Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ကမ္ဘာ့ ဖလားဆုရ အွန်နရီဟာ လက်ရှိမှာတော့ သူ့ ရဲ့ ပထမဆုံးနည်းပြဘ၀ခြေလှမ်းအတွက် မိုနာကို အသင်းကိုကိုင်တွယ်ဖို့ အသင်းရဲ့ လုပ်ထုံးလုပ်နည်းများကို စောင့်ဆိုင်းနေပြီး နှစ်စာချုပ်ချုပ်ဆိုထားတယ်လို့ သိရပါတယ်။
(Unicode)
အသင်းဟောင်မိုနာကိုဆီပြန်ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ အွန်နရီ
မိုနာကိုအသင်းဟာ လီယိုနာဒိုဂျာဒင်ကို နည်းပြအဖြစ်မှထုတ်ပယ်လိုက်ပြီးနောက်မှာတော့ ကလပ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ဂန္တဝင်ကစားသမားဟောင်း ဘယ်လ်ဂျီယံလက်ထောက်နည်းပြ သီယာရီအွန်နရီကိုနည်းပြအဖြစ်တရားဝင်ခန့်အပ်ခဲ့ပါတယ်။
အွန်နရီဟာ နည်းပြစတီဖ်ဘရူ့စ်ကို ထုတ်ပယ်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းရဲ့လစ်လပ်နေတဲ့နည်းပြရာထူးအတွက် ဆက်ခံဖို့ချိတ်ဆက်ထားဖူးနေသော်လည်း သူ့ကစားသမားဘ၀ ပထမဆုံးခြေချကစားခဲ့တဲ့အသင်းဟောင်း မိုနာကိုကလပ်မှာ နည်းပြလုပ်ဖို့ပြန်လာခဲ့ပြီပဲဖြစ်ပါတယ်။
အွန်နရီဟာ ဂျူဗင်တပ်စ်နဲ့အာဆင်နယ်အသင်းတို့ဆီပြောင်းရွှေ့မကစားခင် မိုနာကိုအသင်းမှာ ၁၉၉၄ ခုနှစ်နဲ့၁၉၉၉  ခုနှစ်ကြာကစားခဲ့ပြီး ၁၄၁ ပွဲကစားပြီးချိန် ၂၈ဂိုးအထိသွင်းယူပေးခဲ့ပါတယ်။သူ့ရဲ့ကစားသမားဘဝအထွန်းတောက်ဆုံးအချိန်ကတော့ မြောက်လန်ဒန်ကလပ် အာဆင်နယ်အသင်းမှာကစားနေစဉ်ကာလဖြစ်ပြီး ၈ရာသီမှာ ၂၂၆ ဂိုးအထိသွင်းယူခဲ့တဲ့ အတွက် ဂန်းနားပရိတ်သတ်တွေရဲ့အချစ်တော်ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားဆုရ အွန်နရီဟာ လက်ရှိမှာတော့ သူ့ရဲ့ပထမဆုံးနည်းပြဘဝခြေလှမ်းအတွက် မိုနာကို အသင်းကိုကိုင်တွယ်ဖို့အသင်းရဲ့လုပ်ထုံးလုပ်နည်းများကို စောင့်ဆိုင်းနေပြီး ၃နှစ်စာချုပ်ချုပ်ဆိုထားတယ်လို့သိရပါတယ်။
ဒါ့အပြင်သူဟာ အာဆင်နယ်အသင်းရဲ့အကူအညီတစ်ချို့ကိုရရှိခဲ့ပြီး အထူးသဖြင့် ဂန်းနားအသင်းရဲ့အကယ်ဒမီနည်းပြဖြစ်တဲ့ ပတ်ထရစ်ကွာမေးအမ်မာဒူကို အွန်နရီရဲ့နည်းပြအဖွဲ့အဝင်ဖြစ်လာဖို့တွန်းအားပေးခဲ့ပါတယ်။
အွန်နရီကတော့ သူ့ရဲ့ပထမဆုံးနည်းပြဘဝနေ့စွဲသစ်အတွက်လွန်စွာစိတ်လှုပ်ရှား စိတ်အားထက်သန်နေပါတယ်။
“ ပထမဆုံး ကျွန်တော့်ကို အရမ်းကောင်းမွန်တဲ့ ဒီအသင်းရဲ့နည်းပြရာထူးအတွက်အတွက်အခွင့်အရေးပေးတဲ့ မိုနာကိုအသင်းကို ကျေးဇူးတင်ပါတယ်။ကျွန်တော်မိုနာကိုအသင်းကိုပြန်ရောက်လာလို့အရမ်းပျော်ရပါတယ်။လာမယ့်စိန်ခေါ်မှုတွေအတွင်လည်း ရင်ဆိုင်ဖို့အဆင်သင့်ပါပဲ။ကစားသမားတွေနဲ့အတူအလုပ်လုပ်ဖို့မစောင့်နိုင်တော့ပါဘူးဗျာ။” လို့ကလပ်ရဲ့ဝက်ဘ်ဆိုဒ်ကိုပြောကြားခဲ့ပါတယ်။
No comments
Powered by Blogger.