ဘယ္အသင္းလာလာမေၾကာက္တတ္တဲ့သရဲနီစိတ္ဓာတ္ယူနိုုက္တက္တိုု ့ျပန္ရဖိုု ့လိုုအပ္ေနၿပီ။//ေဆာင္းပါး

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စတမ္းဖို႔ဘရစ္အျပန္မွာေတာ့ ေမးခြန္းတစ္ခုရွိလာခဲ့ပါျပီ။ဘာေျကာင့္ ေမာ္ရင္ဟိုရဲ႕ အသင္းဟာ အထေလးေနခဲ့တာလဲ။ေသခ်ာျပန္ဆန္းစစ္ျကည့္ရင္ ေမာ္ရင္ဟိုဟာ သူ႔အသင္းသားေတြကို ရံႈးမွာအေျကာက္လြန္တဲ့စိတ္ရိုက္သြင္းထားျပီး ကစားသမားေတြကိုယ္တိုင္ကလည္း ေနရာေပ်ာက္မွာစိုးရိမ္ေနပါတယ္။ မန္ေနဂ်ာကို အျပစ္တင္ေနျခင္းမဟုတ္ပဲ ဒါဟာယူနိုက္တက္ရဲ႕လက္ရွိ အေျခေနအမွန္ပါပဲ။ဘရိုက္တန္,ဝက္ဟမ္းတို႔နဲ႕ရင္ဆိုင္ကစားရာမွာလည္း ယူနိုက္တက္ဟာ ရံႈးမွာစိုးရိမ္ျကီးျပီး ပြဲtempoကို လိုအပ္သည္ထက္ေလ်ာ႔ခ်ခဲ့ပါတယ္။ရွင္းရွင္းေျပာရရင္ ယူနိုက္တက္ကစားသမားေတြဟာ သူ႔တို႕ဘယ္အသင္းမွာကစားေနလဲဆိုေမ့ေလ်ာ႔ေနပံုပါပဲ။ဒါဟာ ယူနိုက္တက္အသင္းကို အမွတ္ေပးဇယားမွာ လက္ရွိျဖစ္သင့္တဲ့ရပ္တည္မႈထက္ဆြဲခ်သြားတဲ့ အေျကာင္းအရင္းပဲျဖစ္ပါတယ္။
မာတာကေတာ့စေနေန႔ပြဲမွာ တကယ္ခ်ီးက်ဴးသင့္တဲ့ ကစားသမားျဖစ္ျပီး ယူနိုက္တက္ရုန္းကန္ေနရခ်ိန္ေတြမွာေတာင္ ေဘာလံုးပိုင္ဆိုင္မႈထိန္းခ်ဳပ္ဖို႔ အဓိကေနရာကပါဝင္ခဲ့ပါတယ္။ဒီအလုပ္က မာတာရဲ႕အကြ်မ္းက်င္ဆံုးtalentတစ္ခုျဖစ္ျပီး ေမာ္ရင္ဟိုအေနနဲ႕ ပိုမိုစြဲေဆာင္မႈရွိတဲ့ကစားကြက္ကို တည္ေဆာက္ဖို႔ မာတာကို ဒီထက္ေနရာေပးဖို႔လိုေနပါျပီ။ဒီေန႔ပြဲမွာလူကာကူရဲ႕ အသင္းေဖာ္ေတြကိုတြန္းအားေပးနိုင္မႈကိုျမင္ခဲ့ရပါတယ္။ပထမပိုင္းတစ္ပိုင္းလံုးေပ်ာက္ဆံုးေနေပမယ့္ ဒုတိယပိုင္းမွာေတာ့ ခ်ယ္ဆီးေနာက္ခံလူေတြျကားေသကြင္းေသကြက္ေတြမွာ ေနရာယူထားခဲ့ပါတယ္။အက်ိဳးဆက္အေန အသင္းေဖာ္ေတြအတြက္ ေနရာလြတ္ေတြရရွိခဲ့ေစခဲ့ပါတယ္။ ေသခ်ာတာေတာ့ ယူနိုက္တက္ဟာ အဆင့္တစ္ခုမွာရွိေနေသးတယ္ဆိုတာ ျပသနိုင္ခဲ့ပါတယ္။ဒါေပမယ့္ သူတို႔ရဲ႕အေကာင္းဆံုးပံုစံကိုျပသဖို႔ ဘာလို႔ရံႈးနိမ့္တဲ့အခ်ိန္ထိေစာင့္ေနရလဲဆိုတာ စဥ္းစားမရေအာင္ပါပဲ။
ေခါင္းေဆာင္လက္ပတ္
