Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
အီဗရာဟီမိုဗစ်ကိုဇန်နဝါရီမှာခေါ်ယူဖို့စဉ်းစားနေတဲ့ရီးရဲလ်မက်ဒရစ်
စပိန်မှာရှိတဲ့ သတင်းတွေရဲ့ဖော်ပြချက်အရ ရီးရဲလ်အသင်းဟာ အသင်းရဲ့စတားဟောင်းရိုနယ်ဒိုရဲ့နေရာကိုအစားထိုးဖို့တိုက်စစ်မှူးဇလာတန်အီဗရာဟီမိုဗစ်ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာအံသြသင့်ဖွယ်ခေါ်ယူဖို့စဉ်းစားနေပါတယ်။
Los Blancos အသင်းဟာ အသင်းရဲ့ပေါ်တူဂီစတားကို ဂျုဗင်တပ်စ်အသင်းဆီလက်လွှတ်ခဲ့ရပြီးနောက် မန်နေဂျာသစ်လိုပတ်တဂီရဲ့လက်အောက်မှာ ၅ပွဲဆက်နိုင်ပွဲမဲ့နဲ့ဖိအားတွေအောက်ရုန်းကန်နေရပါတယ်။သူတို့အသင်းဟာ ပြီးခဲ့တဲ့စနေနေ့ကအိမ်ကွင်းမှာ လီဗန်တေးအသင်းကို ထပ်မံရှုံးနိမ့်ခဲ့ပြန်ပြီး ၄၈၁မိနစ်ကြာဂိုးပေါက်ပျောက်ဆုံးနေခဲ့သလို ကလပ်သမိုင်းတစ်လေ ျှာက် အရှည်လျားဆုံးဂိုးမိုးခေါင်နေတာပဲဖြစ်ပါတယ်။
ဒါ့အပြင် Cadena COPE ရဲ့အတည်ပြုချက်အရ ရီးရဲလ်အသင်းဟာ MLS ကလပ်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို ရေတိုအငှားစာချုပ်ဖြင့်သာခေါ်ယူလိုနေပြီး အသင်းရဲ့တိုက်စစ်ကိုဖြေရှင်းဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ဆွီဒင်တိုက်စစ်မှူးဟာ LA Galaxy အသင်းအတွက် ပြန်လည်ကြံ့ခိုင်မှုရှိလာခဲ့ပြီး ဂိုးတွေများစွာသွင်းယူပေးနေခဲ့သလို မနေ့ညကကစားခဲ့တဲ့ Minnesota United အသင်းနဲ့ပွဲမှာလည်း ခေါင်းတိုက်ဂိုးသွင်းယူခဲ့ပါတယ်။ဒါဟာ သူ့ရဲ့ LA Galaxy အသင်းအတွက် ၂၆ပွဲကစားပြီးချိန် ၂၂ဂိုးမြောက်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး PlayOff တစ်နေရာအတွက်ခိုင်မာစေခဲ့ပါတယ်။အီဗရာဟီမိုဗစ်ရဲ့ကလပ်ဟောင်းတွေဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ AC မီလန်အသင်းတို့ဟာလည်း လာမယ့်ဇန်နဝါရီမှာ အငှားဖြင့်ပြန်ခေါ်ယူဖို့စိတ်ဝင်စားနေကြပြီး အသက်၃၇နှစ်အရွယ်ကစားသမားကြီးကို ဖြောင်းဖျဖို့တော့အဆိုပါကလပ်တွေအတော်လေးခက်ခဲဖွယ်ရှိနေပါတယ်။
“ ကျွန်တော့်အထင်တော့ ကျွန်တော်အလုပ်လုပ်တာနဲ့အနားယူတာကိုအကောင်းဆုံးညီမ ျှမှုရှိဖို့လိုအပ်တဲ့အခြေအနေတစ်ခုမှာရောက်နေပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ဒဏ်ရာကနေပြန်လာနိုင်ခဲ့တယ်။ပြီးတော့ကျွန်တော့်အသက်ကြောင့်ရယ် လေ့ကျင့်ခန်းဆင်းတဲ့အချိန်မှာ ထားတဲ့ အလုပ်အားတွေကြောင့်ရယ်ပါ။ကျွန်တော်ဒီအကြောင်းစဉ်းစားနေတာမဟုတ်ပါဘူး။ကျွန်တော်တို့၂ပွဲကျန်သေးတယ်။ Play Off အခြေအနေကိုဖန်တီးနိုင်မယ်လို့မေ ျှာ်လင့်ပါတယ်။ကျွန်တော်ဘာပြောရမလဲဒီထက်ပိုပြီးမသိတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ ကျွန်တော်အာရုံစူးစိုက်တာတွေမပျောက်ဆုံးချင်လို့ပါ။ဒီအပေါ်မှာကျွန်တော်အတွေးတွေမထားထားပါဘူး။” လို့အီဗရာဟီမိုဗစ်က Sky Sports ကို ပြောကြားခဲ့ပါတယ်။
Post a Comment