Header Ads


ဗုဒ္ဓဟူးနေ့ နံနက်ခင်းဟော့အဖြစ်ဆုံးနောက်ဆုံးရဘောလုံးသတင်းတိုများ

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။





မနေ့ ညကကစားခဲ့တဲ့ ဘယ်လ်ဂျီယံ - နယ်သာလန် တို့ ရဲ UEFA Nation League ပွဲမှာ ခြေစွမ်းပြကစားခဲ့တဲ့ ဘယ်လ်ဂျီယံစတားဟာဇက်ကို နယ်သာလန်နောက်ခံလူ ဒီလိုက်က ဟာဇက်ဟာ ကမ္ဘာ့ အပြင်ဘက်က ကစားသမား(ဂြိုလ်သား)တစ်ယောက်လို့ ချီးကျူးပြောကြားလိုက်ပါတယ်။













(Unicode)



ချဲလ်ဆီးကွင်းလယ်လူဖာဘရီဂတ်စ်ဟာ ပရီးမီးယားလိပ်မှာ ၂၉၃ ပွဲဖြင့် ဂိုးပေါင်း၁၀၀ ပံပိုးမှုပြုလုပ်နိုင်ခဲ့တာကြောင့် ကမ္ဘာ့ဂရင်းနစ်စံချိန်ဆုကို ရရှိခဲ့ပြီး သူဟာ ပွဲပေါင်း ၂၉၃ပွဲဖြင့် ဂိုးပေါင်း၁၀၀ အထိအမြန်ဆုံးပံပိုးမှုပြုလုပ်နိုင်တဲ့သူအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။



မနေ့ညကကစားခဲ့တဲ့ ဘယ်လ်ဂျီယံ ၁-၁ နယ်သာလန် တို့ရဲ့UEFA Nation League ပွဲမှာ ခြေစွမ်းပြကစားခဲ့တဲ့ ဘယ်လ်ဂျီယံစတားဟာဇက်ကို နယ်သာလန်နောက်ခံလူ ဒီလိုက်က ဟာဇက်ဟာ ကမ္ဘာ့အပြင်ဘက်က ကစားသမား(ဂြိုလ်သား)တစ်ယောက်လို့ချီးကျူးပြောကြားလိုက်ပါတယ်။



 Guiena အသင်းအတွက် ကစားပေးရင်ဒဏ်ရာရခဲ့တဲ့ လီဗာပူးလ်ကွင်းလယ်လူ ကီတာဟာ ဆေးစစ်ဆေး စကန်ဖတ်ကြည့်ဖို့လုပ်ဆောင်နေတယ်လို့သိရပါတယ်။



ယူနိုက်တက်ဂန္တဝင်ကစားသမားပေါလ်စခိုးလ်က ဆန်းချက်စ်လို ကစားသမားမျိုးဟာ ယူနိုက်တက်လိုအသင်းနဲ့အဆင်မပြေတဲ့ ကစားသမားဖြစ်ပြီး အသင်းရဲ့လက်ရှိအခြေအနေအရ မက်ဆီသာ လာကစားရင်လည်းရုန်းကန်နေရနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။



ထိုင်နိုင်ငံရဲ့လှိုင်ဂူထဲမှာ ၁၈ရက်ကြာပိတ်မိနေပြီးမှ ပြန်လည်လွှတ်မြောက်လာတဲ့ ထိုင်လူငယ်ကလေးတွေကို LA Galaxy တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကအစီအစဉ်တစ်ခု မှာတွေ့ဆုံခဲ့ပြီး သူတို့လေးတွေဟာ ကျွန်တော့်ထက်ပိုမိုရဲရင့်ကြတယ်လို့ချီးကျူးပြောကြားခဲ့ပါတယ်။



ဗီးဂတ်စ်ရဲဌာနဲ့တွေ့ဆုံဆွေးနွေးပြီးနောက် ရိုနယ်ဒိုရဲ့ရှေ့နေပီတာခရစ်စတန်ဆန်က သူ့ရဲ့အမှုသည် မဒိန်းမှုနဲ့စွတ်စွဲခံထားရတဲ့ ရိုနယ်ဒိုဟာ အမှုကနေ ကွင်းလုံးကျွတ်လွတ်မြောက်နိုင်တယ်လို့ယုံကြည်နေကြောင်းသိရပါတယ်။



No comments

Powered by Blogger.