နည်းပြမော်ရင်ဟိုရဲ့ လုပ်ရပ်တွေဟာဖြူစင်ရိုးသားတယ်လို့ ထောက်ခံပြောကြားလိုက်တဲ့မိုက်ကယ်ကာရစ်
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
နည်းပြမော်ရင်ဟိုရဲ့လုပ်ရက်တွေဟာဖြူစင်ရိုးသားတယ်လို့ထောက်ခံပြောကြားလိုက်တဲ့မိုက်ကယ်ကာရစ်
ယူနိုက်တက်နည်းပြအဖွဲ့ဝင်မိုက်ကယ်ကာရစ်သည် မော်ရင်ဟိုနှင့်အလုပ်အတူတွဲလုပ်ရခြင်းကိုကျေနပ်လျက်ရှိနေပါတယ်။၃၇နှစ်အရွယ်ရှိပြီဖြစ်တဲ့ကာရစ်ဟာနွေရာသီက ကစားသမားဘဝမှအနားယူပြီးနည်းပြအဖွဲ့ဝင်ထဲ ပါဝင်လာတာပါ။ရာသီအစရလဒ်ဆိုးတွေကြောင့် မော်ရင်ဟိုတစ်ယောက် ဖိအားတွေနဲ့လုံးချာလည်နေပြီး အရင်ပတ်ကလည်း နယူးကာဆယ်ကို နောက်ကျဂိုးတွေကြောင့်သာ အနိုင်ရခဲ့တာပါ။ကာရစ်ကတော့ သူ့ဆရာ မော်ရင်ဟိုလုပ်နေတာတွေဟာ ဖြူစင်ကြောင်းဆိုခဲ့ပါတယ်။
''လူတွေကမော်ရင်ဟို ယူနိုက်တက်ဆီဘာတွေယူလာပေးလဲ ကျနော့်ကိုမေးတယ်။အနိုင်ရလဒ်တွေယူလာပေးတာခင်ဗျားလည်းသိတယ်မဟုတ်လား။ သူဒီကိုရောက်လာတာ အနိုင်ယူဖို့အတွက်ပဲဆိုတာ သက်သေပြပြီးနေပြီ။ဆုဖလားတွေရယူဖို့ သူစီမံနေတာကို ကျနော်တို့ကလည်းဝီရိယ စိုက်ထုတ်ပြီးကြိုးစားလုပ်ဆောင်ရပါမယ်။ သူဒီမှာလုပ်ပြခဲ့တဲ့အကောင်းဆုံးအရာတွေကို ခင်ဗျားဖွက်ထားလို့မရဘူး ။လွန်ခဲ့တဲ့နှစ်၃၀အတွင်းအကောင်းဆုံးနည်းပြလေးငါးယောက်ထဲမှာ ဖာဂူဆန်နဲ့မော်ရင်ဟိုတို့သေချာပေါက်ပါမှာပဲ။ကျနော်ကသူတို့နှစ်ယောက်လုံးဘေးကနေသင်ကြားခွင့်ရခဲ့တာနဲ့တင် ကံကောင်းတဲ့သူကဖြစ်နေပြီ။''လို့ထုတ်ဖော်ပြောခဲ့ပြီး ဖာဂူဆန်ရဲ့ကျန်းမာရေးအခြေအနေပြန်ကောင်းလာကာ အိုးထရက်ဖိုဒ်ပွဲကြည့်စဉ်ပြန်ရောက်လာတာကိုလည်း ကာရစ်က ကျေနပ်ပီတိဖြစ်နေပါတယ်။
ကာရစ်ဟာ ယူနိုက်တက်မှာလေ့လာသင်ယူကာ နည်းပြလောကထဲဝင်လိုနေတာဖြစ်ပြီး မော်ရင်ဟိုနဲ့ဆာအဲ့လက်စ်တို့ဟာ သူ့အပေါ်သက်ရောက်မှုတွေ အများကြီးရှိတယ်လို့ဝန်ခံခဲ့ပါတယ်။''အချိန်က တစ်ခုခုကိုရွေးချယ်ပေးလိမ့်မယ် ဒီလိုရွေးချယ်ဖို့ဆိုတာတော်တော်ခက်ခဲတယ်ဗျအခုချိန်မှာတော့ မန်နေဂျာအလုပ်ကို စိတ်ဝင်စားနေပြီး အခွင့်အရေးရလာရင် လက်ခံမိမှာ။ဒါပေမယ့်လောလောဆယ်တော့ခေါင်းထဲမထားသေးပါဘူး။တစ်ဆင့်ချင်းသင်ယူပြီးတက်လှမ်းရမှာဖြစ်လို့နည်းပြရာထူးက