Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဟယ်လ်ဒါဖီးလ် ဝ-၁ လီဗာပူးလ်ပွဲအပြီး နောက်ဆုံးရသတင်းများစုစည်းမှု
လီဗာပူးလ်အသင်းရဲ့အနိုင်ဂိုးကိုသွင်းယူပေးခဲ့တဲ့အသင်းတောင်ပံကစားသမားက ပွဲအပြီးမှာအခုလိုပြောကြားသွားခဲ့ပါတယ်။ “အသင်းရလဒ်ကောင်းရဖို့အရေးကြီးတဲ့အရာမျိုးကကူညီပေးနိုင်တယ်ဆိုတာဟာ တကယ့်ခံစားမှုကိုကောင်းစေပါတယ်။ကျွန်တော်တို့အခုချန်ပီယံလမ်းကြောင်းပေါ်မှာရောက်နေပါပြီ။ကျွန်တော်ဂိုးသွင်းနိုင်တာတွေ ဂိုးမသွင်းနိုင်တာတွေ စိုးရိမ်မနေပါဘူး။အရေးကြီးဆုံးကအသင်းပဲ။အသင်းအတွက်ဒီလိုနိုင်ပွဲရလဒ်တွေရှာပေးနိုင်သ၍ကျွန်တော်မစိုးရိမ်ပါဘူး။တကယ့်ကိုခက်ခဲတဲ့ပွဲပါပဲ။နောက်ဆုံးမှာ အနိုင်၃မှတ်ရယူခဲ့ပါတယ်။ဒါဟာအရေးကြီးတယ်။ကျွန်တော်တို့တိုက်ပွဲဝင်ခဲ့ကြတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ”
လီဗာပူးလ်နည်းပြဂျာဂန်ကလော့က ဟယ်လ်ဒါဖီးလ်အသင်းကို ၁-၀ ဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲပြီးနောက် လီဗာပူးလ်အသင်းဟာ ဒီရလဒ်အတွက်မပျော်ရွှင်ပဲနဲ့မနေပါဘူးလို့ပြောကြားလိုက်ပါတယ်။ “ လူတွေက ကျွန်တော်တို့၆-၀ ဖြင့်နိုင်တဲ့ပွဲတွေကို လာယှဉ်နေကြပါတယ်။လူတွေထင်နေတာက ကျွန်တော်တို့ရဲ့ဘောလုံးကစားဟန်ဘယ်ရောက်သွားပြီလဲပေါ့။ဒီနေ့လို ပုံမှန်ပွဲလိုနိုင်ခဲ့တာဟာ ကျွန်တော့်ဘဝမှာပထမဆုံးပဲ။ဒီနေ့ညမှာဆုဖလားရယူတဲ့အကြောင်းပါတဲ့စာအုပ်ကိုရေးသားမနေနိုင်ပါဘူး။ဘောလုံးမှာ နည်းလမ်းတစ်မျိုးနဲ့ထဲအနိုင်ယူတယ်ဆိုတာမရှိပါဘူး။နည်းလမ်းအမျိုးမျိုးရှိပါတယ်။ကျွန်တော်တို့အသင်းကံကောင်းသွားတာပါ။ရိုးရိုးသားသားပြောရရင်ကျွန်တော်တို့ဟာခံစစ်အတွက် ဂိုးတိုင်ကို အသုံးမပြုချင်ပါဘူး။သူတို့အသင်း ဂိုးတိုင်၁လုံးထိတယ်။လက်ထိဘောကြောင့် ပယ်နယ်တီတောင်ပေးရတော့မယ်။ ပေးဂိုး၃ဂိုး မပေးရဖို့အတွက်ကံကောင်းဖို့လိုပါတယ်။မန်စီတီးရောမလိုဘူးထင်လား?? ကျွန်တော်တော့မသိဘူး။ဒါပင်မယ့်ကျွန်တော်တို့တော့လိုတယ်။” လို့ပြောကြားလိုက်ပါတယ်။
လူမှုကွန်ယက်တွေပေါ်မှာတော့ ဂျိန်းစ်မီလ်နာဟာ ပယ်နယ်တီဧရိယာအတွင်း ဒိုင်လူကြီးအိုလီဗာရှေ့သိသိသာသာကြီးဘောလုံးနဲ့လက်ထိခဲ့တာကို ဒိုင်ကမပေးခဲ့တာအတွက် ဘက်လိုက်တဲ့လုပ်ရပ်လို့အပြင်းအထန်ဝေဖန်နေကြပါတယ်။
နည်းပြကလော့ ကဒဏ်ရာပြဿနာ အကင်းမသေတဲ့ ကွင်းလယ်လူဟန်ဒါဆင်ကိုထည့်သုံးခဲ့တာဟာ ကစားသမားရဲ့ဆုံးဖြတ်ချက်ကြောင့်သာဖြစ်ကြောင်း၊ သူ့အနေနဲ့ကစားသမားသာဆက်ကစားချင်ရင်ငြင်းဆန်ဖို့မရှိကြောင်းရှင်းပြခဲ့ပါတယ်။
Post a Comment