Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
နောက်ကျောဒဏ်ရာပြဿနာကြောင့်ယူရိုပါလိပ်ပွဲစဉ်ကိုလွဲချော်ဖို့ရှိနေတဲ့ဟာဇက်
ဘယ်လ်ဂျီယံစတားအင်ဒီဟာဇက်ဟာ ယူရိုပါလိပ်အုပ်စုပွဲဖြစ်တဲ့ ဘေ့တ်အသင်းနဲ့ပွဲရယ် ဘန်လေအသင်းနဲ့ပွဲတို့ကိုလွဲချော်ဖွယ်ရှိနေပါတယ်။
အင်ဒီဟာဇက်ဟာ မာရီဇီယိုဆာရီရဲ့ချန်ပီယံဆုအတွက်စိန်ခေါ်နေတဲ့အသင်းမှာ ဒဏ်ရာပြဿနာကြောင့် ၂ပတ်ကျော်ပါဝင်ခွင့်ရတော့မည်မဟုတ်ပါဘူး။အသက်၂၇နှစ်အရွယ်ဟာဇက်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ နောက်ကျောဒဏ်ရာရရှိခဲ့ပြီး ကြာသပတေးနေ့ညမှာကစားမယ့်ဘေ့တ်အသင်းနဲ့ယူရိုပါလိပ်ပွဲရယ်၊နောက်၃ရက်ကြာမှာကစားမယ့်ဘန်လေအသင်းနဲ့ပွဲတို့ကိုလွဲချော်သွားဖို့ရှိနေပြန်ပါတယ်။ဘယ်လ်ဂျီယံစတားအင်ဒီဟာဇက်ဟာ ယူနိုက်တက်ကစားသမားတွေဖြစ်ကြတဲ့ မာတစ်နဲ့အက်ရှ်လေယန်းတို့ရဲ့လူကပ်လူချကစားခြင်းကို စနေနေ့ညကကစားခဲ့တဲ့ပွဲမှာခံခဲ့ရပြီး သူတို့၂ဦးဟာ ချဲလ်ဆီးရဲ့နံပါတ်၁၀ ကစားသမားကို အတော်လေးထိန်းချုပ်ကစားဖို့ကြိုးစားခဲ့ကြတာပဲဖြစ်ပါတယ်။ဟာဇက်ဟာအဆိုပါပွဲမှာမိနစ် ၉၀ကြာကစားခဲ့သော်လည်း နောက်တစ်နေ့တနင်္ဂနွေနေ့နံနက်ခင်းအရောက်မှာတော့ သူဟာခါးဒဏ်ရာရရှိနေခဲ့တာကို သတိပြုမိတာပဲဖြစ်ပါတယ်။ဟာဇက်ဟာချဲလ်ဆီးအသင်းအတွက်အတော်လေးခြေစွမ်းပြကစားနေခဲ့တာဖြစ်ပြီး သူသာမပါဝင်နိုင်ခဲ့ပါက ချဲလ်ဆီးအသင်းရဲ့တိုက်စစ်မှာရုန်းကန်နေရတဲ့ မိုရာတာနဲ့အတော်လည်းအခက်တွေ့ဖွယ်ရှိနေပါတယ်။ချဲလ်ဆီးကစားသမားဟောင်း ဂူလစ်က ဟာဇက်နဲ့ဝီလီယံတို့ဟာသူတို့ရဲ့အသင်းဖော်တိုက်စစ်မှူးမိုရာတာကို ဘောလုံးပေးဖို့အထိတောင်ယုံကြည်မှုမရှိတော့ပါဘူး။ဂူလစ် တစ်ယောက် beIN Sports ကိုပြောခဲ့တာကတော့ “ သူ့ရဲ့အသင်းဖော်တွေက သူ့အတွက်ဖန်တီးပေးမယ့်နေရာတွေဆီမလာတော့ပါဘူး။အဆိုးဆုံးအပိုင်းအနေနဲ့ခင်ဗျားတွေ့နိုင်တာက ဝီလီယံတို့ဟာဇက်တို့ဟာ အတွင်းထဲထိဆွဲလိမ်ခေါက်နေတာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ သူတို့က ဟာဇက်ကို အယုံအကြည်မရှိတာပဲဖြစ်ပါတယ်။
“ ဒါပင်မယ့် အရှေ့ကိုဖြတ်တင်ပေးလိုက်ရင်လည်း ကျွန်တော့်အထင် ပထမပိုင်းအခြေအနေမှာ မိုရာတာဘယ်ရောက်နေလဲမေးရင်သူဟာ အဲ့နေရာမှာရှိမနေပါဘူး။အဲ့ဒါကြောင့်လည်းသူတို့ကအယုံအကြည်မရှိတော့တာပါပဲ။”
ချဲလ်ဆီးနည်းပြဆာရီအနေနဲ့သူ့ရဲ့လူစာရင်းကို လာမယ့်ကြာသပတေးနေ့ညမှာ စတန်းဖို့ဘရစ်ချ်အသင်းရဲ့လူစာရင်းကိုအကောင်းဆုံးအသုံးချဖို့ရှိနေပါတယ်။စနေနေ့ကကစားခဲ့တဲ့ယူနိုက်တက်နဲ့ပွဲမှာလူစားဝင်ကစားခဲ့တဲ့ပတ်ဒရိုတစ်ယောက် ပါဝင်လာဖွယ်ရှိနေပါတယ်။ဒါ့အပြင်ဆာရီရဲ့ရှုံးပွဲမရှိ ရက်စွဲတွေမှာ ဗစ်တာမော့ဆက်စ်၊ဖာဘရီဂတ်စ်နဲ့ဘာကလေတို့လည်းပါဝင်ဖို့ရှိနေပါတယ်။
Post a Comment