Header Ads


လီဗာပူးပစ္မွတ္ကာကာလက္သစ္ကိုုယူရိုုသန္း၃၀ျဖင့္အၿပီးသတ္ေခၚယူနိုုင္ခဲ့တဲ့AC မီလန္





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ေအစီမီလန္ ပရိတ္သတ္မ်ားေတြကေတာ့ သူတိုု ့ရဲ ့အခ်စ္ေတာ္ ကစားသမားေလး ကာကာ တစ္ေယာက္ ဆန္ဆီယိုကြင္းၾကီးဆီပထမဆံုုးေျခခ်တဲ့ေန ့ကို မွတ္မိေနတုုန္းပါပဲ



အခုုလက္ရိွမွာေအစီမီလန္အသင္းေရာ၊ အင္တာမီလန္အသင္းဟာ အျခားအသင္းေတြ သူတိုု ့ကို တစ္ခ်ိန္က ဖိန္ ့ဖိန္ ့တုန္ေအာင္ေၾကာက္ခဲ့ရတဲ့ ေန ့စြဲေတြ ျပန္လည္ရရိွေအာင္ ၾကိဳးပမ္းေနၾကပါတယ္။ ဂ်ဴဗင္တပ္စ္ရဲ ့ျပည္တြင္းလိပ္မ်ားအေပၚ ၁၀ စုုႏွစ္ၾကာ လႊမ္းမိုုးလာမႈက သူတိုု ့အတြက္ တပ္လွန္ ့ေျခာက္လွန္ ့ေနသလိုု ျဖစ္ေနပါတယ္။ ဒါေၾကာင့္ေရာ ့စြန္နရီ(ေအစီ) အသင္းကေတာ့  ကာကာလက္သစ္လိုု ့တင္စားထားတဲ့ လီဗာပူးလ္ ပစ္မွတ္ကိုု ေခၚယူႏိုုင္ခဲ့ေၾကာင္းေၾကညာခဲ့ပါတယ္။



ဂါးဒီးယန္းရဲ Fabrizio Romano အဆိုုအရ  အီတလီအေျခစိုက္ကလပ္ဟာ ဖလာမင္ဂိုုအသင္းရဲ ့လူးကပ္စ္ပယ္ကြယ္ဒါ ကိုု ယူရိုု သန္း၃၀ျဖင့္အၿပီးသတ္ေခၚယူႏိုုင္ခဲ့တယ္လိုု ့သိရပါတယ္။အဆိုု ၂၁အရြယ္ဘရာဇီးကစားသမားရဲ ့ေဆးစစ္ေဆးမႈ ၿပီးသတ္သြားရင္ေတာင္မွ လာမယ့္ဇန္န၀ါရီ အေျပာင္းအေရႊ ့ေရာက္မွ အလံုးစံုၿပီးေျမာက္မႈရိွနိုုင္ပါတယ္။သူဟာ လာမယ့္ဇန္န၀ါရီမွ အီတလီအသင္းဆီလာေရာက္ပူးေပါင္းႏိုုင္မွာပဲျဖစ္ပါတယ္။



ပယ္ကြယ္ဒါဟာ ဘရာဇီးအသင္းအတြက္ ၂ၾကိမ္တိုင္ပြဲထြက္ကစားခြင့္ရရိွခဲ့ၿပီး ဖလာမင္ဂိုုအသင္းအတြက္ ၂၀၁၆ ခုုႏွစ္ထဲက ပြဲေပါင္း ၄၀ေက်ာ္ကစားခဲ့ပါတယ္။

သူဟာ လီဗာပူးလ္အသင္းရဲ ့စိတ္၀င္စားျခင္းခံရသလိုု ဒီကြင္းလယ္တိုက္စစ္မွဴး ကိုုေခၚယူဖိုု ့အျခားဥေရာပအသင္းၾကီးေတြျဖစ္တဲ့ မန္ယူနိုုက္တက္၊မန္စီးတီး၊ PSG အသင္းတို ့ကခ်ိတ္ဆက္ထားၾကဖူးပါတယ္။

ပယ္ကြယ္ဒါ ရဲ ့ေျခစြမ္း


ေအစီမီလန္အသင္းရဲ ့ကမာၻ ့အေကာင္းဆံုုးကစားသမား ကာကာဟာ ၂၀၀၃ ကေန ၂၀၀၉  ခုနွစ္အထိ ကစားခဲ့ၿပီးေနာက္ ရီးရဲလ္မက္ဒရစ္အသင္းဆီေျပာင္းေရႊ ့သြားခဲ့တာပဲျဖစ္ပါတယ္။


ကာကာဟာ ၂၀၁၃ ခုုႏွစ္မွာ ေအစီမီလန္ အသင္းထံျပန္လည္ေျပာင္းေရႊ ့ခဲ့ေသာ္လည္း သူ ့ရဲ ့ဒဏ္ရာျပႆနာအမ်ိဳးမ်ိဳးေၾကာင့္ အရင္လိုု ေျခစြမ္းမ်ိဳးျပန္ရဖိုု ့အဆင္မေျပခဲ့ေတာ့ပါဘူး။

