Header Ads
ယူနိုက်တက်ရဲ့ လက်ရှိအခြေအနေဟာဗန်ဟားကိုင်တွယ်တုန်းကလိုမျိုးဖြစ်နေတယ်လို့ ပြောကြားလိုက်တဲ့ဝိန်ရွန်းနီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ယူနိုက်တက်ရဲ့လက်ရှိအခြေအနေဟာဗန်ဟားကိုင်တွယ်တုန်းကလိုမျိုးဖြစ်နေတယ်လို့ပြောကြားလိုက်တဲ့ဝိ်န်ရွန်းနီ
မော်ရင်ဟိုဟာ ကစားသမားတွေပုံစံကောင်းပျောက်ဆုံးအောင်လုပ်နေတဲ့ဆိုတဲ့ဝေဖန်မှုတွေနဲ့ပတ်သတ်ပြီး ဝိန်းရွန်းနီက ပေါ်တူဂီသားဘက်မှကာကွယ်သွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ၈ပွဲကစား၁၃မှတ်နဲ့အဆင့်၈နေရာရပ်တည်နေပြီးဆိုးရွားတဲ့ရာသီအစကို ကြုံတွေ့နေရတာပါ။စက်တင်ဘာ၁၉ရက်နောက်ပိုင်း ပထမဆုံးနိုင်ပွဲအဖြစ်နယူးကာဆယ်ကို နောက်ကျဂိုးတွေနဲ့နိုင်ခဲ့လို့သာ နည်းနည်းအသက်ရှူ ချောင်စေခဲ့တာဖြစ်ပါတယ်။
''နည်းပြနဲ့ကစားသမားတွေအတွက်တော့ ခက်ခဲတဲ့ရာသီအစပါပဲ။မော်ရင်ဟိုအနေနဲ့လည်းဓားသွားပေါ်လမ်းလျှောက်ရသလိုဖြစ်နေနိုင်ပေမယ့် အသင်းသားတွေက သူ့ဘက်ကရပ်တည်ပေးရပါလိမ့်မယ်။ ပြီးတော့ပို ကောင်းအောင်လုပ်ပြဖို့လိုပါတယ်''လို့ဝိန်းကပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်မှာတော့ယူနိုက်တက်ဟာပျင်းစရာကောင်းတဲ့ကစားပုံနဲ့ အစောပိုင်းမိနစ်တွေမှာပဲနယူးကာဆယ်ကို ၂ဂိုးခွင့်ပြုခဲ့ရပါတယ်။ဒုတိယပိုင်းရောက်မှသာ ရှက်စရာကောင်းတဲ့အခြေအနေကနေပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုထိုင်ခုံလှုပ်ခဲ့တာကလည်းရလဒ်တွေဆိုးရွားခဲ့တာထက် ပေါ့ဘာအပါအဝင်ကစားသမားတွေကို လူရှေ့သူရှေ့ဝေဖန်ခဲ့တာကြောင့်ပါ။
ပြီးတော့ နွေဈေးကွက်တုန်းက အသင်းရဲ့ငွေကြေးထောက်ပံမှုအပြည့်အဝမရခဲ့ဘူးလို့ဖွင့်ဟခဲ့ပါသေးတယ်။မြင့်မားတဲ့လစာနဲ့ခေါ် ယူထားတဲ့အလက်ဆစ်ဆန်းချက်ကလည်းပုံမှန်ခြေပျောက်ဆုံးနေပြီး နယူးကာဆယ်နဲ့ပွဲကအနိုင်ဂိုးဟာ သူ့အတွက်ဒီရာသီပထမဆုံးဂိုးပါပဲ။လူကာကူရဲ့ခြေစွမ်းပိုင်းကလည်းဝေဖန်စရာအပြည့်ပါပဲ။ဒီလိုအချိန်မှာတည်ငြိမ်တဲ့ ခံစစ်အတွဲကိုထုတ်ပြနိုင်ဖို့ကလည်း မော်ရင်ဟိုအတွက်ခေါင်းကိုက်စရာဖြစ်ခဲ့ပါတယ်။အခုအမေရိကန်ကလပ်  ဒီစီယူနိုက်တက်မှာ ကစားနေတဲ့ယူနိုက်တက်အချစ်တော်  ရွန်းနီကတော့ လက်ရှိအသင်းအခြေအနေဟာဗန်ဟား ကိုင်တွယ်ခဲ့ချိန်တုန်းကပုံစံမျိုးဖြစ်နေတယ်လို့ဆိုခဲ့ပါတယ်။''လူးဝစ်ဗန်ဟားနဲ့တုန်းကလည်းယူနိုက်တက်မှာ ဒီလိုအခြေနေတွေရှိခဲ့ဖူူးပါတယ်။သူလုပ်ချင်တာတွေလုပ်နေပေမယ့် ကျနော်ကတော့အသင်းဖော်တွေကို  ပိုကောင်းအောင်လုပ်ပြဖို့လိုတာကို ပြောပြခဲ့တယ်။သူလည်း အသင်းကို ကောင်းမွန်လာအောင် တည်ဆောက်နေတာပဲဆိုပေမယ့် ထိချက်တွေတော့လွဲချော်နေခဲ့တယ်။ဒါဟာ အဲ့ဒီအချိန်ရဲ့ နောက်ကွယ်ကအကြောင်းတွေကို ပြန်ပြောပြတာပါ''လို့ရွန်းနီကဆိုခဲ့ပါတယ်။
ကစားသမားတွေခြေစွမ်းမပြနိုင်တာနဲ့ပဲ မော်ရင်ဟိုဟာ ဝေဖန်သူတို့ရဲ့တရားခံဖြစ်နေတယ်လို့ဝိန်းကမြင်နေတာပါ။''ကစားသမားတွေခြေစွမ်းပြနိုင်မှသာ မန်နေဂျာက အကောင်းဆုံးအရာတွေလုပ်နိုင်မှာပါ။အတူတကွတိုက်ပွဲဝင်နေချိန်မှာ ဂျိုးတစ်ယောက်ထဲတရားခံဖြစ်နေပါတယ်''လို့ဝိန်းရွန်နီက သူ့အမြင်တွေကို ထုတ်ဖော်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ ခုတစ်ပတ်နိုင်ငံတကာခြေစွမ်းပွဲတွေအပြီးမှာတော့ ခက်ခဲတဲ့ရက်သတ္တပတ်တွေကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ချယ်ဆီး ၊ဂျူ ဗင်တို့နဲ့အဝေးကွင်းပွဲတွေဆက်တိုက်ရင်ဆိုင်ရမှာဖြစ်တာကြောင့် ခုလက်ရှိအခြေနေတွေမှာ ကစားသမားနဲ့နည်းပြ ကြားဘယ်သူမှားသည်ဖြစ်စေ သရဲနီဖန်တွေကတော့ အနိုင်ရလဒ်နဲ့အိမ်ပြန်လာနိုင်ဖို့ကို အလိုရှိနေတာဖြစ်ပါတယ်။ 
No comments
Powered by Blogger.