Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ချဲလ်ဆီး ၂-၂ ယူနိုက်တက်တို့ပွဲအပြီးနောက်ဆုံးရသတင်းများစုစည်းမှု
မန်ယူနိုက်တက်နည်းပြမော်ရင်ဟိုက ပွဲအပြီးမှာအခုလိုပြေကြားသွားခဲ့ပါတယ်။ “ ကျွန်တော်ချဲလ်ဆီးပရိတ်သတ်တွေဆီက လေးစားမှုတွေမရခဲ့ပါဘူး။ဒါဟာကျွန်တော့်တာဝန်လည်းမဟုတ်ပြန်ပါဘူး။ဒီနေ့ကျွန်တော်လုပ်ပြခဲ့တာတွေက မက်ဒရစ်၊မီလန်၊ပေါ်တိုမှာလည်းလုပ်ပြသွားမှာပါ။ဒီပရိတ်သတ်တွေရဲ့တုံပြန်ပုံတွေက ကျွန်တော်နဲ့မဆိုင်ပါဘူး။ကျွန်တော်ဘာတစ်ခုမှငြင်းဆိုနေမှာမဟုတ်ပါဘူး။ဆာရီလက်ထောက်ကဘာဖြစ်ခဲ့တာလဲ?ဆာရီက ကျွန်တော်ဆီအရင်လာပြီး ဒီကိစ္စဖြေရှင်းပေးထားတယ်လို့ပြောတဲ့လူတစ်ယောက်ပါ။လက်ထောက်ကလည်းကျွန်တော့်ဆီလာပြီးတောင်းပန်ပါတယ်။ကျွန်တော်ကတော့သူ့ကိုမေ့ပစ်ဖို့ပြောလိုက်ပါတယ်။ကျွန်တော့်ဘဝတစ်လေ ျှာက်လုံးမှာလည်း အမှားတွေလုပ်ခဲ့ဖူးပါတယ်။”
ဘာကလေရဲ့နောက်ဆုံးမိနစ်မှာ ၂-၂ သရေကျစေမယ့် သွင်းဂိုးကိုသွင်းယူခဲ့ပြီးနောက်ချဲလ်ဆီးလက်ထောက်နည်းပြ မာကိုလန်နီဟယ မော်ရင်ဟိုရှေ့မှာ ရန်စအောင်ပွဲခံတဲ့အမူအရာလုပ်ပြခဲ့ပါတယ်။ဒါကြောင့်မော်ရင်ဟိုက ဒေါသတကြီး လိုက်လံရန်ရှာခဲ့ပြီး ပွဲပြီးခါနီးမှာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။ဒီဖြစ်ရပ်ပေါ် အဆိုပါပွဲမှာ အဖွင့်ဂိုးသွင်းယူခဲ့တဲ့ချဲလ်ဆီးနောက်ခံလူရူဒီဂါ က ” ဘာဖြစ်သွားလဲကျွန်တော်မသိပါဘူး။ ခူံတန်းတွေအားလုံးကမတ်တပ်ရပ်နေကြတာကျွန်တော်တွေ့လိုက်တယ်။အဲ့ဒါနဲ့ရန်ဖြစ်တာလားပေါ့။ဒါပင်မယ့်ဒါဟာ စိတ်ခံစားမှုပါ။ဒါကိုဘောလုံးလောကလို့ခေါ်ပါတယ်။ကွင်းထဲရောက်ရင်ဘာမှမမြင်တော့ပါဘူး။ဒါဟာဘောလုံးလောကလို့ခေါ်ပါတယ်။ပွဲလည်းပြီးရော ခင်ဗျားဟာလက်ဆွဲနှုတ်ဆက်ရပါတယ်။ပွဲကစားရင်တော့စိတ်ခံစားမှုဆိုတာရှိပါတယ်။နောက်ဆုံးအချိန်ရောက်ရင်တော့အရာအားလုံးငြိမ်သက်သွားတာပါပဲ။” လို့ပွဲအပြီးမှာပြောကြားခဲ့ပါတယ်။