ကာကာတစ္ေယာက္ ေဘာ္လြန္ဒီေအာ္ဆုုကိုု ၂၀၀၇ မွရရိွၿပီးေနာက္ပိုုင္း ၁၁ ႏွစ္အတြင္းမွာေတာ့ အဆုုိပါဆုုကို မက္ဆီ နဲ ့ရိုုနယ္ဒိုုတိုု ့သာအလွည့္က်ရယူေနခဲ့တာပဲျဖစ္ပါတယ္။

(Unicode)



လီဗာပူးပစ်မှတ်ကာကာလက်သစ်ကိုယူရိုသန်း၃၀ဖြင့်အပြီးသတ်ခေါ်ယူနိုင်ခဲ့တဲ့AC မီလန်



အေစီမီလန် ပရိတ်သတ်များတွေကတော့ သူတို့ရဲ့အချစ်တော် ကစားသမားလေး ကာကာ တစ်ယောက် ဆန်ဆီယိုကွင်းကြီးဆီပထမဆုံးခြေချတဲ့နေ့ကို မှတ်မိနေတုန်းပါပဲ


အခုလက်ရှိမှာအေစီမီလန်အသင်းရော၊ အင်တာမီလန်အသင်းဟာ အခြားအသင်းတွေ သူတို့ကို တစ်ချိန်က ဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ နေ့စွဲတွေ ပြန်လည်ရရှိအောင် ကြိုးပမ်းနေကြပါတယ်။ ဂျူဗင်တပ်စ်ရဲ့ပြည်တွင်းလိပ်များအပေါ် ၁၀ စုနှစ်ကြာ လွှမ်းမိုးလာမှုက သူတို့အတွက် တပ်လှန့်ခြောက်လှန့်နေသလို ဖြစ်နေပါတယ်။ ဒါကြောင့်ရော့စွန်နရီ(အေစီ) အသင်းကတော့  ကာကာလက်သစ်လို့တင်စားထားတဲ့ လီဗာပူးလ် ပစ်မှတ်ကို ခေါ်ယူနိုင်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။

ဂါးဒီးယန်းရဲ့ Fabrizio Romano အဆိုအရ  အီတလီအခြေစိုက်ကလပ်ဟာ ဖလာမင်ဂိုအသင်းရဲ့လူးကပ်စ်ပယ်ကွယ်ဒါ ကို ယူရို သန်း၃၀ဖြင့်အပြီးသတ်ခေါ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။အဆို ၂၁အရွယ်ဘရာဇီးကစားသမားရဲ့ဆေးစစ်ဆေးမှု ပြီးသတ်သွားရင်တောင်မှ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ရောက်မှ အလုံးစုံပြီးမြောက်မှုရှိနိုင်ပါတယ်။သူဟာ လာမယ့်ဇန်နဝါရီမှ အီတလီအသင်းဆီလာရောက်ပူးပေါင်းနိုင်မှာပဲဖြစ်ပါတယ်။

ပယ်ကွယ်ဒါဟာ ဘရာဇီးအသင်းအတွက် ၂ကြိမ်တိုင်ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ဖလာမင်ဂိုအသင်းအတွက် ၂၀၁၆ ခုနှစ်ထဲက ပွဲပေါင်း ၄၀ကျော်ကစားခဲ့ပါတယ်။

သူဟာ လီဗာပူးလ်အသင်းရဲ့စိတ်ဝင်စားခြင်းခံရသလို ဒီကွင်းလယ်တိုက်စစ်မှူး ကိုခေါ်ယူဖို့အခြားဥရောပအသင်းကြီးတွေဖြစ်တဲ့ မန်ယူနိုက်တက်၊မန်စီးတီး၊ PSG အသင်းတို့ကချိတ်ဆက်ထားကြဖူးပါတယ်။


အေစီမီလန်အသင်းရဲ့ကမ္ဘာ့အကောင်းဆုံးကစားသမား ကာကာဟာ ၂၀၀၃ ကနေ ၂၀၀၉  ခုနှစ်အထိ ကစားခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းဆီပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။


ကာကာဟာ ၂၀၁၃ ခုနှစ်မှာ အေစီမီလန် အသင်းထံပြန်လည်ပြောင်းရွှေ့ခဲ့သော်လည်း သူ့ရဲ့ဒဏ်ရာပြဿနာအမျိုးမျိုးကြောင့် အရင်လို ခြေစွမ်းမျိုးပြန်ရဖို့အဆင်မပြေခဲ့တော့ပါဘူး။

ကာကာတစ်ယောက် ဘော်လွန်ဒီအော်ဆုကို ၂၀၀၇ မှရရှိပြီးနောက်ပိုင်း ၁၁ နှစ်အတွင်းမှာတော့ အဆိုပါဆုကို မက်ဆီ နဲ့ရိုနယ်ဒိုတို့သာအလှည့်ကျရယူနေခဲ့တာပဲဖြစ်ပါတယ်။



No comments

Powered by Blogger.