကစားပေးနိုင်တော့ကာ အနားယူခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါဒဏ်ရာကြောင့်မကစားပေးနိုင်ခဲ့ခြင်းအပေါ်ဝေဖန်မှုတွေပြင်းထန်စွာရိုက်ခံခဲ့ရပါတယ်။
ကိုစီယန်နီက သူအနားယူခဲ့ရခြင်းနှင့်ပတ်သက်ပြီး ဆုံးဖြတ်ခဲ့တဲ့အပေါ် ပြင်သစ် ရုပ်သံလိုင်း Canal + နှင့်တွေ့ဆုံစဉ်မှာဖွင့်ဟပြောကြားခဲ့ပါတယ်။
ကိုစီယန်နီဟာ သူရဲ့ဒဏ်ရာအစက အက်သလက်တီကို အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့တဲ့ယူရိုပါလိဂ်ပြိုင်ပွဲမှာရရှိခဲ့ပါတယ်။သူက"ကျွန်တော်မွေးနေ့မှာ သူကျွန်တော်ကိုခေါ်ခဲ့တယ်စက်တင်ဘာလ လောက်ကပေါ့။"
"လူတော်များများက ကျွန်တော်ကိုစိတ်ပျက်နေခဲ့ပါကြပါတယ်။နည်းပြတစ်ယောက်တည်းမဟုတ်ပါဘူး။အဲဒါက ကျွန်တော် နောက်စေ့ကိုလာလာရိုက်ခတ်နေသလို့ခံစားရတယ်ဗျာ"
ကိုစီယန်နီက သူကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရရှိခဲ့တဲ့ဒဏ်ရာထက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဒဏ်ရာကပိုများတယ်လို့ဆိုပါတယ်။
သူက"ပြင်သစ်အသင်းကမ္ဘာ့ဖလားရရှိအောက် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ကျွန်တော်ဒဏ်ရာရရှိခဲ့တာထက် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာပိုပြင်းထန်တယ်ဗျ"လို့ဆိုပါတယ်။
"ကျွန်တော်ထင်တယ် ကျွန်တော်ပြင်သစ်အသင်းအတွက်အရာရာပေးဆပ်နိုင်ခဲ့တယ်လို့ခံစားရတယ်။ကျွန်တော်အသက်၃၃ ကျွန်တော်ယူရို၂လုံး ကမ္ဘာ့ဖလားတစ်ကြိမ်ရယူနိုင်ခဲ့ပြီးပြီ။ပြင်သင်အသင်းကလက်ရှိအချိန်အကောင်းဆုံးမျိုးဆက်နှင့်အကောင်းဆုံးအသင်းဖြစ်နေပါတယ်။ ကျွန်တော် ဒဏ်ရာက ကျွန်တော် ဆုံးဖြတ်ချက်ကိုပြောင်းလဲနိုင်မှာမဟုတ်ဘူး။ပြင်သစ်အတွက်ကစားပေးခဲ့တာပြီးဆုံးသွားခဲ့ပါပြီ"
"မင်းဆီမှာကောင်းမွန်တဲ့ပုံစံရှိမယ်ဆိုရင် မင်းသူငယ်ချင်းများများရှိမှာပါ။မင်းဒဏ်ရာရသွားခဲ့ရင် အဲဒါကိုပြန်လည်ကုသဖို့အတွက်အချိန်ကာလတစ်ခုလိုမယ်လေ။မင်းအဲဒီကိစ္စတွေအကုန်မေ့သွားလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။
Post a Comment