ကၽြန္ေတာ့္အထင္ေတာ့ အက္ရွေလယန္း ဟာေခါင္းေဆာင္လက္ပတ္အတြက္ တာဝန္ေက်ခဲ့ပါတယ္။ကလပ္အသင္းသမိုင္းမွာ စိတ္ဓာတ္ျပင္းထန္တဲ့ ေခါင္းေဆာင္မ်ားစြာရွိခဲ့ျပီး ကန္တိုနာ ,ရိြဳင္ကိန္း,ဗီဒစ္တို႕ဟာ ဦးေဆာင္သူအခန္းက႑ကို အေကာင္းဆံုးျဖည့္စည္းေပးနိုင္ခဲ့ပါတယ္။ဒါေပမယ့္ ဗလင္စီယာရဲ႕ လက္ပတ္ကေတာ့ အစဥ္အလာေတြကို တိတ္ဆိတ္ေစခဲ့ပါတယ္။ယန္းဟာ ဟာဇက္ကိုထိန္းခ်ဳပ္ဖို႔ ျကီးမားတဲ့ဖိအားရွိေနေပမယ့္ ခံစစ္တာဝန္ေျကပြန္ခဲ့ပါတယ္။အဲ့ထက္ေက်နပ္စရာေကာင္းတာက အသင္းရဲ႕အက်ပ္အတည္းကာလမွာ ေခါင္းေဆာင္မႈအရည္အေသြးကို ျပသနိုင္ခဲ့ျခင္းပါပဲ။အဝတ္လဲခန္းထဲက စကားသံေတြကို မသိရေပမယ့္ နယူးကာဆယ္
ခ်ယ္ဆီးတို႔ပြဲစဥ္ေတြမွာ အေကာင္းဆံုးပံုစံနဲ႕ျပန္လာျပီး စိတ္ဓာတ္ခိုင္မာမႈကိုျပသနိုင္ခဲ့ျခင္းအတြက္ အက္ရွေလယန္းရဲ႕ေခါင္းေဆာင္မႈက အဓိကေနရာမွာ ရွိေနခဲ့ေလာက္ပါတယ္။
ခ်ယ္ဆီးရဲ႕ အင္အား
ခ်ယ္ဆီးအသင္းကေတာ့ တူညီတဲ့ပြဲထြက္စာရင္းကိုသာမက တစ္ပံုစံထဲနီးပါး လူစားလဲမႈေတြကိုသာ အျမဲျပဳလုပ္ေနတာေျကာင့္ ပရီးမီးယားလိဂ္ခရီးရွည္အတြက္ သံသယမ်က္လံုးေတြနဲ႕ေစာင့္ျကည့္ခံေနရပါတယ္။ဆာရီရဲ႕အသင္းဟာ ပြဲခ်ိန္အမ်ားစုကို ထိန္းခ်ဳပ္ထားနိုင္ခဲ့ေပမယ့္ ယူနိုက္တက္ျပန္တင္ကစားလာခ်ိန္မွာ ကေယာင္ေခ်ာက္ျခား ျဖစ္ေနခဲ့ပါတယ္။ မာတီရယ္ရဲ႕ ေျခပဂိုးအတြက္ မားကို႔စ္အလြန္ဆိုတာဝန္မကင္းပါဘူး။2-1နဲ႕ရံႈးေနခ်ိန္မွာေတာ့ ဆာရီဟာ ဘာကေလ,ပတ္ဒရို , ဂ်ီေရာ႔တို႔ကို လူစားဝင္ေစခဲ့ပါတယ္။ဒါဟာ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ျဖစ္ခဲ့ျပီး ေခ်ပဂိုးျပန္ရခဲ့ပါတယ္။မွတ္တမ္းေတြအရ ပရီးမီးယားလိဂ္ခ်န္ပီယံအသင္းေတြမွာ ဂိုး၂၀ေလာက္သြင္းနိုင္တဲ့တိုက္စစ္မွဴးမ်ိဳးလိုအပ္ပါတယ္။ဂီေရာ႔ဟာ အာဆင္နယ္အတြက္ တစ္ရာသီအတြင္း၁၆ဂိုးသြင္းဖူးျပီး လက္ရွိခ်ယ္ဆီးအသင္းက အဲ့ထက္အခြင့္ေရးဖန္တီးမႈပိုေကာင္းေနပါတယ္။မိုရာတာဟာ ကစားသမားေကာင္းတစ္ေယာက္ျဖစ္ေပမယ့္ လက္ရွိအေျခအေနမွာေတာ့ ဂ်ီေရာ့က ပံုမွန္ေနရာအတြက္ ပိုသင့္ေတာ္ပါတယ္။အေထာင္တိုက္စစ္မွဴးက ဂိုးမ်ားစြာမသြင္းနိုင္ရင္ေတာင္ ဟာဇက္ဆီက ဂိုး၂၀ေက်ာ္ေမ်ွာ္လင့္လို႔ရပါတယ္။ ခ်န္ပီယံဆုအတြက္ ပံုမွန္ဂိုးသြင္းရွင္ရွိဖို႔က အေရးျကီးတဲ့အခ်က္ပါပဲ။
(Unicode)
