အာဆင္နယ္ ၃-၁ လက္စတာ ပြဲအၿပီး ေနာက္ဆံုုးရသတင္းမ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လက္စတာစီးတီးအသင္းကိုု အနိုုင္ရတဲ့ပြဲၿပီးေနာက္အာဆင္နယ္အသင္းဟာ ပရီးမီယားလိပ္ ၇ပြဲဆက္နိုုင္ပြဲရရိွထားေသာ္လည္း နည္းျပအမ္မရီက ခ်န္ပီယံျဖစ္ဖိုု ့အတြက္သူတိုု ့အသင္းဟာဒီထက္တည္ျငိမ္ေနဖို ့လိုေသးေၾကာင္း သူတိုု ့ေရွ ့က လီဗာပူးလ္၊ခ်ဲလ္ဆီး၊မန္စီးတီးတိုု ့ရိွေနတာေၾကာင့္ ေစာင့္ၾကည္ ့ရမယ္လိုု ့ဆိုုလိုုက္ၿပီး သူတိုု ့အသင္းနဲ ့အမွတ္ခ်င္းနီးကပ္ေနတဲ့ လက္စတာကိုနိုုင္လိုုက္တာဟာ အေတာ္ေလးေကာင္းသြားေၾကာင္းေျပာၾကားလိုုက္ပါတယ္။
မေန ့ညကကစားခဲ့တဲ့လက္စတာစီးတီးကို ၃-၁ျဖင့္အနိုုင္ရတဲ့ပြဲမွာ အာဆင္နယ္သြင္းယူတဲ့ ၃ဂိုုးစလံုုးမွာ ၁ဂိုုးသြင္း ၂ဂိုုးဖန္ေပးခဲ့တဲ့ အသင္းေခါင္းေဆာင္အိုုလ္ေဇးလ္က သူတိုု ့အသင္းဟာ ဆြဲေဆာင္မႈရိွတဲ့ေဘာလံုုးကစားဟန္ကိုု ကစားနိုုင္ၿပီလိုု ့ထင္ျမင္ေၾကာင္းနဲ ့ဒီအသင္းနဲ ့ကလပ္အတြက္ အသင္းေခါင္းေဆာင္ျဖစ္ရတာဂုဏ္ယူတယ္လိုု ့ခ်ီးက်ဴးေျပာၾကားလိုက္ပါတယ္။
မေန ့ညက ပြဲမွာ အာဆင္နယ္အသင္းဟာ ပယ္နယ္တီဧရိယာအတြင္းလက္ထိေဘာတစ္ခုုက်ဴးလြန္ခဲ့ပါတယ္။လက္စတာစီးတီးတိုုက္စစ္မွဴး အီဟန္နာခ်ိဳနဲ ့အာဆင္နယ္ေနာက္ခံလူဟိုုလ္ဒင္းတို ့ေဘာလံုုးကိုုခံုုၿပီး ယွဥ္အလုုဟိုုးလ္ဒင္းရဲ ့ညာဘက္ဟာ ေဘာလံုုးကိုု ရည္ရြယ္ခ်က္ရိွရွိ ပုတ္ထုတ္ခဲ့ေသာ္လည္း ကြင္းလယ္ဒိုင္က ပယ္နယ္တီအျဖစ္ကေနမ်က္ကြယ္ျပဳခဲ့တယ္လို ့ခရစ္ပူတင္က ေ၀ဖန္လိုုက္ပါတယ္။
နည္းျပအမ္မရီက အိုုေဇးလ္ရဲ ့အသင္းေခါင္းေဆာင္အရည္အေသြးကိုု ခ်ီးက်ဳးေျပာၾကားခဲ့ေသာ္လည္း ကစားသမားအေနနဲ ့ပံုုမွန္အေနအထားမ်ိဳးလိုအပ္တယ္လိုု ့ေျပာၾကားလိုုက္ပါတယ္။ဒါ့အျပင္ ၿပိဳင္ပြဲစံုု ၁၀ပြဲဆက္အနိုုင္ရထားတဲ့အေပၚ အသင္းကစားသမားေတြနဲ ့သာယာ မေနပဲ ညီမ ွ်ရိွေအာင္ၾကိဳးစားေနရမယ္လိုု ့တိုုက္တြန္းေျပာဆိုုခဲ့ပါတယ္။
ပြဲကစားခ်ိန္၈၇ မိနစ္မွာကြင္းထဲကေနအေလာတၾကီး ထြက္သြားတဲ့လက္စတာတိုုက္စစ္မွဴးဗာဒီကိုု အိမ္သာတက္ခ်င္လိုု ့ထြက္သြားတယ္လို ့ပရိတ္သတ္ေတြကထင္ေနၾကေသာ္လည္း ဗာဒီက သူ လံုုး၀ေနမေကာင္းျဖစ္ေနတာေၾကာင့္ ထြက္သြားရတာျဖစ္ၿပီး လံုုး၀ျပန္မလာနိုုင္တာျဖစ္တယ္လိုု ့ေျပာၾကားလိုုက္ပါတယ္။
