Header Ads


ၿမိဳ ့ခံၿပိဳင္ဘက္မန္စီးတီးရဲ ့လႊမ္းမိုုးလာမႈကိုဟန္ ့တားဖို ့ယူႏိုုက္တက္ကို၀ယ္ယူခ်င္ေနတဲ့ေဆာ္ဒီမင္းသား



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ေဆာ္ဒီအာေရဗ် မင္းသား မိုဟာမက္ဘင္ဆယ္မန္းသည္ ယူနိုက္တက္အသင္းကို ဝယ္ယူရန္စိတ္ဝင္စားေနေသာ္လည္း ေရာင္းခ်မည္မဟုတ္ေျကာင္း အသင္းတာဝန္ရွိသူမ်ားကဆိုခဲ့ပါတယ္။ေဆာ္ဒီေတာ္ဝင္မိသားစုသည္ မန္စီးတီးအသင္းပိုင္ရွင္အဘူဒါဘီသားရွိတ္စမန္ေဆာ္တို႔နွင္အျပိဳင္ျဖစ္ရန္ ဂေလဇာမိသားစုထံမွ ယူနိုက္တက္အသင္းကိုဝယ္ယူလိုေနျခင္းျဖစ္ပါတယ္။




လြန္ခဲ့တဲ့နွစ္ေတြထဲ ေဆာ္ဒီေရနံသူေဌးေတြနဲ႕ အဆက္အသြယ္ရွိေနတာပါ။ယူနိုက္တက္အသင္းပိုင္ရွင္ဟာ ေနာက္အပတ္မွာ ေဆာ္ဒီျမိဳ႕ေတာ္Riyadhကိုသြားဖို႔စီစဥ္ေနတာနဲ႔ပတ္သက္ျပီး ဒီလိုသတင္းေတြထြက္ေပၚလာတာပါ။

ဂေလဇာမိသားစုဟာဒီအသင္းကို၂၀၀၅ခုနွစ္ကေပါင္သန္း၇၉၀နဲ႔ဝယ္ယူခဲ့တာျဖစ္ျပီး  ဒီလိုေစ်းနဲ႔ေတာ့ျပန္ေရာင္းဖို႔ဆႏၵမရွိပဲ  ယူနိုက္တက္ရဲ႕လက္ရွိတန္ဖိုးဟာ ေပါင္သံုးဘီလီယံနဲ႕၄ဘီလီယံျကားအထိရွိေနပါတယ္။ မနွစ္ကေတာ့ ဒီမိသားစုဟာ ယူနိုက္တက္ရဲ႕ရွယ္ယာ၂%ကိုေရာင္းခ်ခဲ့ပါေသးတယ္။ခုလည္း ေဆာ္ဒီသားေတြကိုေရာင္းမယ္ဆိုရင္ေတာင္ ရာခိုင္နႈန္းအနည္းငယ္ သာေရာင္းလိုျပီး ယူနိုက္တက္အသင္းေပၚခ်ဳပ္ကိုင္နိုင္မႈေလ်ာ႔နည္းသြားမွာမလိုလားဘူးျဖစ္ေနတာပါ။    



ပင္လယ္ေကြ႕နိုင္ငံေတြနဲ႕အျပိဳင္ေဆာ္ဒီအာေရဗ်ဟာ ကမၻာ႔အားကစားေလာက ကိုထိုးေဖာက္ဝင္ေရာက္ေနျပီး နိုင္ငံတြင္းမွာလည္း ကာတာ beIN sportsရုပ္သံလိုင္းနဲ႔စာခ်ဳပ္ျဖတ္သိမ္းျပီး ျပသခြင့္ပိတ္ပင္ခဲ့ပါတယ္။ဒါ့အျပင္ အစားဝင္လာတဲ့ေဆာ္ဒီရုပ္သံလိုင္းဟာ beINရဲ႕မူပိုင္ခြင့္ေတြကို ခ်ိဳးေဖာက္ခဲ့ပါေသးတယ္။ 

ေဆာ္ဒီမင္းသားဆယ္မန္းဟာ ကမၻာ့ေဘာလံုးေလာကမွာ လူဝင္ဆန္႔ဖို႔အတြက္ ယူနိုက္တက္ကို အလိုရွိတယ္လို႔ သူ႔အေဖဘုရင္မင္းျမတ္ကို ပူဆာခဲ့ပါတယ္။ဒီေတာ္ဝင္အသိုင္းအဝိုင္းရဲ႕မိတ္ေဆြမိသားစုတစ္ခုကလည္း ဂေလဇာတို႔ထံမွ ယူနိုက္တက္ကို ေစ်းျပိဳင္ေပးဝယ္ယူလိုေနျကပါတယ္။   




