ယူႏိုုက္တက္ရဲ ့ပြဲၾကပ္ကာလအတြက္အဆင္သင့္ျပင္ထားတဲ့ မာတာ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူဟြမ္မာတာက ဒီလမွာကစားရမယ့္ ခ်ယ္လ္ဆီး၊ဂ်ဴဗင္တပ္စ္၊မန္စီးတီးအသင္းတိုု ့နဲ ့ေတြ ့ဆံုုရမယ့္ပြဲက်ပ္ဇယားအတြက္ အဆင္သင့္ျဖစ္ေအာင္လုပ္ေဆာင္ေနတယ္လို ့ဆိုုလိုက္ပါတယ္။
ဟြမ္မာတာက မန္ယူႏိုုက္တက္အသင္းဟာ ပရီးမီးယားလိပ္မွာ ခ်ဲလ္ဆီးအသင္းနဲ ့ခ်န္ပီယံလိပ္ၿပိဳင္ပြဲမွာ ဂ်ဴဗင္တပ္စ္အသင္းတိုု ့နဲ ့ေတြ ့ဆံုရမွာျဖစ္တာေၾကာင့္ အေကာင္းဆံုုးျပင္ဆင္ထားတယ္လိုု ့ေျပာၾကားလုုိက္ပါတယ္။ယူႏိုုက္တက္အသင္းဟာ လက္ရိွအမွတ္ေပးဇယားမွာ အဆင့္၈မွာ ရပ္တည္ေနရၿပီး ထိပ္ဆံုုးကဦးေဆာင္ေနတဲ့ ခ်ဲလ္ဆီးအသင္းတို ့နဲ ့၇မွတ္အကြာအေနအထားမွာရွိေနပါတယ္။သရဲနီတိုု ့ဟာ ယခုုနွစ္ပရီးမီယားလိပ္မွ ၃ပြဲအထိရံႈးနိမ့္ထားခဲ့ၿပီး အထုုတ္ခံရဖို ့နီးစပ္ေနတဲ့ နည္းျပေမာ္ရင္ဟိုုကလည္း ဖိအားေတြေအာက္က်ေရာက္ေနၿပီး အသင္းအ၀တ္လဲခန္းထဲမွာ ျပႆနာေတြတစ္ေပြ ့တစ္ပိုုက္နဲ ့ျဖစ္ပြားေနတာပဲျဖစ္ပါတယ္။လာမယ့္ နိုု၀င္ဘာ ၇ရက္ေန ့မွာ ခ်န္ပီယံလိပ္ပြဲအျဖစ္ စီးရီးေအခ်န္ပီယံဂ်ဴဗင္တပ္စ္အသင္းကိုု အိမ္ကြင္းအိုုထရက္ဖိုု ့ဒ္မွာ လက္ခံကစားရမွာျဖစ္တဲ့အျပင္ ၿမိဳ ့ခံၿပိဳင္ဘက္မန္စီးတီးအသင္းကိုု အဆိုုပါပြဲအၿပီး ၄ရက္အၾကာမွာ ကစားရဦးမွာျဖစ္တာေၾကာင့္ ေမာ္ရင္ဟိုု နဲ ့လြယ္ကူတဲ့ ေန ့စြဲေတြျဖစ္လာမွာမဟုုတ္တာေတာ့က်ိန္းေသပါတယ္။
နယူးကာဆယ္အသင္းကိုု ၂-၀ ျဖင့္ ရႈံးနိမ့္ေနခဲ့ရာမွေနာက္ကလိုုက္ကစားတာအနိုုင္ရယူခဲ့တဲ့ပြဲမွာ အေရးပါတဲ့ေခ်ပဂိုုးဖရီးကစ္ကိုသြင္းယူေပးခဲ့တဲ့ ယူႏိုုက္တက္ကြင္းလယ္လူ မာတာက ေတာ့ ခက္ခဲတဲ့ပြဲစဥ္ေတြအတြက္ အဆင္သင့္ျဖစ္ေအာင္လုုပ္ထားတယ္လိုု ့ဆိုုလိုု္က္ပါတယ္။ “ တကယ့္ကိုု ခက္ခဲတဲ့လ ပါပဲ။ပရီးမီးယားလိပ္မွာရင္ဆိုုင္ရခက္ခဲတဲ့ ၿပိဳင္ဘက္ေတြနဲ ့ကစားရမွာျဖစ္ၿပီး ခ်န္ပီယံလိပ္မွာလည္းဂ်ဴဗင္တပ္စ္အသင္းနဲ ့ကန္ရဦးမွာပါ။ရလဒ္ေကာင္းေတြသာ ဖန္တီးနိုုင္ခဲ့မယ္ဆိုုရင္ေတာ့ ကၽြန္ေတာ္တိုု ့အတြက္ စိတ္ဓာတ္ပိုုင္းေရာ ယံုုၾကည္မႈေတြေရာ ၊အမွတ္ေတြအရ ပါ အေတာ္ေလးေကာင္းမြန္တဲ့လျဖစ္သြားမွာပါ။နိုု၀င္ဘာနဲ့ဒီဇင္ဘာမွာကၽြန္ေတာ္တိုု ့ေတြဘယ္အဆင့္မွာ ရပ္တည္ေနမလဲၾကည့္ၾကတာေပါ့။ ကၽြန္ေတာ့္အထင္ေတာ့ ဒီလက စိတ္လႈပ္ရွားစရာျဖစ္ပါလိမ့္မယ္။”
