Header Ads


လီဗာပူးလ္အသင္းမွာခက္ခဲတဲ့အခ်ိန္ကာလတစ္ခုုကိုုျဖတ္သန္းေနရတယ္လိုု ့၀န္ခံလိုုက္တဲ့ရွာကြီရီ







Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဒီႏွစ္ေႏြရာသီမွာစတုုတ္စီးတီးကေန လီဗာပူးလ္အသင္းဆီေျပာင္းေရႊ ့ခဲ့ၿပီးေနာက္သူ ့ရဲ့ ဘ၀ဟာအန္ဖီးလ္မွာခက္ခဲလိမ့္မယ္ဆိုတာသူသိႏွင့္ၿပီးသားလိုု ့ရွာကြီရီက ဖြင့္ဟ၀န္ခံေျပာၾကားလိုက္ပါတယ္။

ဒါပင္မယ့္လည္းဆြစ္ေတာင္ပံကစားသမားကကေလာ့လက္ေအာက္မွာကစားရခ်ိန္နည္းပါးေနခဲ့ေသာ္လည္း လီဗာပူးလ္အသင္းမွာပိုုလိုု ့ေတာင္ေပ်ာ္ရႊင္ေနတယ္လိုု ့ေျပာၾကားခဲ့ပါေသးတယ္။

ရွာကြီရီဟာ စတုုတ္စီးတီးမွာရိွတဲ့စာခ်ဳပ္ဖ်က္သိမ္းေၾကးတိုင္း ေပါင္၁၃သန္းကို လီဗာပူးလ္အသင္းကေပးေခ်ကာေခၚယူခဲ့ၿပီး တိုုက္စစ္၃ေယာက္တြဲျဖစ္တဲ့ ဆာလာ၊ဖာမီနိုု နဲ ့မာေနးတိုု ့ကိုု တြန္းအားေပးေစလိုုေသာရည္ရြယ္ခ်က္ျဖင့္ ရွာကြီရီကိုေခၚယူခဲ့တာပဲျဖစ္ပါတယ္။ဘိုုင္ယန္နဲ ့စတုတ္စီးတီး တိုုက္စစ္ကစားသမားေဟာင္းဟာလီဗာပူးလ္အသင္းမွာပြဲကစားခ်ိန္သိပ္မရေသာ္လည္း နည္းျပကေလာ့အေနနဲ ့သူ ့ကိုု ေပ်ာ္ေအာင္ထားဖိုု ့မလိုုဘူးလို ့ေျပာၾကားခဲ့ပါေသးတယ္။

ဆြစ္သတင္းစာျဖစ္တဲ့ Aargauer Zeitung ကိုသူေျပာၾကားခဲ့တာကေတာ့ “  ကၽြန္ေတာ့္ကိုုေပ်ာ္ေအာင္ထားဖို ့မလိုုပါဘူး။လမ္းစဥ္က ကၽြန္ေတာ့္အတြက္ေကာင္းေကာင္းအလုပ္လုုပ္ေပးပါတယ္။ ပရိုုဖယ္ရွင္နယ္ကစားသမားတိုင္းကစားခ်င္ၾကပါတယ္။ကၽြန္ေတာ္လည္းတူတူပါပဲ။ေနာက္ထပ္လာမယ့္ပြဲေတြက်န္ပါေသးတယ္။




အခုုလက္ရိွအသင္းကိုု ထိပ္ဆံုုးမွာေရာက္ေနေအာင္လုုပ္ေဆာင္ခဲ့ၾကတဲ့လူေတြကိုေက်းဇူးတင္ရပါမယ္။လူေတြအကုုန္လံုုးက ဒီအရာအတြက္အေကာင္းဆံုုးလုုပ္ေဆာင္ခဲ့ၾကပါတယ္။
ဒါေၾကာင့္ အရာရာတိုင္းကတစ္ညထဲနဲ ့ေအာက္ကိုုထိုုးက်သြားတာမ်ိဳးမရိွနိုုင္ပါဘူး။ ဘာေတြျဖစ္ပ်က္ေနသလဲဆိုုတာကေတာ့ ကၽြန္ေတာ္ ေမ ွ်ာ္လင့္ထားတဲ့တိက်တဲ့အရာပါပဲ။ ကၽြန္ေတာ္လီဗာပူးလ္ဆီေျပာင္းေရႊ ့ရင္ကၽြန္ေတာ့္ဘ၀ကပိုၿပီး ခက္ခဲသြားလိမ့္မယ္ဆိုုတာ ေကာင္းေကာင္းသတိထားမိတာေတာင္ အန္ဖီးလ္ကိုုေျပာင္းဖို ့ဆံုးျဖတ္ခဲ့တာပါ။ဥပမာအေနနဲ ့ဆို လီဗာပူးလ္ထက္အျခားအသင္းကိုုေျပာင္းမယ္ဆို ကၽြန္ေတာ့္အတြက္လြယ္ကူေစႏိုုင္ပါတယ္။


ရွာကြီရီဟာ ဒီရာသီလီဗာပူးလ္အသင္းအတြက္ ပြဲသာပါ၀င္ကစားခဲ့ရၿပီး ပြဲသာ ပြဲထြက္ကစားသမားျဖစ္ပါ၀င္ခဲ့ရပါတယ္။ အသက္၂၇နွစ္အရြယ္ကြင္းလယ္တိုုက္စစ္ကစားသမားဟာ လီဗာပူးလ္အသင္းအတြက္ သူ ့ရဲ ့ပထမဆံုုးအဖြင့္ဂိုုးကိုု သြင္းယူေပးခဲ့ေသာ္လည္း ဒုုတိယပိုုင္းမွာ နည္းျပကေလာ့ရဲ ့လူစားလဲျခင္းခံရတဲ့ကစားသမားျဖစ္ခဲ့ပါတယ္။

