Rating ေတြအရလက္ရိွလီဗာပူးလ္အသင္းရဲ ့အေရးပါဆံုုးကစားသမားကဘယ္သူျဖစ္မလဲ??
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးလ္နည္းျပဂ်ာဂန္ကေလာ့ကေတာ့ လက္ရိွပရီးမီးယားလိပ္ခ်န္ပီယံမန္စီးတီးအသင္းဆီက ခ်န္ပီယံဂုုဏ္ပုုဒ္ကို ဒီရာသီမွာလႊဲေျပာင္းရဖိုု ့ဆႏၵေတြျပင္းျပေနတာကိုု လက္ရိွလီဗာပူးလ္အသင္းတစ္သင္းလံုုးမွာျမင္ေတြ ့ႏိုင္ပါတယ္။
ႏိုင္ငံတကာပြဲစဥ္မ်ားစတင္မကစားခင္မွာ ေတာ့ အနီေရာင္အန္ဖီးလ္တပ္သားေတြဟာ အဆင့္၁ေနရာက မန္စီးတီး ၊အဆင့္၂ေနရာက ခ်ဲလ္ဆီးအသင္းတိုု ့နဲ ့ရမွတ္အတူ အမွတ္ေပးဇယားရဲ ့တတိယေနရာမွာရပ္တည္ေနပါတယ္။
အသက္၅၁ ႏွစ္အရြယ္ နည္းျပၾကီးကေတာ့ ဒီလိုုမ်ိဳးဇယားထိပ္ပိုုင္းမွာရပ္တည္ေနႏိုုင္ေအာင္ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ ့တစ္ေလ ွ်ာက္လံုး သူ ့ရဲ ့လူစာရင္းအင္အားကို ေတာင့္တင္းခိုုင္မာေအာင္အားျဖည့္ခဲ့ပါတယ္။ဒါဆိုုရင္ ဒီရာသီ လီဗာပူးလ္အသင္းကစားခဲ့တဲ့ပြဲေတြထဲမွာ အသင္းအတြက္ဘယ္ကစားသမားက အေရးပါဆံုုးလဲလိုု ့သင္ထင္ပါသလဲ?
- ေဂ်ာ္ဒီဟန္ဒါဆင္: 6.28
- နဘီကီတာ: 6.4
- အက္လက္ဇန္းဒါးအာနိုး: 6.44
- မိုုဟာမက္ဆာလာ: 6.6
- ေရာ္ဘတ္တိုုဖာမီနိုု: 6.64
- ဆာဒီယိုုမာေနး: 6.73
- အန္ဒီရူးေရာ္ဘတ္ဆန္: 6.8
- အယ္လီဆန္ဘက္ကာ: 6.8
- ဂ်ိမ္းစ္မီလ္နာ: 7.0
- ၀စ္ခ်္နယ္လ္ဒန္: 7.2
- ဗန္ဒိုုက္စ္: 7.2
- ဂ်ိဳးလ္ဂိုုးမက္စ္: 7.5
Liverpool Echo ရဲ ့ေဖာ္ျပခ်က္အရ လီဗာပူးလ္ကစားသမားတစ္ေယာက္စီတိုုင္းရဲ ့ယခုုနွစ္ရာသီ ကြင္းအတြင္းစြမ္းေဆာင္ရည္မ်ားကိုု rating နံပါတ္မ်ားေပးကာ သတ္မွတ္ေဖာ္ျပခဲ့ပါတယ္။ဘယ္လိုု စံထားသတ္မွတ္ထားသလဲဆိုရင္ အသင္းအတြက္ ဒီရာသီအနည္းဆံုုး ၅ပြဲပြဲထြက္ထားတဲ့ ကစားသမားေတြကိုု တြက္ခ်က္သတ္မွတ္ခဲ့ၾကတာပဲျဖစ္ပါတယ္။
