Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ပတ်ဂွာဒီယိုလာရွေးချယ်ခဲ့တဲ့ဒီရာသီချန်ပီယံလိပ်မှာဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်း၃သင်း
ပတ်ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့အတူချန်ပီယံလိပ်ဖလားရယူချင်တဲ့အိပ်မက်ဟာ မနှစ်ရာသီကွာတားဖိုင်နယ်မှာ လီဗာပူးလ်အသင်းနဲ့တွေ့ဆုံစဉ်ရှုံးပွဲကြုံတွေ့ခဲ့ပြီး ကြေမွပျက်ဆီးသွားခဲ့ရပါတယ်။ဒီနှစ်မှာလည်း ချန်ပီယံလိပ်အုပ်စုအဖွင့်ပွဲမှာလိုင်ယွန်အသင်းကိုရှုံးနိမ့်ခဲ့ပြီးဖြစ်သော်လည်း ဒုတိယပွဲစဉ်မှာတော့ဟောဖန်ဟိမ်းအသင်းကို အရှုံးကနေ လိုက်ကစားခဲ့ရပြီးအနိုင်ရလဒ်ကိုပြန်လည်ရှာတွေ့နိုင်ခဲ့ပါတယ်။
“မာစတာများရှင်းပြတဲ့ ဘောလုံးလောကအလှတရားများ” များအစီအစဉ်မှာ ကာလို့စ်အန်ဆယ်လော့တီ၊ အက်ဂရီယိုဆာချီတို့နဲ့အတူပါဝင်ဆောင်ရွက်ဆွေးနွေးခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် ဘာကာနည်းပြဟောင်း လက်ရှိမန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက သူ့အသင်းမန်စီးတီးရဲ့ဒီရာသီ ချန်ပီယံလိပ်ဖလားပြိုင်ပွဲအခြေအနေကို ပြောကြားခဲ့ပြီး ဒီရာသီချန်ပီယံလိပ်ဖလားကိုင်မြောက်နိုင်မယ့်အသင်း၃သင်းကိုရွေးချယ်ခဲ့ပါတယ်။
“ (စီးတီးဟာ ချန်ပီယံလိပ်ပြိုင်ပွဲမှာရေပန်းစားသလား??) သူ တို့တွေဒီလို ပြောကြမယ်ဆိုရင်တော့ဖြင့် ကျွန်တော်တို့တွေအကောင်းဆုံးအသင်းဖြစ်အောင်လုပ်ရမှာပါ။ကျွန်တော်တို့မှာသမိုင်းမှတ်တမ်းမရှိတော့ ကျွန်တော်တို့ဒါအတွက်အဆင်သင့်ဖြစ်နေလားမသိပါဘူး။ကလပ်နဲ့ပရိတ်သတ်တွေအကြောင်းကျွန်တော်ပြောပြမှာပါ။ကလပ်အနေနဲ့တော့ ဆီမီးဖိုင်နယ်လောက်ဆို တကယ့်အောင်မြင်တဲ့အရာလို့ဆိုနိုင်ပါတယ်။ချန်ပီယံလိပ်ပြိုင်ပွဲကိုမကြာခင်ပြန်ရောက်လာတော့မယ့် အေစီမီလန် ကြောင့်လည်း ဒီပြိုင်ပွဲမှာအောင်မြင်ဖို့ဘာကိုဆိုလိုသလဲသိသွားရပါမယ်။”
“ ပုံမှန်ရေပန်းစားတဲ့အသင်းတွေကတော့ ဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်၊ နဲ့ဒီဆုအတွက် ကံစပ်ဖို့နည်းနည်းသာလိုတော့တဲ့ ရိုနယ်ဒိုလို ကစားသမားမျိူးကိုပိုင်ဆိုင်ထားတဲ့ဂျုဗင်တပ်စ်အသင်းပါ။အိမ်ကွင်းကစားအားကောင်းအက်တလက်တီကိုမက်ဒရစ်အသင်းလည်းကျန်ပါသေးတယ်။အခြားအသင်းတွေလည်းရှိပါသေးတယ်။ကျွန်တော်တို့လည်း သူတို့လို ဖြစ်လာလိမ့်မယ်လို့မေ ျှာ်လင့်ထားပါတယ်။ အင်္ဂလန်မှာကတော့ ဘောလုံးကစားကြတာ ရေလည်ကောင်းပါတယ်။ဂျာမနီမှာဆိုလည်း ဘောလုံးကိုအရမ်းကြိုက်ကြပါတယ်။ဒါမယ့်တစ်ပတ်အတွင်းမှာတော့ တခြားလုပ်စရာတွေအများကြီးရှိပါတယ်။အားကစားအကြောင်းကြီးပဲပြောနေလို့မရပါဘူး။လက်တင်နိုင်ငံတွေမှာဆိုရင်တော့အတော်လည်းကွဲပြားနေတာကို ခင်ဗျားတို့တွေ့နိုင်ပါတယ်။ခင်ဗျားခရီးထွက်ကြည့်ရင် ကွဲပြားခြားနားတဲ့ယဉ်ကျေးမှုတွေကို မြင်တွေ့ခွင့်ရပါလိမ့်မယ်။”
ဂွာဒီယိုလာတို့ပြောခဲ့တဲ့စကားတွေအားလုံးဟာ အရမ်းကြီးတော့လေးနက်စဉ်းစားစရာသိပ်မရှိခဲ့ပါဘူး။နာပိုလီနည်းပြ(အန်ဆယ်လော့တီ) ဆီက ဘာတွေလိုချင်လဲမေးခံခဲ့ရမှာတော့ သူ ကအတော်လေး ပြီးပြည့်စုံတဲ့အဖြေကိုပေးခဲ့ပါတယ်။
“ ဆံပင်ပေါ့ဗျ။ အက်ဂရီဆီကလည်းယူချင်ပါတယ်။ဘောလုံးလောကက သံသယလည်နေတာလေ။သူ့ရဲ ကစားသမားတွေအကြောင်းခင်ဗျားဆွေးနွေးမယ်ဆို ကောင်းမွန်တဲ့ တုံ့ပြန်ချက်သာခင်ဗျားပြန်ရပါလိမ့်မယ်။နည်းပြတစ်ယောက်အနေနဲ့သာမက လူသားတစ်ယောက်အနေဆီကပေါ့” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါဆိုရင် ဆရာပတ်ရဲ့မန်စီးတီးအသင်းဒီရာသီချန်ပီယံလိပ်မှာဘယ်လောက်ထိခရီးရောက်နိုင်မလဲ??
No comments
Powered by Blogger.