ေဆာ္ဒီမင္းသားဆိုတာဘယ္သူလဲ။


အသက္၃၃နွစ္အရြယ္ဘင္ဆယ္မန္း သည္ ေဆာ္ဒီအာေရဗ်မင္းသားျဖစ္ျပီး ၂၀၁၇ခုနွစ္စစ္တမ္းေတြအရ စတာလင္ေပါင္၈၅၀ဘီလီယံေလာက္ထိျကြယ္ဝခ်မ္းသာသူျဖစ္ပါတယ္။

(Unicode)





ဆော်ဒီအာရေဗျ မင်းသား မိုဟာမက်ဘင်ဆယ်မန်းသည် ယူနိုက်တက်အသင်းကို ဝယ်ယူရန်စိတ်ဝင်စားနေသော်လည်း ရောင်းချမည်မဟုတ်ကြောင်း အသင်းတာဝန်ရှိသူများကဆိုခဲ့ပါတယ်။ဆော်ဒီတော်ဝင်မိသားစုသည် မန်စီးတီးအသင်းပိုင်ရှင်အဘူဒါဘီသားရှိတ်စမန်ဆော်တို့နှင်အပြိုင်ဖြစ်ရန် ဂလေဇာမိသားစုထံမှ ယူနိုက်တက်အသင်းကိုဝယ်ယူလိုနေခြင်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေထဲ ဆော်ဒီရေနံသူဌေးတွေနဲ့ အဆက်အသွယ်ရှိနေတာပါ။ယူနိုက်တက်အသင်းပိုင်ရှင်ဟာ နောက်အပတ်မှာ ဆော်ဒီမြို့တော်Riyadhကိုသွားဖို့စီစဉ်နေတာနဲ့ပတ်သက်ပြီး ဒီလိုသတင်းတွေထွက်ပေါ်လာတာပါ။



ဂလေဇာမိသားစုဟာဒီအသင်းကို၂၀၀၅ခုနှစ်ကပေါင်သန်း၇၉၀နဲ့ဝယ်ယူခဲ့တာဖြစ်ပြီး  ဒီလိုဈေးနဲ့တော့ပြန်ရောင်းဖို့ဆန္ဒမရှိပဲ  ယူနိုက်တက်ရဲ့လက်ရှိတန်ဖိုးဟာ ပေါင်သုံးဘီလီယံနဲ့၄ဘီလီယံကြားအထိရှိနေပါတယ်။ မနှစ်ကတော့ ဒီမိသားစုဟာ ယူနိုက်တက်ရဲ့ရှယ်ယာ၂%ကိုရောင်းချခဲ့ပါသေးတယ်။ခုလည်း ဆော်ဒီသားတွေကိုရောင်းမယ်ဆိုရင်တောင် ရာခိုင်နှုန်းအနည်းငယ် သာရောင်းလိုပြီး ယူနိုက်တက်အသင်းပေါ်ချုပ်ကိုင်နိုင်မှုလျော့နည်းသွားမှာမလိုလားဘူးဖြစ်နေတာပါ။

  

ပင်လယ်ကွေ့နိုင်ငံတွေနဲ့အပြိုင်ဆော်ဒီအာရေဗျဟာ ကမ္ဘာ့အားကစားလောက ကိုထိုးဖောက်ဝင်ရောက်နေပြီး နိုင်ငံတွင်းမှာလည်း ကာတာ beIN sportsရုပ်သံလိုင်းနဲ့စာချုပ်ဖြတ်သိမ်းပြီး ပြသခွင့်ပိတ်ပင်ခဲ့ပါတယ်။ဒါ့အပြင် အစားဝင်လာတဲ့ဆော်ဒီရုပ်သံလိုင်းဟာ beINရဲ့မူပိုင်ခွင့်တွေကို ချိုးဖောက်ခဲ့ပါသေးတယ်။



ဆော်ဒီမင်းသားဆယ်မန်းဟာ ကမ္ဘာ့ဘောလုံးလောကမှာ လူဝင်ဆန့်ဖို့အတွက် ယူနိုက်တက်ကို အလိုရှိတယ်လို့ သူ့အဖေဘုရင်မင်းမြတ်ကို ပူဆာခဲ့ပါတယ်။ဒီတော်ဝင်အသိုင်းအဝိုင်းရဲ့မိတ်ဆွေမိသားစုတစ်ခုကလည်း ဂလေဇာတို့ထံမှ ယူနိုက်တက်ကို ဈေးပြိုင်ပေးဝယ်ယူလိုနေကြပါတယ်။




ဆော်ဒီမင်းသားဆိုတာဘယ်သူလဲ။

အသက်၃၃နှစ်အရွယ်ဘင်ဆယ်မန်း သည် ဆော်ဒီအာရေဗျမင်းသားဖြစ်ပြီး ၂၀၁၇ခုနှစ်စစ်တမ်းတွေအရ စတာလင်ပေါင်၈၅၀ဘီလီယံလောက်ထိကြွယ်ဝချမ်းသာသူဖြစ်ပါတယ်။

No comments

Powered by Blogger.