ဒီရလဒ္ကို ၾကည့္မယ္ဆိုုရင္ေတာ့ျဖင့္ လီဗာပူးလ္အသင္းရဲ ့ဒီရာသီေနာက္တန္းစြမ္းေဆာင္ရည္ဟာ မႏွစ္ရာသီနဲ ့နိႈင္းယွဥ္ၾကည့္မယ္ဆိုုရင္သိသိသာသာၾကီးတိုုးတက္လာတာကိုု ေတြ ့ရပါတယ္။ဒါဟာ ခ်န္ပီယံေလာင္းတိုု ့ရဲ ့ေရွ ့ေျပးလကၡဏလား?? ဒါပင္မယ့္ေသခ်ာတာတစ္ခုုကေတာ့ မနွစ္ရာသီေလာက္ ဂိုုးမသြင္းနိုုင္ပဲ ေျခာက္ကပ္ကပ္ျဖစ္ေနတဲ့ အသင္းရဲ ့တိုုက္စစ္၃ေယာက္အတြဲကိုု ေတာ့ နည္းျပဂ်ာဂန္ကေလာ့ၾကီးတစ္ေယာက္လုုပ္အားႏႈန္းေကာင္းတဲ့ ျမန္ႏႈန္းျမင့္အင္ဂ်င္ျဖစ္လာဖိုု ့လုုပ္ေဆာင္ဖြယ္ရိွေနပါတယ္။စိတ္မပူစရာလိုုတာကေတာ့ ဆာလာတစ္ေယာက္ အီဂ်စ္အသင္းနဲ ့သူ ့ရဲ ့အရင္ေျခစြမ္းျပန္ေတြ ့လာခဲ့တာကေတာ့ အားတက္စရာပါပဲ။
ဒါ့အျပင္လီဗာပူးလ္အသင္းဟာ ဂိုုးသမားတစ္ေယာက္အတြက္ ေျပာင္းေရႊ ့ေၾကးအေျမာက္အျမားဘာလိုု ့သံုုးစြဲခဲ့ရသလိုု ဆိုုတာကိုု ဂိုုးသမားအသစ္ အယ္လီဆန္ရဲ ့ ျမင့္မားတဲ့ rating ကိုု ၾကည့္ရင္ေတြ ့ႏိုုင္ပါတယ္။.
ကဲ ပါပူးလ္ဖန္ေတြေရာ ဒီ Rating ေတြနဲ ့ပတ္သတ္ၿပီး ေက်နပ္အားရမႈရိွရဲ ့လား??
(Unicode)
Rating တွေအရလက်ရှိလီဗာပူးလ်အသင်းရဲ့အရေးပါဆုံးကစားသမားကဘယ်သူဖြစ်မလဲ??
လီဗာပူးလ်နည်းပြဂျာဂန်ကလော့ကတော့ လက်ရှိပရီးမီးယားလိပ်ချန်ပီယံမန်စီးတီးအသင်းဆီက ချန်ပီယံဂုဏ်ပုဒ်ကို ဒီရာသီမှာလွှဲပြောင်းရဖို့ဆန္ဒတွေပြင်းပြနေတာကို လက်ရှိလီဗာပူးလ်အသင်းတစ်သင်းလုံးမှာမြင်တွေ့နိုင်ပါတယ်။
နိုင်ငံတကာပွဲစဉ်များစတင်မကစားခင်မှာ တော့ အနီရောင်အန်ဖီးလ်တပ်သားတွေဟာ အဆင့်၁နေရာက မန်စီးတီး ၊အဆင့်၂နေရာက ချဲလ်ဆီးအသင်းတို့နဲ့ရမှတ်အတူ အမှတ်ပေးဇယားရဲ့တတိယနေရာမှာရပ်တည်နေပါတယ်။
အသက်၅၁ နှစ်အရွယ် နည်းပြကြီးကတော့ ဒီလိုမျိုးဇယားထိပ်ပိုင်းမှာရပ်တည်နေနိုင်အောင် ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တစ်လေ ျှာက်လုံး သူ့ရဲ့လူစာရင်းအင်အားကို တောင့်တင်းခိုင်မာအောင်အားဖြည့်ခဲ့ပါတယ်။ဒါဆိုရင် ဒီရာသီ လီဗာပူးလ်အသင်းကစားခဲ့တဲ့ပွဲတွေထဲမှာ အသင်းအတွက်ဘယ်ကစားသမားက အရေးပါဆုံးလဲလို့သင်ထင်ပါသလဲ?
