Header Ads


စတာလင္ရဲ ့ေျခစြမ္းေတြကိုုေၾကြဆင္းသြားတဲ့ ရီးရဲလ္မက္ဒရစ္




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ရီးရဲမက္ဒရစ္အသင္းဟာ တိုက္စစ္အင္အားျဖည့္တင္းဖို႔အတြက္  အဂၤလန္စတား ရာဟင္စတာလင္ကို အသည္းအသန္အလိုရွိေနပါတယ္။

စတာလင္ဟာ တနလၤာေန႔က UEFA Nations League ျပိဳင္ပြဲမွာ  ၂ဂိုးသြင္းယူခဲ့ျပီး အဂၤလန္အတြက္၃နွစ္ျကာဂိုးမိုးေခါင္ေနမႈကို အဆံုးသတ္နိုင္ခဲ့ပါတယ္။ မက္ဒရစ္ကင္းေထာက္ေတြဟာ Estadio Benito Villamarinကြင္းမွာယွဥ္ျပိဳင္ကစားတဲ့ အဂၤလန္နဲ႕စပိန္ပြဲကိုလာေရာက္ျကည့္ရႈခဲ့ျပီးစတာလင္ရဲ႕စြမ္းေဆာင္ရည္ေတြကို သေဘာက်နွစ္ျခိဳက္ခဲ့ျကပါတယ္။



ဒီစပိန္ဘီလူးျကီးဟာ နည္းျပေဟာင္းဇီဒန္းကိုင္တြယ္စဥ္ထဲကစတာလင္ကိုကာလရွည္စိတ္ဝင္စားေနတာပါ။မန္စီးတီးကေတာ့ စတာလင္နဲ႔ စာခ်ဳပ္သက္တမ္းအနည္းငယ္သာ က်န္ေတာ့တဲ့အေျခအေနမွာ နိမ့္ပါးတဲ့ေငြးေျကးနဲ႔လက္လြတ္လိုက္ရမွာ စိုးရိမ္ျကီးေနပါတယ္။စာခ်ဳပ္သက္တမ္း ၁၈လသာ က်န္ရွိေတာ့တာေျကာင့္ သက္တမ္းတိုးျမွင့္ဖို႔အတြက္စတာလင္နဲ႕ အျကိတ္အနယ္ေဆြးေႏြးေနျကတာျဖစ္ျပီး လက္ရွိေစ်းကြက္မွာ စတာလင္ရဲ႕တန္ဖိုးဟာ ေပါင္သန္း၁၀၀ေက်ာ္ရွိေပမယ့္ ေနာက္တစ္နွစ္ေနလို႔သက္တမ္းမတိုးနိုင္ရင္ ေစ်းေပါေပါနဲ႔ လက္လႊတ္ရမယ့္အႏၲရယ္ရွိေနတာပါ။

ဒါေျကာင့္စတာလင္အေပၚ ရီးရဲမက္ဒရစ္ရဲ႕စိတ္ဝင္စားေနမႈဟာ မန္စီးတီးအတြက္ ေခါင္းရႈပ္စရာျဖစ္လာတာပါ။ စတာလင္ဟာ တစ္ပတ္ေပါင္180,000ထိရေနေပမယ့္ စပိန္ေျမကိုသြားခဲ့ရင္  ေျပာင္းေရႊ႕ေျကးတစ္စိတ္တစ္ပိုင္းကို ခံစားခြင့္ရမွာျဖစ္ပါတယ္။ မန္စီးတီးအသင္းအေနနဲ႕စတာလင္ကို စာခ်ဳပ္သက္တမ္းမတိုးနိုင္ခဲ့ရင္ ေႏြရာသီမွာ ဥေရာပထိပ္တန္းကလပ္တစ္ခုခုဆီေရာင္းခ်ဖို႔ရွိေနေပမယ့္ ရီးရဲအသင္းကေတာ့ ပရိယာယ္ဆင္ျပီး ကစားသမားရဲ႕အနာဂတ္ကိုဆက္လက္ေစာင့္ၾကည့္ဖို႔ရွိေနပါတယ္။သေဘာကေတာ့ ေနာက္နွစ္ရာသီကုန္မွ ဒီကစားသမားကို အလြတ္ေျကးနဲ႔ဆြဲစားလိုေနတာပါ။




စတာလင္ဟာ လြန္ခဲ့တဲ့၁၈လအတြင္း ဥေရာပရဲ႕အေတာက္ပဆံုးလူငယ္ေတြထဲကတစ္ေယာက္ျဖစ္ခဲ့ျပီး မနွစ္ကမန္စီးတီးအသင္းစံခ်ိန္မ်ားစြားခ်ိဳးျပီး အမွတ္ေပးဖလားယူခဲ့ရာမွာ ၂၃ဂိုးထိသြင္းျပီး ထမ္းတင္နိုင္ခဲ့ပါတယ္။ခုရာသီမွာလည္း ျပိဳင္ပြဲစံု၇ဂိုးထိသြင္းျပီး ေျခစြမ္းေကာင္းေတြကိုထိန္းသိမ္းထားနိုင္ဆဲျဖစ္ပါတယ္။

