Header Ads


အေဖလိုု ့သတ္မွတ္ထားတဲ့ဖာဂူဆန္နဲ ့သူ ့ၾကားကသားအဖဆက္ဆံေရးကိုုဖြင့္ဟေျပာၾကားခဲ့တဲ့ရိုုနယ္ဒိုု



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဘယ္ယူႏိုုက္တက္ပရိတ္သတ္နဲ ့ျဖစ္ျဖစ္စကားေျပာၾကည့္မယ္ဆိုုရင္ ဆာအဲလက္စ္ဖာဂူဆန္ရဲ ့အသင္းအေပၚအေရးပါအရာေရာက္တာေတြကိုု သင္တုုိ ့သိသြားပါလိမ့္မယ္။ဒါအျပင့္ ယူႏိုုက္တက္နည္းျပေဟာင္းဖာဂူဆန္နဲ ့အသင္းရဲ ့အခ်စ္ေတာ္ကစားသမားေဟာင္း စီရိုုနယ္ဒိုုတိုု ့အေၾကာင္းခင္ဗ်ားတိုု ့သြားေမးမယ္ဆိုုရင္ မန္ေနဂ်ာတစ္ေယာက္ဟာ တစ္စံုုတစ္ေယာက္ရဲ ့ဘ၀အေပၚဘယ္ေလာက္ထိလႊမ္းမိုုးမႈရိွလည္းခင္ဗ်ားတိုု ့နားလည္သြားပါလိမ့္မယ္။


လြန္ခဲ့တဲ့ ၂၀၀၃ ခုုနွစ္ကေပါ့ အသက္၁၈ႏွစ္သာရိွေသးတဲ့ ေပၚတူဂီလူငယ္ကစားသမားေလးကိုု စေကာ့တလန္နည္းျပၾကီးက စပိုု ့စ္တင္းကေန ယူႏိုက္တက္အတြက္ေခၚယူခဲ့ပါတယ္။



ဖာဂူဆန္ရဲ ျပဳစုုထိန္းေက်ာင္းမႈကေန အခုုခ်ိန္မွာေတာ့ ေဘာ္လြန္ဒီေအာ္ဆုုကိုု ၾကိမ္အထိရယူထားတဲ့ ရိုုနယ္ဒိုု က သူ နဲ ့ဖာဂူဆန္ၾကားက သားအဖ ဆက္ဆံေရးကိုုဖြင့္ဟ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။အထူးသျဖင့္ရိုနယ္ဒိုုက သူ ကိုုယ္ေရးကိုယ္တာကိစၥေတြၾကံဳေတြ ့ေနရတဲ့အခ်ိန္ဆိုု သူ ့အေဖလိုု ခ်စ္ရတဲ့ ဖာဂူဆန္နဲ ့တိုုင္ပင္ေလ့ရိွေၾကာင္းေျပာၾကားခဲ့ပါတယ္။


ကၽြန္ေတာ့္ဒယ္ဒီ(ဖာဂူဆန္) လန္ဒန္ေဆးရံုုမွာ ေနမေကာင္းျဖစ္ေနတုုန္းကေပါ့၊ အလြန္ဆိုုးပါတယ္။ ကိုုမာ ျဖစ္ေနတာပါ။ ကၽြန္ေတာ္သူ နဲ ့စကားေတြေျပာခဲ့ၾကပါတယ္။” (Manchester Evening News)  မွ ရိုုနယ္ဒိုုေျပာၾကားခဲ့ပါတယ္။

ကၽြန္ေတာ့္ရဲ ့ေဘာ့စ္(ဇီဒန္း) ကိုု ေျပာခဲ့တယ္။ ကၽြန္ေတာ္စိတ္မေကာင္းဘူးဗ်ာ။

ကၽြန္ေတာ္တိုု ့က လိပ္မွာေရာ၊ ခ်န္ပီယံလိပ္မွာပါ အေရးၾကီးတဲ့အခ်ိန္ေရာက္ေနတာပါ။ဒါပင္မယ့္ ကၽြန္ေတာ္ေဘာ့စ္ကိုု ေျပာလိုုက္တယ္။ ကၽြန္ေတာ္ခံစားရတာမေကာင္းဘူးဗ်ာ။ကၽြန္ေတာ့္အေဖကိုု ေတြ ့ခ်င္တယ္။