မာတာဟာ ယူႏိုုက္တက္ဆီ မေျပာင္းခင္ သူ ့အသင္းေဟာင္းခ်ဲလ္ဆီးမွာ ခ်န္ပီယံလိပ္ဖလား၊ယူရိုုပါလိပ္ဖလား၊ FA ဖလားတိုု ့ကိုု ရယူနိုုင္ခဲ့ၿပီး အသက္ ၃၀ အရြယ္အဆိုပါစပိန္ကြင္းလယ္လူဟာ လန္ဒန္အသင္းေဟာင္းနဲ ့လာမယ့္ရက္မွာရင္ဆိုုင္ကစားရေတာ့မွာပဲျဖစ္ပါတယ္။ “စတန္းဖိုု ့ဘရစ္ခ်္ မွာေရာ၊ ပရိတ္သတ္ေတြဆီကပါ ေကာင္းမြန္တဲ့ အမွတ္တရေတြရိွခဲ့ပါတယ္။ကၽြန္ေတာ့္အဲ့အသင္းမွာ ၂ႏွစ္ခြဲေက်ာ္ရိွခဲ့ပါတယ္။ပြဲမတိုုင္ခင္ေရာ ပြဲၿပီးတဲ့အခ်ိန္မွာပါ ကၽြန္ေတာ့္အတြက္ ခင္မင္စရာမ်က္နွာေတြကိုျမင္ေတြ ့ခြင့္ရပါမယ္။ဒါပင္မယ့္ကြင္းထဲမွာ ေရာက္ရင္ေတာ့ ဒီလိုုခင္မင္စရာေတြမရိွေတာ့ပါဘူး။ကၽြန္ေတာ့္တိုု ့ရဲ ့ရည္မွန္းခ်က္က ခ်ဲလ္ဆီးမွာသြားကစားရင္အႏႈတ္လကၡဏေဆာင္ေလ့ရိွတဲ့အေျခအေနကိုု ေျပာင္းလဲဖိုု ့ပါ။ရတဲ့အခြင့္အေရးကိုု အေကာင္းဆံုုးေျပာင္းလဲသြားမွာပါ။ခံစစ္ကိုုအေကာင္းဆံုုးကစားမယ္။ယံုုၾကည္မႈရိွရိွနဲ ့ကစားမယ္။ကၽြန္ေတာ္တိုု ့နိုုင္ရမယ္လိုု ့ယံုုၾကည္ရမယ္။ ဒီလိုု အေရးၾကီးတဲ့ ပြဲေတြမွာ ကၽြန္ေတာ္တိုု ့ေတြဒီလိုစိတ္ဓာတ္မ်ိဳးထားရပါမယ္။”
(Unicode)
ယူနိုက်တက်ရဲ့ပွဲကြပ်ကာလအတွက်အဆင်သင့်ပြင်ထားတဲ့ မာတာ
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟွမ်မာတာက ဒီလမှာကစားရမယ့် ချယ်လ်ဆီး၊ဂျူဗင်တပ်စ်၊မန်စီးတီးအသင်းတို့နဲ့တွေ့ဆုံရမယ့်ပွဲကျပ်ဇယားအတွက် အဆင်သင့်ဖြစ်အောင်လုပ်ဆောင်နေတယ်လို့ဆိုလိုက်ပါတယ်။
ဟွမ်မာတာက မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိပ်မှာ ချဲလ်ဆီးအသင်းနဲ့ချန်ပီယံလိပ်ပြိုင်ပွဲမှာ ဂျူဗင်တပ်စ်အသင်းတို့နဲ့တွေ့ဆုံရမှာဖြစ်တာကြောင့် အကောင်းဆုံးပြင်ဆင်ထားတယ်လို့ပြောကြားလိုက်ပါတယ်။ယူနိုက်တက်အသင်းဟာ လက်ရှိအမှတ်ပေးဇယားမှာ အဆင့်၈မှာ ရပ်တည်နေရပြီး ထိပ်ဆုံးကဦးဆောင်နေတဲ့ ချဲလ်ဆီးအသင်းတို့နဲ့၇မှတ်အကွာအနေအထားမှာရှိနေပါတယ်။သရဲနီတို့ဟာ ယခုနှစ်ပရီးမီယားလိပ်မှ ၃ပွဲအထိရှုံးနိမ့်ထားခဲ့ပြီး အထုတ်ခံရဖို့နီးစပ်နေတဲ့ နည်းပြမော်ရင်ဟိုကလည်း ဖိအားတွေအောက်ကျရောက်နေပြီး အသင်းအဝတ်လဲခန်းထဲမှာ ပြဿနာတွေတစ်ပွေ့တစ်ပိုက်နဲ့ဖြစ်ပွားနေတာပဲဖြစ်ပါတယ်။လာမယ့် နိုဝင်ဘာ ၇ရက်နေ့မှာ ချန်ပီယံလိပ်ပွဲအဖြစ် စီးရီးအေချန်ပီယံဂျူဗင်တပ်စ်အသင်းကို အိမ်ကွင်းအိုထရက်ဖို့ဒ်မှာ လက်ခံကစားရမှာဖြစ်တဲ့အပြင် မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းကို အဆိုပါပွဲအပြီး ၄ရက်အကြာမှာ ကစားရဦးမှာဖြစ်တာကြောင့် မော်ရင်ဟို နဲ့လွယ်ကူတဲ့ နေ့စွဲတွေဖြစ်လာမှာမဟုတ်တာတော့ကျိန်းသေပါတယ်။
