Header Ads
Goal.com ကရွေးချယ်ထားတဲ့ပရီးမီးယားလိပ်၈ပွဲအပြီးအကောင်းဆုံး၁၁ယောက်အသင်း
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
#1  GK: ရူအီပတ်ထရီစီယို
#2  RB: ထရစ်ပီယာ 
#3  CB: ဗန်ဒိုက်စ် 
#4  CB: ဒေးဗစ်လုဇ်
#5  LB: မာကို့ စ်အလွန်ဆို   
#6  CM: ဂျော်ဂျင်ဟို 
#8  LCM: ဒေးဗစ်ဆေးလ်ဗား
#9  RW: ဆာဂျီယိုအဂူရို
#10  CF: မီထရိုဗစ်  
#11  LW: အင်ဒီဟာဇက်
(Unicode)
ယခုအပတ်မှာတော့  နိုင်ငံတကာပွဲစဉ်များရောက်ရှိလာပြီဖြစ်တာကြောင့် ကျွန်တော်တို့တွေ ပရီးမီးယားလိပ်ပွဲတွေကို လွမ်းနေကြမှာအမှန်ပါပဲ။ဒါကြောင့်  Goal.com က ရွေးချယ်တဲ့ ပရီးမီးယားလိပ်၈ပွဲအပြီး အကောင်းဆုံးကစားသမား ၁၁ယောက်စာရင်းကိုရွေးချယ်ထားပါတယ်။ကဲ.. ဘယ်သူတွေပါလဲ?? ကြည့်ရအောင်ဗျာ။
#1  GK: ရူအီပတ်ထရီစီယို
သူ ကတော့ဝုဗ်အသင်းရဲ့ဂိုးပေါက်ကိုကာကွယ်စောင့်ရှောက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။လက်ရှိပရီးမီယားလိဂ်ရဲ့ကြေးအကြီးဆုံးဂိုးသမားတွေဖြစ်ကြတဲ့ အလီဆင်နှင့် ကီပါ တို့နှင့်အပြိုင် ပရိသတ်တွေအာရုံကိုဖမ်းစားနိုင်ထားသူလည်းဖြစ်ပါတယ်။သူကိုဝုဗ်အသင်းက အလွတ်ပြောင်းရွေကြေးနှင့်ခေါ်ယူထားခဲ့ပါတယ်။သူကပြောင်းရွေ့ကြေးများပြားခြင်းက အဓိကမဟုတ်ဘူးဆိုတာကိုသက်သေပြခဲ့တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
#2  RB: ထရစ်ပီယာ 
သူကတော့ စပါးအသင်းရဲ့ ဖိုက်တာကစားသမားတစ်ဦးဖြစ်ပြီးယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းကစားခဲ့ကာ ပရိသတ်များရဲ့ အသည်းနှလုံးကိုဖမ်းယူထားနိုင်ခဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။သူကိုပရိသတ်များက ဘယ်ရီ ဘက်ခမ်းလို့တင်စားခေါ်ဝေါ်နေကြပါတယ်။သူကအသင်းအတွက် တိုက်စစ်ကို ပံပိုးပေးတဲ့ကစားသမားဖြစ်ပြီး ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးထားကာ ဖူလ်ဟမ်အသင်းနှင့်ပွဲစဉ်မှာလည်း လှပတဲ့အလွတ်တည်ကန်ဘောသွင်းယူပေးခဲ့ပါသေးတယ်။
#3  CB: ဗန်ဒိုက်စ် 
သူကတော့လီဗာပူလ်းအသင်းရဲ့ကျောက်ဆောင်လို့တင်စားထားရသူလည်းဖြစ်ပါတယ်။အသင်းအတွက်သေသေရှင်ရှင်အနာခံကစားတက်သူတစ်ဦးလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းနှင့်သရေကျခဲ့တဲ့ပွဲစဉ်မှာ ခေါင်းမှသွေးကျလာတဲ့အထိ ကစားပေးခဲ့သူလည်းဖြစ်ပါတယ်။ယခုနှစ်ရာသီမှာ ပေးဂိုး၃ဂိုးသာခွင့်ပြုပေးထားခဲ့သူလည်းဖြစိပါတယ်။
#4  CB: ဒေးဗစ်လုဇ်
သူကတော့ချဲလ်ဆီးအသင်းပရိသတ်တွေရဲ့အချစ်တော်ကစားသမားတစ်ဦးဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီက နည်းပြဟောင်းကွန်တီရဲ့လက်အောက်မှာကစားခွင့်သိပ်မရှိခဲ့ပါဘူး။ယခုနှစ်ရာသီမှာ နည်းပြသစ်ဆာရီရဲ့လက်အောက်မှာ မှ ပုံမှန်ကစားခွင့်ရကာအသင်းအတွက်ခြေစွမ်းပြကစားနေပြီး နောက်တန်း မှာ အားထားရသူတစ်ဦးလည်းဖြစ်ပါတယ်။
#5  LB: မာကို့စ်အလွန်ဆို   
သူကတော့ချဲလ်ဆီးအသင်းကစားသမားတစ်ဦးဖြစ်ပြီး သူ့ကိုကမ္ဘာ့အကောင်းဆုံးတိုက်စစ်အသားပေးပံပိုးတဲ့ကစားသမားတစ်ဦဖြစ်ပါတယ်။သူကစပိန်လက်ရွေးစင်အသင်းမှာလည်းအကောင်းဆုံးခြေစွမ်းပြကစားပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။
#6  CM: ဂျော်ဂျင်ဟို 