(Unicode)

လီဗာပူးလ်အသင်းမှာခက်ခဲတဲ့အချိန်ကာလတစ်ခုကိုဖြတ်သန်းနေရတယ်လို့ဝန်ခံလိုက်တဲ့ရှာကွီရီ

ဒီနှစ်နွေရာသီမှာစတုတ်စီးတီးကနေ လီဗာပူးလ်အသင်းဆီပြောင်းရွှေ့ခဲ့ပြီးနောက်သူ့ရဲ့ ဘဝဟာအန်ဖီးလ်မှာခက်ခဲလိမ့်မယ်ဆိုတာသူသိနှင့်ပြီးသားလို့ရှာကွီရီက ဖွင့်ဟဝန်ခံပြောကြားလိုက်ပါတယ်။

ဒါပင်မယ့်လည်းဆွစ်တောင်ပံကစားသမားကကလော့လက်အောက်မှာကစားရချိန်နည်းပါးနေခဲ့သော်လည်း လီဗာပူးလ်အသင်းမှာပိုလို့တောင်ပျော်ရွှင်နေတယ်လို့ပြောကြားခဲ့ပါသေးတယ်။

ရှာကွီရီဟာ စတုတ်စီးတီးမှာရှိတဲ့စာချုပ်ဖျက်သိမ်းကြေးတိုင်း ပေါင်၁၃သန်းကို လီဗာပူးလ်အသင်းကပေးချေကာခေါ်ယူခဲ့ပြီး တိုက်စစ်၃ယောက်တွဲဖြစ်တဲ့ ဆာလာ၊ဖာမီနို နဲ့မာနေးတို့ကို တွန်းအားပေးစေလိုသောရည်ရွယ်ချက်ဖြင့် ရှာကွီရီကိုခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ဘိုင်ယန်နဲ့စတုတ်စီးတီး တိုက်စစ်ကစားသမားဟောင်းဟာလီဗာပူးလ်အသင်းမှာပွဲကစားချိန်သိပ်မရသော်လည်း နည်းပြကလော့အနေနဲ့သူ့ကို ပျော်အောင်ထားဖို့မလိုဘူးလို့ပြောကြားခဲ့ပါသေးတယ်။

ဆွစ်သတင်းစာဖြစ်တဲ့ Aargauer Zeitung ကိုသူပြောကြားခဲ့တာကတော့ “  ကျွန်တော့်ကိုပျော်အောင်ထားဖို့မလိုပါဘူး။လမ်းစဉ်က ကျွန်တော့်အတွက်ကောင်းကောင်းအလုပ်လုပ်ပေးပါတယ်။ ပရိုဖယ်ရှင်နယ်ကစားသမားတိုင်းကစားချင်ကြပါတယ်။ကျွန်တော်လည်းတူတူပါပဲ။နောက်ထပ်လာမယ့်ပွဲတွေကျန်ပါသေးတယ်။”

“ အခုလက်ရှိအသင်းကို ထိပ်ဆုံးမှာရောက်နေအောင်လုပ်ဆောင်ခဲ့ကြတဲ့လူတွေကိုကျေးဇူးတင်ရပါမယ်။လူတွေအကုန်လုံးက ဒီအရာအတွက်အကောင်းဆုံးလုပ်ဆောင်ခဲ့ကြပါတယ်။”
“ဒါကြောင့် အရာရာတိုင်းကတစ်ညထဲနဲ့အောက်ကိုထိုးကျသွားတာမျိုးမရှိနိုင်ပါဘူး။ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကတော့ ကျွန်တော် မေ ျှာ်လင့်ထားတဲ့တိကျတဲ့အရာပါပဲ။ ကျွန်တော်လီဗာပူးလ်ဆီပြောင်းရွှေ့ရင်ကျွန်တော့်ဘဝကပိုပြီး ခက်ခဲသွားလိမ့်မယ်ဆိုတာ ကောင်းကောင်းသတိထားမိတာတောင် အန်ဖီးလ်ကိုပြောင်းဖို့ဆုံးဖြတ်ခဲ့တာပါ။ဥပမာအနေနဲ့ဆို လီဗာပူးလ်ထက်အခြားအသင်းကိုပြောင်းမယ်ဆို ကျွန်တော့်အတွက်လွယ်ကူစေနိုင်ပါတယ်။”

ရှာကွီရီဟာ ဒီရာသီလီဗာပူးလ်အသင်းအတွက် ၄ပွဲသာပါဝင်ကစားခဲ့ရပြီး ၂ပွဲသာ ပွဲထွက်ကစားသမားဖြစ်ပါဝင်ခဲ့ရပါတယ်။ အသက်၂၇နှစ်အရွယ်ကွင်းလယ်တိုက်စစ်ကစားသမားဟာ လီဗာပူးလ်အသင်းအတွက် သူ့ရဲ့ပထမဆုံးအဖွင့်ဂိုးကို သွင်းယူပေးခဲ့သော်လည်း ဒုတိယပိုင်းမှာ နည်းပြကလော့ရဲ့လူစားလဲခြင်းခံရတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။

No comments

Powered by Blogger.