Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
မဒိန်းမှုအတွက်စွပ်စွဲခံနေရတဲ့ရိုနယ်ဒိုကိုထောက်ခံအားပေးဖို့ကမ်ပိန်းတစ်ခုစတင်စီစဉ်ခဲ့ကြတဲ့ ရိုနယ်ဒိုအမေနဲ့အစ်မ
ရိုနယ်လ်ဒိုရဲ့မိခင် Dolores Aveiro က သူသားအတွက်တရားမျှတမှုရရှိအောင် နှင့်သူရဲ့အစ်မ Katia Aveiroက သူရဲ့မောင်ဖြစ်သူနှင့်အတူ ပရိသတ်တွေ တူတူရှိနေပေးဖို့ လူမှုကွန်ရက်မှ တဆင့် တောင်းဆိုလိုက်ပါ။
ရိုနယ်လ်ဒိုရဲ့မိခင်က အဆိုပါ ကမ်ပိန်းကို စတင်ခဲ့ပြီး သူသားရဲ့ဘဝကို အလင်းပေးဖော်ဆောင်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ရိုနယ်လ်ဒိုကိုအမေရိကန်နိုင်ငံသူ Kathryn Mayorgaက ၂၀၀၉ခုနှစ်က မုဒိန်းပြုကျင့်ခဲ့တဲ့လို့ အမှုပြန်လည်ဖွင့်တိုင်ကြားထားပါတယ်။
ပေါ်တူဂီတိုက်စစ်မှုးရဲ့ညီမဖြစ်သူ Katia Aveiroက သူရဲ့လူမှုကွန်ရက် မှ တဆင့် သူမောင်ဖြစ်သူရိုနယ်လ်ဒိုနှင့်အတူရှိကြောင်းကိုဖော်ပြကာ ကမ်ပိန်းကိုစတင်လိုက်ပါတယ်။သူက ရိုနယ်လ်ဒိုရဲ့ပုံရိပ်ကို စူပါမန်းအင်္ကျီဝတ်ဆင်ကာ ခေါင်းစဉ်နှစ်ခုနှင့် သူရဲ့လူမှုကွန်ရက်မှာ  တင်ခဲ့ပါတယ်။
ပထမစာကြောင်းက"ရိုနယ်လ်ဒို မင်းနဲ့အတူအဆုံးထိတိုင်ရပ်တည်နေမှာပါ" ပဲဖြစ်ပါတယ်။ ဒုတိယအကြောင်းက Aveiraက သူရဲ့followerတွေကို ရိုနယ်လ်ဒိုရဲ့ ပုံကို Profileပုံပြောင်းလဲက တူတူထောက်ခံဖို့ တိုက်တွန်းထားပါတယ်။
"ကျွန်မရဲ့ မိတ်ဆွေတွေကို ပြောချင်တာက သူရဲ့ပုံကိုပြောင်းထားပြီး သူနှင့်အတူရှိနေတယ်ဆိုတာမြင်ချင်မိပါတယ်။ပေါ်တူဂီသားတို့ သူအတွက် ဒီမှာရှိတဲ့လူတွေအားလုံးအတွက် တရားမျှတမှုတွေကို သူကိုရစေချင်ပါတယ်။"
အဆိုပါ ပို့စ်က လူမှုကွန်ရက်မှာသတိထားပြီး ပျံနှံ့နေခဲ့ပြီး ရိုနယ်လ်ဒိုရဲ့ ဆံပင်ဒီဇိုင်နာ Jose Miguel က ပါအဆိုပါပို့စ်ကိုတင်ခဲ့ပြီးနောက်လူမှုကွန်ရက်ပေါ်မှာ ရိုနယ်လ်ဒိုရဲ့ပုံကို Profileအဖြစ်အများအပြားပြောင်းခဲ့ကြပါတယ်။
Aveiroက ရိုနယ်လ်ဒိုကို အကြီးအကျယ်ကာကွယ်သူလည်းဖြစ်ပါတယ်။အခွင့်အရေးတော်တော်များကိုလည်းသူရရှိခဲ့ပါတယ်။သူရဲ့ အသံကိုကျယ်လောင်စွာလုပ်ပြိးရိုနယ်လ်ဒိုနှင့်အတူရပ်တည်နေပါတယ်။ဗလင်စီယာအသင်းနှင့်ပွဲစဉ်တုန်းကရိုနယ်လ်ဒို အနီကဒ်ပြသခံရစဉ်ကလည်း သူမောင်နှင့်အတူရှိကြောင်းလူမှုကွန်ရက်မှတဆင့် ပြသခဲ့ပါတယ်။.
"ဘောလုံးလောကအတွက်ရှက်စရာပါ။ဒီမှာတရားမျှတဖို့လိုတယ်။သူတို့ကကျွန်မမောင်ကိုဖျက်ဆီးနေကြတာ ဒါပေမယ့်ဘုရားကတော့ဘယ်တော့မှ ငြိမ်နေမှာမဟုတ်ပါဘူး။ရှက်စရာသိပ်ကောင်းတယ်လို"့ရေးသားခဲ့ပါသေးတယ်။ 
No comments
Powered by Blogger.