နယူးကာဆယ်အသင်းကို ၂-၀ ဖြင့် ရှုံးနိမ့်နေခဲ့ရာမှနောက်ကလိုက်ကစားတာအနိုင်ရယူခဲ့တဲ့ပွဲမှာ အရေးပါတဲ့ချေပဂိုးဖရီးကစ်ကိုသွင်းယူပေးခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်လူ မာတာက တော့ ခက်ခဲတဲ့ပွဲစဉ်တွေအတွက် အဆင်သင့်ဖြစ်အောင်လုပ်ထားတယ်လို့ဆိုလိုက်ပါတယ်။ “ တကယ့်ကို ခက်ခဲတဲ့လ ပါပဲ။ပရီးမီးယားလိပ်မှာရင်ဆိုင်ရခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ကစားရမှာဖြစ်ပြီး ချန်ပီယံလိပ်မှာလည်းဂျူဗင်တပ်စ်အသင်းနဲ့ကန်ရဦးမှာပါ။ရလဒ်ကောင်းတွေသာ ဖန်တီးနိုင်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် စိတ်ဓာတ်ပိုင်းရော ယုံကြည်မှုတွေရော ၊အမှတ်တွေအရ ပါ အတော်လေးကောင်းမွန်တဲ့လဖြစ်သွားမှာပါ။နိုဝင်ဘာနဲ့ဒီဇင်ဘာမှာကျွန်တော်တို့တွေဘယ်အဆင့်မှာ ရပ်တည်နေမလဲကြည့်ကြတာပေါ့။ ကျွန်တော့်အထင်တော့ ဒီလက စိတ်လှုပ်ရှားစရာဖြစ်ပါလိမ့်မယ်။”
မာတာဟာ ယူနိုက်တက်ဆီ မပြောင်းခင် သူ့အသင်းဟောင်းချဲလ်ဆီးမှာ ချန်ပီယံလိပ်ဖလား၊ယူရိုပါလိပ်ဖလား၊ FA ဖလားတို့ကို ရယူနိုင်ခဲ့ပြီး အသက် ၃၀ အရွယ်အဆိုပါစပိန်ကွင်းလယ်လူဟာ လန်ဒန်အသင်းဟောင်းနဲ့လာမယ့်ရက်မှာရင်ဆိုင်ကစားရတော့မှာပဲဖြစ်ပါတယ်။ “စတန်းဖို့ဘရစ်ချ် မှာရော၊ ပရိတ်သတ်တွေဆီကပါ ကောင်းမွန်တဲ့ အမှတ်တရတွေရှိခဲ့ပါတယ်။ကျွန်တော့်အဲ့အသင်းမှာ ၂နှစ်ခွဲကျော်ရှိခဲ့ပါတယ်။ပွဲမတိုင်ခင်ရော ပွဲပြီးတဲ့အချိန်မှာပါ ကျွန်တော့်အတွက် ခင်မင်စရာမျက်နှာတွေကိုမြင်တွေ့ခွင့်ရပါမယ်။ဒါပင်မယ့်ကွင်းထဲမှာ ရောက်ရင်တော့ ဒီလိုခင်မင်စရာတွေမရှိတော့ပါဘူး။ကျွန်တော့်တို့ရဲ့ရည်မှန်းချက်က ချဲလ်ဆီးမှာသွားကစားရင်အနှုတ်လက္ခဏဆောင်လေ့ရှိတဲ့အခြေအနေကို ပြောင်းလဲဖို့ပါ။ရတဲ့အခွင့်အရေးကို အကောင်းဆုံးပြောင်းလဲသွားမှာပါ။ခံစစ်ကိုအကောင်းဆုံးကစားမယ်။ယုံကြည်မှုရှိရှိနဲ့ကစားမယ်။ကျွန်တော်တို့နိုင်ရမယ်လို့ယုံကြည်ရမယ်။ ဒီလို အရေးကြီးတဲ့ ပွဲတွေမှာ ကျွန်တော်တို့တွေဒီလိုစိတ်ဓာတ်မျိုးထားရပါမယ်။”
Post a Comment