(Unicode)






ရီးရဲမက်ဒရစ်အသင်းဟာ တိုက်စစ်အင်အားဖြည့်တင်းဖို့အတွက်  အင်္ဂလန်စတား ရာဟင်စတာလင်ကို အသည်းအသန်အလိုရှိနေပါတယ်။

စတာလင်ဟာ တနင်္လာနေ့က UEFA Nations League ပြိုင်ပွဲမှာ  ၂ဂိုးသွင်းယူခဲ့ပြီး အင်္ဂလန်အတွက်၃နှစ်ကြာဂိုးမိုးခေါင်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ မက်ဒရစ်ကင်းထောက်တွေဟာ Estadio Benito Villamarinကွင်းမှာယှဉ်ပြိုင်ကစားတဲ့ အင်္ဂလန်နဲ့စပိန်ပွဲကိုလာရောက်ကြည့်ရှုခဲ့ပြီးစတာလင်ရဲ့စွမ်းဆောင်ရည်တွေကို သဘောကျနှစ်ခြိုက်ခဲ့ကြပါတယ်။



ဒီစပိန်ဘီလူးကြီးဟာ နည်းပြဟောင်းဇီဒန်းကိုင်တွယ်စဉ်ထဲကစတာလင်ကိုကာလရှည်စိတ်ဝင်စားနေတာပါ။မန်စီးတီးကတော့ စတာလင်နဲ့ စာချုပ်သက်တမ်းအနည်းငယ်သာ ကျန်တော့တဲ့အခြေအနေမှာ နိမ့်ပါးတဲ့ငွေးကြေးနဲ့လက်လွတ်လိုက်ရမှာ စိုးရိမ်ကြီးနေပါတယ်။စာချုပ်သက်တမ်း ၁၈လသာ ကျန်ရှိတော့တာကြောင့် သက်တမ်းတိုးမြှင့်ဖို့အတွက်စတာလင်နဲ့ အကြိတ်အနယ်ဆွေးနွေးနေကြတာဖြစ်ပြီး လက်ရှိဈေးကွက်မှာ စတာလင်ရဲ့တန်ဖိုးဟာ ပေါင်သန်း၁၀၀ကျော်ရှိပေမယ့် နောက်တစ်နှစ်နေလို့သက်တမ်းမတိုးနိုင်ရင် ဈေးပေါပေါနဲ့ လက်လွှတ်ရမယ့်အန္တရယ်ရှိနေတာပါ။



ဒါကြောင့်စတာလင်အပေါ် ရီးရဲမက်ဒရစ်ရဲ့စိတ်ဝင်စားနေမှုဟာ မန်စီးတီးအတွက် ခေါင်းရှုပ်စရာဖြစ်လာတာပါ။ စတာလင်ဟာ တစ်ပတ်ပေါင်180,000ထိရနေပေမယ့် စပိန်မြေကိုသွားခဲ့ရင်  ပြောင်းရွှေ့ကြေးတစ်စိတ်တစ်ပိုင်းကို ခံစားခွင့်ရမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့စတာလင်ကို စာချုပ်သက်တမ်းမတိုးနိုင်ခဲ့ရင် နွေရာသီမှာ ဥရောပထိပ်တန်းကလပ်တစ်ခုခုဆီရောင်းချဖို့ရှိနေပေမယ့် ရီးရဲအသင်းကတော့ ပရိယာယ်ဆင်ပြီး ကစားသမားရဲ့အနာဂတ်ကိုဆက်လက်စောင့်ကြည့်ဖို့ရှိနေပါတယ်။သဘောကတော့ နောက်နှစ်ရာသီကုန်မှ ဒီကစားသမားကို အလွတ်ကြေးနဲ့ဆွဲစားလိုနေတာပါ။



စတာလင်ဟာ လွန်ခဲ့တဲ့၁၈လအတွင်း ဥရောပရဲ့အတောက်ပဆုံးလူငယ်တွေထဲကတစ်ယောက်ဖြစ်ခဲ့ပြီး မနှစ်ကမန်စီးတီးအသင်းစံချိန်များစွားချိုးပြီး အမှတ်ပေးဖလားယူခဲ့ရာမှာ ၂၃ဂိုးထိသွင်းပြီး ထမ်းတင်နိုင်ခဲ့ပါတယ်။ခုရာသီမှာလည်း ပြိုင်ပွဲစုံ၇ဂိုးထိသွင်းပြီး ခြေစွမ်းကောင်းတွေကိုထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။

No comments

Powered by Blogger.