သူကတော့ ချဲလ်ဆီးအသင်းနည်းပြဆာရီရဲ့အချစ်တော်တပည့်ဖြစ်ပြီး နည်းပြဆာရီနှင့်အတူယခုနှစ်ရာသီမှာပြောင်းရွေလာခဲ့သူလည်းဖြစ်ပါတယ်။သူကလက်ရှိအချိန်ချဲလ်ဆီးအသင်းမှာ သူရဲ့အရည်အချင်းအစစ်အမှန်ကိုပြသကာ ခြေစွမ်းပြကစားနေသူလည်းဖြစ်ပါတယ်။အကယ်၍သာမန်စီးတီးအသင်းအတွက်သာကစားပေးခဲ့မည်ဆိုရင်မြေကြီးလက်ခတ်မလွဲကြောက်စရာကောင်းတဲ့ကစားသမားဖြစ်လာနိုင်တယ်လို့ဝေဖန်ရေးဆရာများကဆိုပါတယ်။လက်ရှိချဲလ်ဆီးအသင်းအတွက် အကောင်းဆုံးကြိုးစားပေးနေပြီး ပြိုင်ဖက်တွေကိုလှုပ်ခတ်နိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။
#7  RCM: ရော်ဘတ်တိုပယ်ရီရာ   
သူကတော့ ဝက်ဖို့ဒ်အသင်းကိုယခုနှစ်ရာသီမှာတောင့်တင်းခိုင်မာအောင်ပြုလုပ်ပေးနေတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းမှပြောင်းရွေ့လာသူတစ်ဦးလည်းဖြစ်ပါတယ်။သူက လက်ရွေးစင်အသင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းမှာလည်း တိုက်စစ်အားသန်တဲ့ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းရဲ့ကွင်းလယ်ကိုကောင်းစွာထိန်းကျောင်းနေသူတစ်ဦးဖြစ်ပါတယ်။
#8  LCM: ဒေးဗစ်ဆေးလ်ဗား
ယခုနှစ်ရာသီမှာ မှာသူရဲ့လှပတဲ့free kickနှင့်ပရိသတ်အာရုံကိုဖမ်းစားနိုင်ခဲ့ပြီး ဂွာဒီယိုလာကို သဘောကျအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီက သူသားရဲ့ကျန်းမာရေးအခြေအနေကြောင့် ကောင်းစွာခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။သူကမန်စီးတီးအသင်းရဲ့အောက်ဖဲလို့တင်စားရတဲ့ ကွင်းလယ် ဖန်တီးရှင်တစ်ဦးဖြစ်ပါတယ်။
#9  RW: ဆာဂျီယိုအဂူရို
သူကတော့မန်စီးတီးအသင်းရဲ့အဓိကထားရတဲ့တိုက်စစ်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။သူကပရီးမီးယားလိဂ်သမိုင်းမှာအကောင်းဆုံးကစားသမားစာရင်းထဲမှာပါဝင်တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပြီး ပရီးမီးယားလိဂ် ရဲ့ဂိုးအများဆုံးသွင်းယူထားတဲ့ ၁၀ဦးစာရင်းမှာလည်းပါဝင်ထားသူလည်းဖြစ်ပါတယ်။ယခုနှစ်ရာသီမှာလည်းအသင်းအတွက် ၅ဂိုးသွင်းယူပေးထားသူလည်းဖြစ်ပါတယ်။ဒါအပြင်ယခုနှစ်ရာသီမှာ ဟမ်ဒါဖီးအသင်းနှင့်ပွဲစဉ်မှာ ဟက်ထရစ်ရရှိခဲ့ပါတယ်။
#10  CF: မီထရိုဗစ်  
သူကတော့ဖူလ်ဟမ်အသင်းရဲ့ကစားသမားတစ်ဦးဖြစ်ပြီးအသင်းကိုချန်ပီယံရှစ်မှ ဆွဲတင်ပေးလာတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။သူက ဆားဘီးယားလက်ရွေးစင်အသင်းအတွက်လည်း ခြေစွမ်းပြဂိုးသွင်းယူပေးနေတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
#11  LW: အင်ဒီဟာဇက်
ချဲလ်ဆီးအသင်းကစားသမားဟာဇက်က ချဲလ်ဆီးအသင်းနည်းပြအသစ်ဆာရီရဲ့လက်အောက်မှာမထင်မှတ်ထားလောက်အောင်အထူးခြေစွမ်းပြနေပြီးသူရဲ့ခြေစွမ်းကတည်ငြိမ်ပြီး ပုံမှန်ဖြစ်လာကာ အသင်းအတွက်ဂိုးတွေ ပိုမိုသွင်းယူပေးလာခဲ့ပါတယ်။နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ဘဲလ်ဂျီယမ်အသင်းအတွက်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း တတိယနေရာရရှိအောင်အထိကြိုးစားပေးခဲ့ပါတယ်။လက်ရှိပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်၇ဂိုးသွင်းကာဦးဆောင်ထားပါတယ်။
No comments
Powered by Blogger.