Header Ads


တနလာၤေန့ ဟော့အဖြစ်ဆုံးနောက်ဆုံးရဘောလုံးသတင်းတိုများစုစည်းမှု


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။




















(Unicode)

လီဗာပူးလ်နောက်ခံလူဟောင်းကာရေဂါက လက်ရှိလီဗာပူးလ်အသင်းမှာ ဖန်တီးမှုအားကောင်းတဲ့ နံပါတ်၁၀ ကစားသမားတစ်ယောက်လိုအပ်နေတယ်လို့ထောက်ပြပြောဆိုခဲ့ပါတယ်။

လီဗာပူးလ်နည်းပြဂျာဂန်ကလော့က အိမ်ကွင်းမှာမန်စီးတီးအသင်းကို သရေကျခဲ့သော်လည်း သူတို့အသင်းသားတွေ ရဲ့ အားထုတ်ကြိုးပမ်းမှုနဲ့ ပတ်သတ်ပြီးကျေနပ်အားရကြောင်းပြောကြားလိုက်ပါတယ်။

လိုင်ယွန်အသင်းကို ၅-၀ ဖြင့်အနိုင်ရတဲ့ပွဲမှာ ၁၃ မိနစ်အတွင်း ၄ဂိုးသွင်းယူခဲ့တဲ့ PSG ကစားသမားအမ်ဘာပေးကို အသင်းဖော် နေမာက သူ့ရဲ့ ၇နှစ်အရွယ်သားဟာ ဘာပေးကို အလွန်ကြိုက်နှစ်သက်တဲ့ပရိတ်သတ်တစ်ယောက်လို့ဆိုလိုက်ပါတယ်။

ယူနိုက်တက်နောက်ခံလူ လုခ်ရှောက နယူးကားဆယ်အသင်းကို ၂-၀ ဖြင့်ရှုံးနိမ့်နေပြီးမှ ၃-၂ ဖြင့်အနိုင်ရခဲ့တဲ့ပွဲမှာ ပထမပိုင်းအဝတ်လဲခန်းထဲအတွင်း နည်းပြမော်ရင်ဟိုဟာ စိတ်ဓာတ်တက်ကြွစေမယ့် စကားလုံးတွေနဲ့  နိုင်ပွဲပြန်ရဖို့ပြောကြားခဲ့တယ်လို့ဖွင့်ဟဝန်ခံခဲ့ပါတယ်။

မန်စီးတီးတောင်ပံကစားသမား မာရက်ဇ်ဟာ လီဗာပူးအသင်းကို ဂိုးမရှိသရေကျတဲ့ပွဲမှာ ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပါတယ်။ အသင်းဖော် နောက်ခံလူစတုန်းက အဆိုပါပယ်နယ်တီရရှိတဲ့အတွက်အရမ်းပျော်နေပြီး အောင်ပွဲခံဖို့အဆင်သင့်ဖြစ်နေတယ်လို့ဝန်ခံပြောကြားခဲ့ပြီး မာရက်ဇ်တစ်ယောက် လွဲချော်သွားခဲ့တဲ့အတွက် မာရက်ဇ်ကိုယ်တိုင်စိတ်အားငယ်သွားခဲ့ကြောင်း၊ မာရက်ဇ်နေရာမှာဆိုလည်း သူ ဆို အဲ့လိုဖြစ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းကို ၅-၁ ဖြင့်ခြေစွမ်းပြအနိုင်ယူခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ ဒီထက်တောင်ပိုကောင်းလာနိုင်သေးတယ်လို့နည်းပြအမ်မရီကပြောကြားလိုက်ပါတယ်။

ယူနိုက်တက်တိုက်စစ်မှူး လူကာကူကအသင်းဖော်တောင်ပံကစားသမား ဆန်းချက်စ်ဟာ အသင်းအတွက် နိုင်ပွဲရရှိတဲ့အခိုက်အတန့်တွေမှာ ထိုက်တန်တဲ့သူတစ်ယောက်လို့ချီးကျူးပြောဆိုသွားပါတယ်။

No comments

Powered by Blogger.