(Unicode)
အာဆင်နယ် ၃-၁ လက်စတာ ပွဲအပြီး နောက်ဆုံးရသတင်းများ
လက်စတာစီးတီးအသင်းကို အနိုင်ရတဲ့ပွဲပြီးနောက်အာဆင်နယ်အသင်းဟာ ပရီးမီယားလိပ် ၇ပွဲဆက်နိုင်ပွဲရရှိထားသော်လည်း နည်းပြအမ်မရီက ချန်ပီယံဖြစ်ဖို့အတွက်သူတို့အသင်းဟာဒီထက်တည်ငြိမ်နေဖို့လိုသေးကြောင်း သူတို့ရှေ့က လီဗာပူးလ်၊ချဲလ်ဆီး၊မန်စီးတီးတို့ရှိနေတာကြောင့် စောင့်ကြည့်ရမယ်လို့ဆိုလိုက်ပြီး သူတို့အသင်းနဲ့အမှတ်ချင်းနီးကပ်နေတဲ့ လက်စတာကိုနိုင်လိုက်တာဟာ အတော်လေးကောင်းသွားကြောင်းပြောကြားလိုက်ပါတယ်။
မနေ့ညကကစားခဲ့တဲ့လက်စတာစီးတီးကို ၃-၁ဖြင့်အနိုင်ရတဲ့ပွဲမှာ အာဆင်နယ်သွင်းယူတဲ့ ၃ဂိုးစလုံးမှာ ၁ဂိုးသွင်း ၂ဂိုးဖန်ပေးခဲ့တဲ့ အသင်းခေါင်းဆောင်အိုလ်ဇေးလ်က သူတို့အသင်းဟာ ဆွဲဆောင်မှုရှိတဲ့ဘောလုံးကစားဟန်ကို ကစားနိုင်ပြီလို့ထင်မြင်ကြောင်းနဲ့ဒီအသင်းနဲ့ကလပ်အတွက် အသင်းခေါင်းဆောင်ဖြစ်ရတာဂုဏ်ယူတယ်လို့ချီးကျူးပြောကြားလိုက်ပါတယ်။
မနေ့ညက ပွဲမှာ အာဆင်နယ်အသင်းဟာ ပယ်နယ်တီဧရိယာအတွင်းလက်ထိဘောတစ်ခုကျူးလွန်ခဲ့ပါတယ်။လက်စတာစီးတီးတိုက်စစ်မှူး အီဟန်နာချိုနဲ့အာဆင်နယ်နောက်ခံလူဟိုလ်ဒင်းတို့ဘောလုံးကိုခုံပြီး ယှဉ်အလုဟိုးလ်ဒင်းရဲ့ညာဘက်ဟာ ဘောလုံးကို ရည်ရွယ်ချက်ရှိရှိ ပုတ်ထုတ်ခဲ့သော်လည်း ကွင်းလယ်ဒိုင်က ပယ်နယ်တီအဖြစ်ကနေမျက်ကွယ်ပြုခဲ့တယ်လို့ခရစ်ပူတင်က ဝေဖန်လိုက်ပါတယ်။
နည်းပြအမ်မရီက အိုဇေးလ်ရဲ့အသင်းခေါင်းဆောင်အရည်အသွေးကို ချီးကျုးပြောကြားခဲ့သော်လည်း ကစားသမားအနေနဲ့ပုံမှန်အနေအထားမျိုးလိုအပ်တယ်လို့ပြောကြားလိုက်ပါတယ်။ဒါ့အပြင် ပြိုင်ပွဲစုံ ၁၀ပွဲဆက်အနိုင်ရထားတဲ့အပေါ် အသင်းကစားသမားတွေနဲ့သာယာ မနေပဲ ညီမ ျှရှိအောင်ကြိုးစားနေရမယ်လို့တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ပွဲကစားချိန်၈၇ မိနစ်မှာကွင်းထဲကနေအလောတကြီး ထွက်သွားတဲ့လက်စတာတိုက်စစ်မှူးဗာဒီကို အိမ်သာတက်ချင်လို့ထွက်သွားတယ်လို့ပရိတ်သတ်တွေကထင်နေကြသော်လည်း ဗာဒီက သူ လုံးဝနေမကောင်းဖြစ်နေတာကြောင့် ထွက်သွားရတာဖြစ်ပြီး လုံးဝပြန်မလာနိုင်တာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။
Post a Comment