လာမယ့္နာရီအနည္းငယ္အတြင္းရီးရဲလ္မက္ဒရစ္နည္းျပလိုုပတ္တဂီတစ္ေယာက္အထုတ္ခံရေတာ့မည္။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စပိန္မီဒီယာMarca သတင္းရဲ ့အဆိုအရ ရီးရဲလ္မက္ဒရစ္နည္းျပလိုုပက္တဂီဟာ လာမယ့္နာရီအနည္းငယ္အတြင္းအထုုတ္ခံရေတာ့မယ္လို ့သိရပါတယ္။
Marca သတင္းရဲ ့အတည္ျပဳခ်က္အရ ရီးရဲလ္အသင္းဟာ လိုုပတ္တဂီနဲ ့အစားထိုုးလိုတဲ့နည္းျပဟာ အရင္အသင္းကစားသမားေဟာင္း ဆန္တီယာဂိုဆိုုလာရီပဲျဖစ္ပါတယ္။သိုု ့ေသာ္လည္း AS သတင္းဌာနကေတာ့ ေနာက္တစ္မ်ိဳးေျပာေနပါေသးတယ္။AS ေဖာ္ျပထားတာကေတာ့ အသင္းရဲ ့ဂႏၱ၀င္ကစားသမား ဂူတီကိုု အစားထိုုးမယ္လို ့သိရပါတယ္။လက္ရိွနည္းျပလိုုပတ္တဂီရဲ ့အနာဂတ္ဟာ အခုုခ်ိန္မွာေတာ့ အထုုတ္ခံရမယ္ဆိုေသာခ်ိန္းေျခာက္မႈမ်ားေၾကာင့္လိပ္ခဲတည္းလည္းအေျခအေနမွာေရာက္ေနၿပီး နည္းျပအေနနဲ ့အဂၤါေန ့ညခ်န္ပီယံလိပ္ပြဲအျဖစ္ Vikoria Pizen အသင္းနဲ ့ပြဲေတာင္ကိုင္တြယ္ခြင့္မရေလာက္ေတာ့ပါဘူး။
စပိန္နည္းျပေဟာင္းရဲ ့ယံုုၾကည္မႈေပ်ာက္ဆံုုးခဲ့မႈက အသင္းရဲ ့ရလဒ္ပိုုင္းကိုု ဖရိုုဖရဲအေနအထားျဖစ္သြားေစခဲ့တဲ့အျပင္ ကလပ္အတြင္း စီမံခန္ ့ခြဲမႈဆိုုင္ရာ၀န္ထမ္းမ်ားၾကား ျပႆနာတစ္ခ်ိဳ ့ပါျဖစ္သြားခဲ့တယ္လိုု ့သိရပါတယ္။ဘာစီလိုုနာနဲ ့Clasico ပြဲဟာ နည္းျပလိုုပတ္တဂီအတြက္ အၾကိဳက္ပြဲျဖစ္ေသာ္လည္း ကလပ္ၾကားထိပ္တန္းတာ၀န္ရိွသူေတြက လိုုပတ္တဂီအေပၚသည္းခံစိတ္ကုုန္ဆံုုးေနခဲ့ၿပီးတတ္နိုုင္သမ ွ် ျမန္ျမန္ထုုတ္ေစခ်င္ေနၾကသလို ခ်န္ပီယံလိပ္အုပ္စုုအဆင့္ကေနရီးရဲလ္အသင္း လြတ္ေျမာက္သည္အထိမေစာင့္ခ်င္ၾကေတာ့ပါဘူး။
ကလပ္အသင္းရဲ ့အခ်ိဳ ့ကေတာ့ ခ်ဲလ္ဆီးနည္းျပေဟာင္းကြန္တီ ကိုု အသင္းဆီေရာက္ေစခ်င္ေသာ္လည္း ကြန္တီလိုု နည္းျပဟာ အသင္းအ၀တ္လဲခန္းထဲမွာျပႆနာရွာတတ္တဲ့နည္းျပတစ္ေယာက္အျဖစ္ ရီးရဲလ္အသင္းကျမင္ေနပါတယ္။ဆိုုလာရီက ၂၀၁၆မွာ ရာေဖးဘင္နီတက္ဇ္ရဲ ့နည္းျပရာထူးကိုု လြဲေျပာင္းရယူခဲ့တဲ့ ဇီဒန္းနဲ ့အတူနည္းျပေလာကကိုုစတင္၀င္ေရာက္ခဲ့တာျဖစ္ၿပီးရလဒ္ေပၚအေျခခံကာအသင္းရဲ ့ေရရည္နည္းျပအျဖစ္ခန္ ့အပ္ဖိုု ့ရည္မွန္းထားၾကပါတယ္။တကယ္လိုု ့ဆိုုလာရီသာအဆင္မေျပရင္ အျခားနည္းစနစ္ပိုုင္းဆိုုင္ရာပံုုရိပ္ျမင့္နည္းျပတစ္ေယာက္ကိုု ရွာရဖြယ္ရိွေနပါတယ္။ရီးရဲလ္အသင္းတကယ္အလိုရိွတဲ့နည္းျပက စပါးနည္းျပပိုုခ်က္တီနိုုတစ္ေယာက္ျဖစ္ၿပီး ၿပီးခဲ့တဲ့ ေႏြရာသီကေခၚဖိုု ့ၾကိဳးစားခဲ့ေသာ္လည္း ပိုုခ်က္တီနိုုက စာခ်ဳပ္သစ္ခ်ဳပ္ဆိုုခဲ့တာပဲျဖစ္ပါတယ္။