သူေျပာတာက ခရစ္စတီယာနို မင္း တစ္ရက္၊၂ရက္၊တစ္ပတ္၊ သြားနိုုင္တယ္။ မင္းကိုု ငါအရမ္းလြမ္းေနမွာပါ။ဘာလိုု ့လဲဆိုုေတာ့ မင္းဟာငါတို ့အတြက္အေရးၾကီးဆံုုးဆိုုတာမင္းလည္းသိပါတယ္။ဒါပင္မယ့္မင္းအေဖက ပထမ ျဖစ္ရမယ္လိုု ့ေျပာၾကားခဲ့ပါတယ္။

သူလည္းအဲ့လိုု ေျပာေတာ့ ကၽြန္ေတာ္လည္း ဒီဘဲက မယံုုႏိုုင္စရာပဲလိုု ့ေတြးမိတယ္။

ရိုုနယ္ဒိုုဟာ ၂၀၀၉  ခုုႏွစ္မွာ ရီးရဲလ္မက္ဒရစ္အသင္းဆီေျပာင္းၿပီး ဖာဂူဆန္ကိုု ေက်ာခိုုင္းခဲ့ေသာ္လည္း သူတိုု ့၂ေယာက္ၾကားကဆက္ဆံေရးကိုု မရပ္တန္ ့ခဲ့ၾကပါဘူး။


ယူရိုု ၂၀၁၆ မွာ ေပၚတူဂီအသင္းနဲ ့ယူရိုုဖလားကိုု ရယူၿပီးေနာက္ ဂ်ဴဗင္တပ္စ္တိုုက္စစ္မွဴး နဲ ့ဖာဂူဆန္တိုု ့ၾကား ၾကည္ႏူးစရာ သားအဖဆက္ဆံေရးကိုု ျမင္ေတြ ့ရၿ႔ပီးေနာက္ ကမာၻ ့ေဘာလံုုးပရိတ္သတ္ေတြအတြက္ေတာ့အဆိုုပါ ျမင္ကြင္းေလးဟာ ရင္ထဲမွာထိခိုုက္သြားရမယ့္အခိုုက္အတန္ ့ေလးျဖစ္လိုု ့ေနပါတယ္။

(Unicode)



ဘယ်ယူနိုက်တက်ပရိတ်သတ်နဲ့ဖြစ်ဖြစ်စကားပြောကြည့်မယ်ဆိုရင် ဆာအဲလက်စ်ဖာဂူဆန်ရဲ့အသင်းအပေါ်အရေးပါအရာရောက်တာတွေကို သင်တို့သိသွားပါလိမ့်မယ်။ဒါအပြင့် ယူနိုက်တက်နည်းပြဟောင်းဖာဂူဆန်နဲ့အသင်းရဲ့အချစ်တော်ကစားသမားဟောင်း စီရိုနယ်ဒိုတို့အကြောင်းခင်ဗျားတို့သွားမေးမယ်ဆိုရင် မန်နေဂျာတစ်ယောက်ဟာ တစ်စုံတစ်ယောက်ရဲ့ဘဝအပေါ်ဘယ်လောက်ထိလွှမ်းမိုးမှုရှိလည်းခင်ဗျားတို့နားလည်သွားပါလိမ့်မယ်။


လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကပေါ့ အသက်၁၈နှစ်သာရှိသေးတဲ့ ပေါ်တူဂီလူငယ်ကစားသမားလေးကို စကော့တလန်နည်းပြကြီးက စပို့စ်တင်းကနေ ယူနိုက်တက်အတွက်ခေါ်ယူခဲ့ပါတယ်။