ဘယ်အသင်းလာလာမကြောက်တတ်တဲ့သရဲနီစိတ်ဓာတ်ယူနိုက်တက်တို့ပြန်ရဖို့လိုအပ်နေပြီ။//ဆောင်းပါး
စတမ်းဖို့ဘရစ်အပြန်မှာတော့ မေးခွန်းတစ်ခုရှိလာခဲ့ပါပြီ။ဘာကြောင့် မော်ရင်ဟိုရဲ့ အသင်းဟာ အထလေးနေခဲ့တာလဲ။သေချာပြန်ဆန်းစစ်ကြည့်ရင် မော်ရင်ဟိုဟာ သူ့အသင်းသားတွေကို ရှုံးမှာအကြောက်လွန်တဲ့စိတ်ရိုက်သွင်းထားပြီး ကစားသမားတွေကိုယ်တိုင်ကလည်း နေရာပျောက်မှာစိုးရိမ်နေပါတယ်။ မန်နေဂျာကို အပြစ်တင်နေခြင်းမဟုတ်ပဲ ဒါဟာယူနိုက်တက်ရဲ့လက်ရှိ အခြေနေအမှန်ပါပဲ။ဘရိုက်တန်,ဝက်ဟမ်းတို့နဲ့ရင်ဆိုင်ကစားရာမှာလည်း ယူနိုက်တက်ဟာ ရှုံးမှာစိုးရိမ်ကြီးပြီး ပွဲtempoကို လိုအပ်သည်ထက်လျော့ချခဲ့ပါတယ်။ရှင်းရှင်းပြောရရင် ယူနိုက်တက်ကစားသမားတွေဟာ သူ့တို့ဘယ်အသင်းမှာကစားနေလဲဆိုမေ့လျော့နေပုံပါပဲ။ဒါဟာ ယူနိုက်တက်အသင်းကို အမှတ်ပေးဇယားမှာ လက်ရှိဖြစ်သင့်တဲ့ရပ်တည်မှုထက်စွဲချသွားတဲ့ အကြောင်းအရင်းပဲဖြစ်ပါတယ်။
မာတာကတော့စနေနေ့ပွဲမှာ တကယ်ချီးကျူးသင့်တဲ့ ကစားသမားဖြစ်ပြီး ယူနိုက်တက်ရုန်းကန်နေရချိန်တွေမှာတောင် ဘောလုံးပိုင်ဆိုင်မှုထိန်းချုပ်ဖို့ အဓိကနေရာကပါဝင်ခဲ့ပါတယ်။ဒီအလုပ်က မာတာရဲ့အကျွမ်းကျင်ဆုံးtalentတစ်ခုဖြစ်ပြီး မော်ရင်ဟိုအနေနဲ့ ပိုမိုစွဲဆောင်မှုရှိတဲ့ကစားကွက်ကို တည်ဆောက်ဖို့ မာတာကို ဒီထက်နေရာပေးဖို့လိုနေပါပြီ။ဒီနေ့ပွဲမှာလူကာကူရဲ့ အသင်းဖော်တွေကိုတွန်းအားပေးနိုင်မှုကိုမြင်ခဲ့ရပါတယ်။ပထမပိုင်းတစ်ပိုင်းလုံးပျောက်ဆုံးနေပေမယ့် ဒုတိယပိုင်းမှာတော့ ချယ်ဆီးနောက်ခံလူတွေကြားသေကွင်းသေကွက်တွေမှာ နေရာယူထားခဲ့ပါတယ်။အကျိုးဆက်အနေ အသင်းဖော်တွေအတွက် နေရာလွတ်တွေရရှိခဲ့စေခဲ့ပါတယ်။ သေချာတာတော့ ယူနိုက်တက်ဟာ အဆင့်တစ်ခုမှာရှိနေသေးတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။ဒါပေမယ့် သူတို့ရဲ့အကောင်းဆုံးပုံစံကိုပြသဖို့ ဘာလို့ရှုံးနိမ့်တဲ့အချိန်ထိစောင့်နေရလဲဆိုတာ စဉ်းစားမရအောင်ပါပဲ။
ခေါင်းဆောင်လက်ပတ်
