Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဂျုဗင်တပ်စ်ဆီပြောင်းတော့မှာလား လူကာကူ
ယူနိုက်တက်တိုက်စစ်မှူး လူကာကူဟာ ဂျူဗင်တပ်စ်မှာကစားလိုတယ်လို့ အရိပ်အမြွှက် ပြောခဲ့ပါတယ်။2017နွေရာသီမှာ အဲဗာတန်ကနေ ပေါင်75သန်းနဲ့ပြောင်းရွှေ့လာတဲ့ လူကာကူ ဟာ အခုအပတ်တွေအတွင်းဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။
သူဟာယူနိုက်တက်မှာ ပုံစံကောင်းတွေပျောက်ဆုံးနေပြီး နောက်ဆုံး၁၁ပွဲမှာ၄ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။လူကာကူကိုယ်တိုင်ကလည်း မော်ရင်ဟိုရဲ့လက်အောက်မှာ မပျော်မရွှင်ဖြစ်နေသလိုပါပဲ။စီးရီးအေကိုသွားကစားလိုကြောင်းဖွင့်ဟခဲ့ပြီး''ဘာလို့မဖြစ်နိုင်ရမှာလဲ။အဲ့ဒီကို သွားရောက်ကစားဖို့မျှော်လင့်ထားပါတယ်''လို့လူကာကူက ဖွင့်ဟခဲ့ပါတယ်။သူဟာ ယူနိုက်တက်နဲ့၂၀၂၂ထိစာချုပ်သက်တမ်းရှိနေသေးပေမယ့် သူ့အကို ဂျော်ဒန်ရှိရာ လာဇီယိုအသင်းဆီပူးပေါင်းနိုင်တယ်လို့ထင်ကြေးပေးခံနေရပါတယ်။
ဒါပေမယ့် လူကာကူကတော့ အီတလီကိုသာပြောင်းရွေ့ဖြစ်ခဲ့ရင် ဂျူဗင်တပ်စတား စီရော်နယ်ဒိုနဲ့တွဲဖက်ကစားလိုနေတာပါ။''ဂျူဗင်တပ်မှာခမ်းနားတဲ့စီမံကိန်းတွေရှိနေပြီး နှစ်တိုင်း ပိုပိုအင်အားကြီးလာပါတယ်။လက်ရှိဥရောပရဲ့အကောင်းဆုံးသုံးသင်းဆိုရင် ဂျူဗင်တပ်ကို ဖယ်ထုတ်ထားလို့မရပါဘူး။သူတို့ဟာ နည်းပြကောင်းတစ်ရောက်ကို ပိုင်ဆိုင်ထားပြီး နေရာစုံမှာလဲ ကစားသမားကောင်းတွေရှိနေပါတယ်။စီရော်နယ်ဒိုအပြင် အခြားကစားသမားကောင်းတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။ဒိုင်ဘားလားရဲ့ထက်မြက်မှုကလည်း အထင်ကြီးလောက်စရာပါ။ပြီးတော့ ကျနော် ဒေါက်ကလပ်ကော်စတာကိုလည်းကြိုက်တယ်ဗျ။သူက ထူူးခြားတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ကစားသမားဘဝတစ်လျောက်လုံး ခြားနားတဲ့အရာတွေကိုလုပ်ပြခဲ့သူပါ''လို့ လူကာကူဟာ ဂျူဗင်ကစားသမားတွေကို ချီးမွမ်းခန်းဖွင့်သွားခဲ့ပါတယ်။
Post a Comment