(Unicode)
လီဗာပူးလ် ၄-၀ Crvena Zvezda ပွဲအပြီးနောက်ဆုံးရသတင်းတိုများ
Craven Zvezda အသင်းကို ၄-၀ ဖြင့် ဂိုးပြတ်နိုင်ခဲ့တဲ့ ချန်ပီယံလိပ်ပွဲပြီးနောက် ယူနိုက်တက်နောက်ခံလူဟောင်းဖာဒီနန်က လီဗာပူးလ်နည်းပြကလော့နဲ့ယူနိုက်တက်နည်းပြမော်ရင်ဟိုတို့ကြားကွာခြားချက်ကို “ ဒိန်ခဲ နဲ့မြေဖြူ ”လို မျိုးလို့နှိုင်းယှဉ်ဝေဖန်ခဲ့ပါတယ်။
မနေ့ညကပွဲမှာခြေစွမ်းပြကစားခဲ့တဲ့ လီဗာပူးလ်တောင်ပံကစားသမားရှာကွီရီကို နည်းပြကလော့က အသင်းကို တကယ်ကူညီပေးပြီးအရမ်းကောင်းတဲ့ ကစားသမားလို့ပွဲအပြီးမှာချီးကျူးပြောကြားလိုက်ပါတယ်။
လီဗာပူးလ်အသင်း ဂိုး၅၀မြောက်သွင်းဂိုးကိုသွင်းယူခဲ့တဲ့ ဆာလာက ပွဲအပြီးမှာအခုလိုပြောကြားလိုက်ပါတယ်။ “ လီဗာပူးလ်အသင်းအတွက် ဂိုး၅၀မြောက်သွင်းနိုင်ခဲ့လို့တကယ်ပျော်ပါတယ်။” လို့ဆိုလိုက်ပြီး သူ့ရဲ့ခြေစွမ်းပေါ်သံသယရှိနေတဲ့ သူတွေအားအဖြေပေးခိုင်းတဲ့အပေါ် “ ဘယ်သူတွေလဲ” လို့ရယ်မောပြီးပြန်မေးခဲ့ပါတယ်။ “ ကျွန်တော်တို့၃ယောက် ဖာမီနို ၊ဆာနေး တို့ဟာတစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိတယ်။တစ်ယောက်အကြောင်းတစ်ယောက်သိတယ်။တစ်ယောက်အရည်အသွေးတစ်ယောက်သိတယ်။ကျွန်တော်တို့တွေအရမ်းပျော်ပါတယ်။ကျွန်တော်တို့ကစားတဲ့ပွဲတိုင်းအနိုင်ယူချင်ပါတယ်။” လို့ပွဲအပြီးမှာပြောကြားလိုက်ပါတယ်။
မနေ့ညကပွဲမှာ ၁ဂိုးသွင်းယူပေးခဲ့ပြီး လီဗာပူးလ်အသင်းအတွက် ဂိုး၅၀ ပြည့်မြောက်ခဲ့တဲ့ တိုက်စစ်ကစားသမားဆာလာကို နည်းပြကလော့က ဆာလာဟာ လုံး၀ Fine တယ်လို့ချီးကျူးလိုက်ပြီး အသင်းအတွက်နောက်ထပ်စံချိန်ပေါင်းများစွာ ချိုးဖြတ်ဖို့တောင်းဆိုလိုက်ပါတယ်။
Post a Comment