စဉ်းစားရမယ့်အချိန်မဟုတ်သေးဘူး။ကစားသမားဘဝကအနားယူတာလည်းမကြားသေးပဲ အသက်လည်းငယ်ပါသေးတယ်။ဒါကြောင့် ပစ်မှတ်ကိုရောက်ဖို့ ပထမဆုံးအဆင့်ပဲရှိသေးပြီးအကောင်းဆုံးကြိုးစားသွားမှာပါ။အခုတော့ ဒီနေရာမှာ မော်ရင်ဟိုဆီက အနီးကပ်သင်ယူနေပါတယ် ဒါတင်မကအလုပ်ကိုလည်းအာရုံစိုက်ရမှာပါ။ကျနော်ဒီမှာရှိနေတာ သင်ယူဖို့သက်သက်မဟုတ်ပဲ မော်ရင်ဟို အတွက်အလုပ်လုပ်ပေးရအုံးမှာ။ဒါမှ မျှတမှာပေါ့''လို့ သူ့ရည်ရွယ်ချက်ကို ပြောခဲ့ပါတယ်။
ကာရစ်ဟာ စိန်ခေါ်မှုတွေကို အမြဲသဘောကျပြီး ကစားသမားတွေခြေစွမ်းတိုးတက်ဖို့ကို လည်း ကူညီပေးလျက်ရှိပါတယ်။ဝက်ဟမ်းနဲ့စပါးအသင်းတို့မှာလည်းငယ်ဘဝကိုဖြတ်သန်းဖူးသူ ကာရစ်ဟာနည်းပြလုပ်ဖို့အခွင့်အရေးကိုစောင့်နေသလို မကြာခင်မှာ''Between the Lines''ဆိုတဲ့ သူ့ရဲ့အထ္တုပတ္တိစာ အုပ်ကို ဖြန့်ချီတော့မှာပါ။ဒီစာအုပ်ထဲမှာ သူ့ရဲ့ကစားသမားဘဝ ဖြတ်သန်းမှုနဲ့ နည်းပြအလုပ်အတွက် အနာဂတ်ရည်မှန်းချက်တွေကိုပါထည့်ရေးထားပါတယ်။ကာရစ်က''ဒီစာအုပ်မှာအံ့သြစရာကောင်းတဲ့အကြောင်းတွေမပါပါဘူး ရိုးရိုးရှင်းရှင်းလေးပဲရေးထားတာပါ''လို့သူ့ပုံစံအတိုင်းခပ်အေးအေးလေးပြောသွားပါတယ်။ ''ပုံမှန်ကစားသမားတယောက်ဟာ ထိပ်တန်းကစားသမားတယောက် ဒါမှမဟုတ် ထိပ်တန်းနည်းပြတယောက်အဖြစ် အလိုလိုမရောက်နိုင်ဘူးဆိုတာ ကျနော် သဘောပေါက်ပါတယ်။
လူငယ်ကစားသမားတွေကိုဘယ်နေရာမှာ ထူးချွန်လည်းနဲ့အဆုံးသတ်စွမ်းရည်ဘယ်လောက်ကောင်းလဲသေချာလေ့လာခဲ့ပါတယ်။လူတွေက နေရာအမှန်ကဘယ်မှာလဲ ကစားသမားတွေခြေစွမ်းကျအောင်လုပ်နေတာလား မင်းကထိပ်တန်းအဆင့်မှာရှိရဲ့လား နဲ့စုံနေအောင်မေးတက်ကြတယ်။ကျနော်အထင် တော့ ဒါဟာ မှန်လားမှားလားဆိုတာထက် တစ်ဦးချင်းစီရဲ့ အခြေနေအမှန်ကို သိဖို့လိုပါတယ်။ပြီးတော့ပုံမှန်အတိုင်း လူငယ်တွေကို ပျိုးထောင်ရမှာပါ။လမ်းပတ်နဲ့ဂျာရတ်တို့လည်း သူတို့အသင်းရဲ့လူငယ်နည်းပြအဖြစ်ကနေ မန်နေဂျာ ဘဝကို ကူးပြောင်းခဲ့ကြတာပါ။ကျနော်လည်း အခုနေရာမှာ ပျော်ရွှင်နေပြီးအနာဂတ်က ဘာတွေယူလာပေးမလဲစောင့်ကြည့်ရမှာပေါ့''လို့မိုက်ကယ်ကာရစ်ကပြောသွားခဲ့ပါတယ်။
Post a Comment