ကျွန်တော့်အထင်တော့ အက်ရှလေယန်း ဟာခေါင်းဆောင်လက်ပတ်အတွက် တာဝန်ကျေခဲ့ပါတယ်။ကလပ်အသင်းသမိုင်းမှာ စိတ်ဓာတ်ပြင်းထန်တဲ့ ခေါင်းဆောင်များစွာရှိခဲ့ပြီး ကန်တိုနာ ,ရွိုင်ကိန်း,ဗီဒစ်တို့ဟာ ဦးဆောင်သူအခန်းကဏ္ဍကို အကောင်းဆုံးဖြည့်စည်းပေးနိုင်ခဲ့ပါတယ်။ဒါပေမယ့် ဗလင်စီယာရဲ့ လက်ပတ်ကတော့ အစဉ်အလာတွေကို တိတ်ဆိတ်စေခဲ့ပါတယ်။ယန်းဟာ ဟာဇက်ကိုထိန်းချုပ်ဖို့ ကြီးမားတဲ့ဖိအားရှိနေပေမယ့် ခံစစ်တာဝန်ကြေပွန်ခဲ့ပါတယ်။အဲ့ထက်ကျေနပ်စရာကောင်းတာက အသင်းရဲ့အကျပ်အတည်းကာလမှာ ခေါင်းဆောင်မှုအရည်အသွေးကို ပြသနိုင်ခဲ့ခြင်းပါပဲ။အဝတ်လဲခန်းထဲက စကားသံတွေကို မသိရပေမယ့် နယူးကာဆယ်
ချယ်ဆီးတို့ပွဲစဉ်တွေမှာ အကောင်းဆုံးပုံစံနဲ့ပြန်လာပြီး စိတ်ဓာတ်ခိုင်မာမှုကိုပြသနိုင်ခဲ့ခြင်းအတွက် အက်ရှလေယန်းရဲ့ခေါင်းဆောင်မှုက အဓိကနေရာမှာ ရှိနေခဲ့လောက်ပါတယ်။
ချယ်ဆီးရဲ့ အင်အား
ချယ်ဆီးအသင်းကတော့ တူညီတဲ့ပွဲထွက်စာရင်းကိုသာမက တစ်ပုံစံထဲနီးပါး လူစားလဲမှုတွေကိုသာ အမြဲပြုလုပ်နေတာကြောင့် ပရီးမီးယားလိဂ်ခရီးရှည်အတွက် သံသယမျက်လုံးတွေနဲ့စောင့်ကြည့်ခံနေရပါတယ်။ဆာရီရဲ့အသင်းဟာ ပွဲချိန်အများစုကို ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ယူနိုက်တက်ပြန်တင်ကစားလာချိန်မှာ ကယောင်ချောက်ခြား ဖြစ်နေခဲ့ပါတယ်။ မာတီရယ်ရဲ့ ခြေပဂိုးအတွက် မားကို့စ်အလွန်ဆိုတာဝန်မကင်းပါဘူး။2-1နဲ့ရှုံးနေချိန်မှာတော့ ဆာရီဟာ ဘာကလေ,ပတ်ဒရို , ဂျီရော့တို့ကို လူစားဝင်စေခဲ့ပါတယ်။ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး ချေပဂိုးပြန်ရခဲ့ပါတယ်။မှတ်တမ်းတွေအရ ပရီးမီးယားလိဂ်ချန်ပီယံအသင်းတွေမှာ ဂိုး၂၀လောက်သွင်းနိုင်တဲ့တိုက်စစ်မှူးမျိုးလိုအပ်ပါတယ်။ဂီရော့ဟာ အာဆင်နယ်အတွက် တစ်ရာသီအတွင်း၁၆ဂိုးသွင်းဖူးပြီး လက်ရှိချယ်ဆီးအသင်းက အဲ့ထက်အခွင့်ရေးဖန်တီးမှုပိုကောင်းနေပါတယ်။မိုရာတာဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့် လက်ရှိအခြေအနေမှာတော့ ဂျီရော့က ပုံမှန်နေရာအတွက် ပိုသင့်တော်ပါတယ်။အထောင်တိုက်စစ်မှူးက ဂိုးများစွာမသွင်းနိုင်ရင်တောင် ဟာဇက်ဆီက ဂိုး၂၀ကျော်မျှော်လင့်လို့ရပါတယ်။ ချန်ပီယံဆုအတွက် ပုံမှန်ဂိုးသွင်းရှင်ရှိဖို့က အရေးကြီးတဲ့အချက်ပါပဲ။
Post a Comment