* ဂျော်ဒီဟန်ဒါဆင်: 6.28
* နဘီကီတာ: 6.4
* အက်လက်ဇန်းဒါးအာနိုး: 6.44
* မိုဟာမက်ဆာလာ: 6.6
* ရော်ဘတ်တိုဖာမီနို: 6.64
* ဆာဒီယိုမာနေး: 6.73
* အန်ဒီရူးရော်ဘတ်ဆန်: 6.8
* အယ်လီဆန်ဘက်ကာ: 6.8
* ဂျိမ်းစ်မီလ်နာ: 7.0
* ဝစ်ချ်နယ်လ်ဒန်: 7.2
* ဗန်ဒိုက်စ်: 7.2
* ဂျိုးလ်ဂိုးမက်စ်: 7.5
Liverpool Echo ရဲ့ဖော်ပြချက်အရ လီဗာပူးလ်ကစားသမားတစ်ယောက်စီတိုင်းရဲ့ယခုနှစ်ရာသီ ကွင်းအတွင်းစွမ်းဆောင်ရည်များကို rating နံပါတ်များပေးကာ သတ်မှတ်ဖော်ပြခဲ့ပါတယ်။ဘယ်လို စံထားသတ်မှတ်ထားသလဲဆိုရင် အသင်းအတွက် ဒီရာသီအနည်းဆုံး ၅ပွဲပွဲထွက်ထားတဲ့ ကစားသမားတွေကို တွက်ချက်သတ်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။
ဒီရလဒ်ကို ကြည့်မယ်ဆိုရင်တော့ဖြင့် လီဗာပူးလ်အသင်းရဲ့ဒီရာသီနောက်တန်းစွမ်းဆောင်ရည်ဟာ မနှစ်ရာသီနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်သိသိသာသာကြီးတိုးတက်လာတာကို တွေ့ရပါတယ်။ဒါဟာ ချန်ပီယံလောင်းတို့ရဲ့ရှေ့ပြေးလက္ခဏလား?? ဒါပင်မယ့်သေချာတာတစ်ခုကတော့ မနှစ်ရာသီလောက် ဂိုးမသွင်းနိုင်ပဲ ခြောက်ကပ်ကပ်ဖြစ်နေတဲ့ အသင်းရဲ့တိုက်စစ်၃ယောက်အတွဲကို တော့ နည်းပြဂျာဂန်ကလော့ကြီးတစ်ယောက်လုပ်အားနှုန်းကောင်းတဲ့ မြန်နှုန်းမြင့်အင်ဂျင်ဖြစ်လာဖို့လုပ်ဆောင်ဖွယ်ရှိနေပါတယ်။စိတ်မပူစရာလိုတာကတော့ ဆာလာတစ်ယောက် အီဂျစ်အသင်းနဲ့သူ့ရဲ့အရင်ခြေစွမ်းပြန်တွေ့လာခဲ့တာကတော့ အားတက်စရာပါပဲ။
ဒါ့အပြင်လီဗာပူးလ်အသင်းဟာ ဂိုးသမားတစ်ယောက်အတွက် ပြောင်းရွှေ့ကြေးအမြောက်အမြားဘာလို့သုံးစွဲခဲ့ရသလို ဆိုတာကို ဂိုးသမားအသစ် အယ်လီဆန်ရဲ့ မြင့်မားတဲ့ rating ကို ကြည့်ရင်တွေ့နိုင်ပါတယ်။.
ကဲ ပါပူးလ်ဖန်တွေရော ဒီ Rating တွေနဲ့ပတ်သတ်ပြီး ကျေနပ်အားရမှုရှိရဲ့လား??
Post a Comment