ဖာဂူဆန်ရဲ့ ပြုစုထိန်းကျောင်းမှုကနေ အခုချိန်မှာတော့ ဘော်လွန်ဒီအော်ဆုကို ၅ကြိမ်အထိရယူထားတဲ့ ရိုနယ်ဒို က သူ နဲ့ဖာဂူဆန်ကြားက သားအဖ ဆက်ဆံရေးကိုဖွင့်ဟဝန်ခံပြောကြားသွားခဲ့ပါတယ်။အထူးသဖြင့်ရိုနယ်ဒိုက သူ ကိုယ်ရေးကိုယ်တာကိစ္စတွေကြုံတွေ့နေရတဲ့အချိန်ဆို သူ့အဖေလို ချစ်ရတဲ့ ဖာဂူဆန်နဲ့တိုင်ပင်လေ့ရှိကြောင်းပြောကြားခဲ့ပါတယ်။


“ ကျွန်တော့်ဒယ်ဒီ(ဖာဂူဆန်) လန်ဒန်ဆေးရုံမှာ နေမကောင်းဖြစ်နေတုန်းကပေါ့၊ အလွန်ဆိုးပါတယ်။ ကိုမာ ဖြစ်နေတာပါ။ ကျွန်တော်သူ နဲ့စကားတွေပြောခဲ့ကြပါတယ်။” (Manchester Evening News)  မှ ရိုနယ်ဒိုပြောကြားခဲ့ပါတယ်။

“ ကျွန်တော့်ရဲ့ဘော့စ်(ဇီဒန်း) ကို ပြောခဲ့တယ်။ ကျွန်တော်စိတ်မကောင်းဘူးဗျာ။”

“ ကျွန်တော်တို့က လိပ်မှာရော၊ ချန်ပီယံလိပ်မှာပါ အရေးကြီးတဲ့အချိန်ရောက်နေတာပါ။ဒါပင်မယ့် ကျွန်တော်ဘော့စ်ကို ပြောလိုက်တယ်။ ကျွန်တော်ခံစားရတာမကောင်းဘူးဗျာ။ကျွန်တော့်အဖေကို တွေ့ချင်တယ်။”

“ သူပြောတာက ခရစ်စတီယာနို မင်း တစ်ရက်၊၂ရက်၊တစ်ပတ်၊ သွားနိုင်တယ်။ မင်းကို ငါအရမ်းလွမ်းနေမှာပါ။ဘာလို့လဲဆိုတော့ မင်းဟာငါတို့အတွက်အရေးကြီးဆုံးဆိုတာမင်းလည်းသိပါတယ်။ဒါပင်မယ့်မင်းအဖေက ပထမ ဖြစ်ရမယ်” လို့ပြောကြားခဲ့ပါတယ်။

“ သူလည်းအဲ့လို ပြောတော့ ကျွန်တော်လည်း ဒီဘဲက မယုံနိုင်စရာပဲလို့တွေးမိတယ်။”

ရိုနယ်ဒိုဟာ ၂၀၀၉  ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဆီပြောင်းပြီး ဖာဂူဆန်ကို ကျောခိုင်းခဲ့သော်လည်း သူတို့၂ယောက်ကြားကဆက်ဆံရေးကို မရပ်တန့်ခဲ့ကြပါဘူး။

ယူရို ၂၀၁၆ မှာ ပေါ်တူဂီအသင်းနဲ့ယူရိုဖလားကို ရယူပြီးနောက် ဂျူဗင်တပ်စ်တိုက်စစ်မှူး နဲ့ဖာဂူဆန်တို့ကြား ကြည်နူးစရာ သားအဖဆက်ဆံရေးကို မြင်တွေ့ရြ့ပီးနောက် ကမ္ဘာ့ဘောလုံးပရိတ်သတ်တွေအတွက်တော့အဆိုပါ မြင်ကွင်းလေးဟာ ရင်ထဲမှာထိခိုက်သွားရမယ့်အခိုက်အတန့်လေးဖြစ်လို့နေပါတယ်။

No comments

Powered by Blogger.