ပွဲအပြီးမှာမော်ရင်ဟို ကငါဟာဒီကွင်းမှာမင်းတို့အတွက် ဆုဖလား၃ကြိမ်(ပရီးမီးယားလိပ်) ရယူပေးခဲ့တယ်ဆိုတဲ့ အမူအရာကို ဆိုလိုတဲ့ လက်၃ချောင်းကို ချဲလ်ဆီးပရိတ်သတ်တွေဆီထောင်ပြခဲ့ပါတယ်။ဒါကြောင့်အိမ်ကွင်းပရိတ်သတ်တွေကလည်း မော်ရင်ဟိုကို “ထွက်သွားစမ်း မော်ရင်ဟို” လို့အပြန်အလှန်ပြောခဲ့ကြပါတယ်။
လူစားဝင်ကစားခဲ့ပြီးမှာနောက်ကျချေပဂိုးကိုသွင်းယူပေးခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်လူဘာကလေက “ ဟုတ်ကဲ့ ကျွန်တော့်ရဲ့ယုံကြည်မှုတွေတိုးတက်လာပါတယ်။ကျွန်တော်တို့ရဲ့ပစ်မှတ်က ၃မှတ်ရယူဖို့ပါ။စိတ်ပျက်စရာတော့ကောင်းပါတယ်။နောက်ဆုံးမှာစုစည်းနိုင်ခဲ့ပြီး သရေရလဒ်ရယူနိုင်ခဲ့ပါတယ်။အဆုံးမှာ ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကိုပြသနိုင်ခဲ့ပါတယ်။ကျွန်တော်လေ့ကျင့်ကွင်းမှာလည်းအကောင်းဆုံးကြိုးစားခဲ့ပါတယ်။ဒါကြောင့်စွမ်းဆောင်ရည်ကောင်းတွေဒီပွဲမှာရောက်လာတာပေါ့။ဒါပင်မယ့် ကျွန်တော်တို့ အနိုင်၃မှတ်ရယူဖို့လာခဲ့တာပါ။” လို့ပြောကြားသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ခြေစွမ်းနဲ့ပတ်သတ်ပြီးနည်းပြဆာရီ ကမကျေမနပ်ဖြစ်နေပါတယ်။ “ စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီးကျွန်တော်စိတ်ပျက်နေပါတယ်။နောက်ဆုံးမိနစ်မှာဂိုးရတာကောင်းတယ်။ကစားသမားတွေအတွက်ယုံကြည်မှုအားကောင်းတယ်။ဒါ ok တယ်။ဒါပင်မယ့်ကွင်းဘေးခုံမှာကျွန်တော်ကြည့်နေတာပါ။တခြားအရာတွေကို ကျွန်တော်မြင်ခဲ့ပါတယ်။ကျွန်တော့်ပုံစံအတိုင်း သူတို့ကစားရမှာပါ။အဝေးပေးကန်တာတွေနဲ့ဘောလုံးပိုင်ဖို့ကျွန်တော်မလိုလားပါဘူး။ကျွန်တော်မကြိုက်ပါဘူး။ကျွန်တော်၃မှတ်အတွက်အမြဲကစားချင်တာပါ။မိနစ် ၆၀နောက်ပိုင်းကျွန်တော်တို့ပုံစံအတိုင်းမကစားနိုင်တော့ပါဘူး။အဝေးပေးကန်တာတွေပဲလုပ်တော့တာပဲ။ကျွန်တော်တို့အသင်းဟာ ဒုတိယအကြိမ်မှရမယ့်ဘောလုံးအတွက်တည်ဆောက်ထားတာမဟုတ်ပါဘူး။ဒီလိုကစားဟန် ပုံစံအခြေအနေမှာတော့ ယူနိုက်တက်က ကျွန်တော်တို့ထက်ပိုကောင်းပါတယ်။”
Post a Comment