(Unicode)
လာမယ့်နာရီအနည်းငယ်အတွင်းရီးရဲလ်မက်ဒရစ်နည်းပြလိုပတ်တဂီတစ်ယောက်အထုတ်ခံရတော့မည်။
စပိန်မီဒီယာMarca သတင်းရဲ့အဆိုအရ ရီးရဲလ်မက်ဒရစ်နည်းပြလိုပက်တဂီဟာ လာမယ့်နာရီအနည်းငယ်အတွင်းအထုတ်ခံရတော့မယ်လို့သိရပါတယ်။
Marca သတင်းရဲ့အတည်ပြုချက်အရ ရီးရဲလ်အသင်းဟာ လိုပတ်တဂီနဲ့အစားထိုးလိုတဲ့နည်းပြဟာ အရင်အသင်းကစားသမားဟောင်း ဆန်တီယာဂိုဆိုလာရီပဲဖြစ်ပါတယ်။သို့သော်လည်း AS သတင်းဌာနကတော့ နောက်တစ်မျိုးပြောနေပါသေးတယ်။AS ဖော်ပြထားတာကတော့ အသင်းရဲ့ဂန္တဝင်ကစားသမား ဂူတီကို အစားထိုးမယ်လို့သိရပါတယ်။လက်ရှိနည်းပြလိုပတ်တဂီရဲ့အနာဂတ်ဟာ အခုချိန်မှာတော့ အထုတ်ခံရမယ်ဆိုသောချိန်းခြောက်မှုများကြောင့်လိပ်ခဲတည်းလည်းအခြေအနေမှာရောက်နေပြီး နည်းပြအနေနဲ့အင်္ဂါနေ့ညချန်ပီယံလိပ်ပွဲအဖြစ် Vikoria Pizen အသင်းနဲ့ပွဲတောင်ကိုင်တွယ်ခွင့်မရလောက်တော့ပါဘူး။
စပိန်နည်းပြဟောင်းရဲ့ယုံကြည်မှုပျောက်ဆုံးခဲ့မှုက အသင်းရဲ့ရလဒ်ပိုင်းကို ဖရိုဖရဲအနေအထားဖြစ်သွားစေခဲ့တဲ့အပြင် ကလပ်အတွင်း စီမံခန့်ခွဲမှုဆိုင်ရာဝန်ထမ်းများကြား ပြဿနာတစ်ချို့ပါဖြစ်သွားခဲ့တယ်လို့သိရပါတယ်။ဘာစီလိုနာနဲ့Clasico ပွဲဟာ နည်းပြလိုပတ်တဂီအတွက် အကြိုက်ပွဲဖြစ်သော်လည်း ကလပ်ကြားထိပ်တန်းတာဝန်ရှိသူတွေက လိုပတ်တဂီအပေါ်သည်းခံစိတ်ကုန်ဆုံးနေခဲ့ပြီးတတ်နိုင်သမ ျှ မြန်မြန်ထုတ်စေချင်နေကြသလို ချန်ပီယံလိပ်အုပ်စုအဆင့်ကနေရီးရဲလ်အသင်း လွတ်မြောက်သည်အထိမစောင့်ချင်ကြတော့ပါဘူး။
ကလပ်အသင်းရဲ့အချို့ကတော့ ချဲလ်ဆီးနည်းပြဟောင်းကွန်တီ ကို အသင်းဆီရောက်စေချင်သော်လည်း ကွန်တီလို နည်းပြဟာ အသင်းအဝတ်လဲခန်းထဲမှာပြဿနာရှာတတ်တဲ့နည်းပြတစ်ယောက်အဖြစ် ရီးရဲလ်အသင်းကမြင်နေပါတယ်။ဆိုလာရီက ၂၀၁၆မှာ ရာဖေးဘင်နီတက်ဇ်ရဲ့နည်းပြရာထူးကို လွဲပြောင်းရယူခဲ့တဲ့ ဇီဒန်းနဲ့အတူနည်းပြလောကကိုစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီးရလဒ်ပေါ်အခြေခံကာအသင်းရဲ့ရေရည်နည်းပြအဖြစ်ခန့်အပ်ဖို့ရည်မှန်းထားကြပါတယ်။တကယ်လို့ဆိုလာရီသာအဆင်မပြေရင် အခြားနည်းစနစ်ပိုင်းဆိုင်ရာပုံရိပ်မြင့်နည်းပြတစ်ယောက်ကို ရှာရဖွယ်ရှိနေပါတယ်။ရီးရဲလ်အသင်းတကယ်အလိုရှိတဲ့နည်းပြက စပါးနည်းပြပိုချက်တီနိုတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီကခေါ်ဖို့ကြိုးစားခဲ့သော်လည်း ပိုချက်တီနိုက စာချုပ်သစ်ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။
Post a Comment